What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 14 June 2020 17:27

ဘေဂျင်းမြို့တော်မှာ COVID-19 ကူးစက်မှုကြောင့် ရပ်ကွက် ၁၁ ခု အပြင်မထွက်ရ အမိန့်ထုတ်

ဗိုင်းရပ်စ်ကူးစက်မှုတွေ မရှိတာ ရက်ပေါင်း ၅၀ ကျော် ရှိလာခဲ့တဲ့ ဘေဂျင်းမြို့အတွက်

အခုလို ဗိုင်းရပ်စ်ကူးစက်မှုတွေ ထပ်ဖြစ်လာတာကြောင့် ကန့်သတ်မှုတွေကို ပြန်လုပ်လာနေပြီး ဇွန် ၁၅ ရက်မှာ ၁ တန်းကနေ ၃ တန်းအထိ ကျောင်းတွေ ပြန်ဖွင့်ဖို့ လုပ်ထားတာကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က ကုန်ပစ္စည်း လက်ကားရောင်းချတဲ့ ဈေးတခုမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ အသစ်တွေ့ရှိလာတဲ့အတွက် အဲဒီနားက လူနေရပ်ကွက် ၁၁ ခုကို အပြင်မထွက်ရအမိန့် ထုတ်လိုက်သလို ဘေဂျင်းမြို့ကိုလည်း ခရီးသွားတွေ မလာဖို့ တားမြစ်လိုက်ပါတယ်။

Xinfadi ဈေးက အလုပ်သမား ၄၅ ယောက်မှာ ရောဂါလက္ခဏာ မပြပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့ ပြောတာပါ။

ဒါကြောင့် ဗိုင်းရပ်စ်ကူးစက်မှုတွေ နောက်ထပ် ထပ်ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် အာဏာပိုင်တွေက ဘေဂျင်းမြို့ အဲဒီခရိုင်မှာ စစ်အတွင်း အရေးပေါ်အခြေအနေ ကြေညာသလိုမျိုး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ခရိုင်တာဝန်ရှိသူတဦးက ပြောပါတယ်။

COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ ၇ ယောက်ဟာ အဲဒီ Xinfadi ဈေးကို သွားခဲ့တယ်လို့ သောကြာနေ့က အတည်ပြုခဲ့ကြောင်း ဘေဂျင်းမြို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပိတ်ခံလိုက်ရတဲ့ လူနေရပ်ကွက် ၁၁ ခုက လူတွေအတွက် အစားအစာနဲ့ နေ့စဉ်လိုအပ်တဲ့ အရာတွေကို ဝယ်ဖို့အတွက် ကွန်မြူနစ်ပါတီဝင်တွေနဲ့ တခြား စေတနာ့ဝန်ထမ်းတွေက စီစဉ်လုပ်ဆောင်ပေးနေတယ်လို့ ဘေဂျင်း သတင်းစာတစောင်က သူတို့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဘေဂျင်းမြို့အနေနဲ့ အားကစားပြိုင်ပွဲတွေနဲ့ ပြည်နယ်တခုကနေတခု ခရီးသွားလာမှုတွေကို ချက်ချင်းရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။

Read times Last modified on Sunday, 14 June 2020 17:29
Rate this item
(0 votes)