What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 11 April 2020 11:18

ဥရောပမှ တစ်မူထူးသော လော့ဒေါင်းချပုံများ

COVID.png

 

မမြင်ရတဲ့ ရန်သူ ကိုဗစ်ကို ကမ္ဘာ့စစ်ပွဲအသွင်ဖြင့် တိုက်ပွဲတွေ ဆင်နွှဲနေကြတာမှာ အဆင့်တစ်ခုမှာ လော့ဒေါင်းချပြီး ပျံ့နှံ့ကူးစက်ခြင်းကို တားဆီးကြတယ်။ အဲဒီလို လော့ဒေါင်းချတာမှာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို တစ်မူထူးတဲ့ နည်းလမ်းတွေကို ကြံစည်ပြဋ္ဌာန်းကြတယ်။

 

၁) ပနားမား

အတည်ပြုလူနာ ၁၀၀၀ နီးပါး ရောက်ရှိလာချိန်မှာ တင်းကျပ်တဲ့ ကွာရင်တိုင်းကို ကြေညာလိုက်တယ်။ လိင်အမျိုးအစားအရ ပြဋ္ဌာန်းတယ်။ အမျိုးသမီးနဲ့ အမျိုးသားတို့ သူတို့ရဲ့ အိမ်မှ အပြင်သို့ ၂ နာရီ သွားလာခွင့် ရှိတာမှာ အမျိုးသားများ ထွက်တဲ့နေ့၊ အမျိုးသမီးများထွက်တဲ့နေ့ တစ်လှည့်စီ ဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ အမျိုးသားရော အမျိုးသမီးရော အပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်။

 

၂) ကိုဘံဘီယာ

ကိုလံဘီယာနိုင်ငံမှ မြို့အချို့မှာ လူတွေကို အပြင်ထွက်ခွင့် ပေးတာမှာ နိုင်ငံသားကတ်ရဲ့ နောက်ဆုံးဂဏန်းဖြင့် သတ်မှတ်ပေးတယ်။ ဥပမာ ဘာရန်ကဘာမီဂျာ Barrancabermeja မြို့မှာ ၀ ၊ ၇ ၊ ၄ တို့ဖြင့် အဆုံးသတ်တဲ့ နိုင်ငံသားကတ်ပိုင်ရှင်တွေ တနင်္လာနေ့မှာ အိမ်ပြင်ထွက်ခွင့် ရှိတယ်။ ၁ ၊ ၈ ၊ ၅ တို့ဖြင့် အဆုံးသတ်တဲ့ နိုင်ငံသားကတ်ပိုင်ရှင်တွေ အင်္ဂါနေ့မှာ အိမ်ပြင်ထွက်ခွင့် ရှိတယ်။ ကျန်တဲ့ဂဏန်းတွေက ဗုဒ္ဓဟူးနေ့မှာ ထွက်ခွင့် ရကြတယ်။ အဲဒီအတိုင်း တစ်လှည့်စီ တစ်နေ့ပြီးတစ်နေ့ ခွင့်ပြုပေးထားတယ်။

 

၃) ဘိုလီဗီယာ

ကိုလံဘီယာမှာ ဖော်ပြခဲ့တဲ့ နည်းဖြင့် အပြင်ထွက်ခွင့် ပြုပေးတယ်။

 

၄) ဆာဘီရာ

လော့ဒေါင်းချထားတဲ့ကာလမှာ အစိုးရက သက်ညှာသောအားဖြင့် ခွေးလမ်းလျှောက်ချိန်ဆိုပြီး ည ၈ နာရီမှ ၉ နာရီ တစ်နာရီ ခွေးနဲ့အတူ အပြင်ထွက်ခွင့် ပေးတယ်။ နောက်တော့ ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်။ အိမ်မှာ ခွေးမရှိတဲ့ အိမ်ထောင်စုတွေ အိမ်ပြင်ထွက်ခွင့် မရကြလို့ မမျှတတာကြောင့်လို့ ဆိုတယ်။

 

၅)ဘီလာရပ်စ်

Social distancing ဝေးလေကောင်းလေ လူချင်း ခပ်ခွာခွာနေဆိုတဲ့ မူကို နိုင်ငံအများအပြားတို့မှာ ကျင့်သုံးနေကြပေမဲ့ ဘီလာရပ်စ်မှာတော့ မကျင့်သုံးဘူး။ သမ္မတ အဲလက်ဇန်းဒါး လူကာရှင်ကို (Alexander Lukashenko) ရဲ့ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပျံ့နှံ့ကူးစက်မှုအပေါ် ထားရှိတဲ့ အမြင်က အခြားသူတို့ ပါးစပ် အဟောင်းသား ဖြစ်သွားကြရတယ်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်တာကို ထိန်းချုပ်ဖို့ ပြောဆိုတဲ့အခါ သူက ရယ်မောတယ်။ ဗိုင်းရပ်စတွေ လေထဲ ဝံပျံနေတာကို သူ မတွေ့ပါဘူးတဲ့။ အားကစားရုံအတွင်း ကျင်းပတဲ့ ရေခဲပြင်ဟောကီပွဲကို သူ တက်ရောက်တယ်။ လူတွေ ပြည့်ကျပ်နေတဲ့အထဲမှာ သူ ထိုင်တယ်။

 

အားကစားရုံရဲ့ အအေးဓာတ်က ဗိုင်းရပ်စ်တွေ မပျံ့နှံ့နိုင်အောင် ကာကွယ်ပေးတယ်လို့ တီဗီသတင်းထောက်တစ်ဦးကို သူက ရှင်းပြတယ်။ ဗိုင်းရပ်စ်ကု သာမန်မျက်စိဖြင့် မမြင်နိုင်တာ အမှန်ပါပဲ။ တခြားဥရောပနိုင်ငံတွေလို ဘီလာရပ်စ်မှာ အားကစားပွဲ ကျင်းပတာကို ပိတ်ပင်ခြင်းကို ဆောင်ရွက်ခြင်း မရှိဘူး။ “ဒီမှာ ဘာဗိုင်းရပ်စ်မှ မရှိဘူး။ လေထဲ ဝဲပျံနေတာ မတွေ့ကြပါဘူး။ ခင်ဗျား တွေ့လား။ မြင်လား။ ကျွန်တော်လည်း မတွေ့ဘူး။ ဒီမှာ ရေခဲသေတ္တာလို ဖြစ်နေတယ်။ အားကစား အထူးသဖြင့် ရေခဲပြင်ပေါ် ကစားရတဲ့ဟာမျိုးတွေဟာ ဗိုင်းရပ်စ်ဆန့်ကျင် ကုသမှုအတွက် အကောင်းဆုံးပဲ” လို့ သူက ပြောတယ်။

 

သူက အကြံပေးတယ်။ ဗေါ့ဒါအရက်ကို မှန်မှန်သောက်၊ ရေနွေးငွေ့ ချွေးထုတ်ခန်းကို မှန်မှန်သွား၊ အဲဒီလိုဆိုရင် ဗိုင်းရပ်စ် အနားမသီနိုင်ဘူးတဲ့။

 

HPD.png

 

၆) ဆွီဒင်

အိမ်နီးနားချင်း နိုင်ငံတွေနဲ့ မတူကွာခြားတာက လော့ဒေါင်းကို မတင်းကျပ်ဘူး။ နိုင်ငံအတွင်းမှာ အတည်ပြုလူနာ ၄၅၀၀ ဦး နီးပါး ရှိနေပြီ ဖြစ်ပေမဲ့ ပြည်သူလူထုက အသိတရားဖြင့် ပြုမူကြလိမ့်မယ်လို့ အစိုးရက မျှော်လင့်ထားတယ်။ လူထုကို အစိုးရက စိတ်ချထားတယ်။ လူ ၅၀ ဦးထက်ပိုတဲ့ စုရုံးမှုတွေကို ပိတ်ပင်ထားပေမဲ့ အသက် ၁၆ နှစ်အောက် ကျောင်းသူကျောင်းသားတွေ တက်ရောက်တဲ့ ကျောင်းတွေကို ဖွင့်ထားဆဲ ဖြစ်ပါတယ်။

 

၇) သြစတီးယား

World Health Organization ရဲ့ တလွဲ အကြံပေးချက်တွေကို မယုံကြည် မလိုက်နာခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ မတ်စ်တွေကို လူကောင်းတွေ ဝတ်ဖို့ မလိုဘူး။ နေမကောင်းတဲ့သူတွေသာ ဝတ်ဆင်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မှားယွင်းစွာ အကြံပြုခဲ့တယ်။ သြစတီးယားက အပြင်ထွက်သူတိုင်း မတ်စ် မဖြစ်မနေ ဝတ်ဆင်ဖို့ ပြဋ္ဌာန်းခဲ့တယ်။ မတ်စ မဝတ်ဆင်ထားရင် စူပါမားကက်ထဲ ဝင်ခွင့်မပေးတာမျိုး လုပ်ဆောင်တယ်။ မတ်စ်တွေ သန်းချီတဲ့ အရေအတွက်ဖြင့် ပြည်သူလူထုကို ဝေပေးတယ်။

 

အာရှမှာ မတ်စ်ဝတ်ကြပေမဲ့ အနောက်နိုင်ငံတွေမှာ မတ်စ်ဝတ်ဆင်တာကို ရန်လိုတဲ့ သဘောထား ထားရှိခဲ့ကြတယ်။ သြစတီးယားဟာ မတ်စ် ဝတ်ခိုင်းတဲ့ ဥရောပနိုင်ငံတွေမှာ စတုတ္ထမြောက် နိုင်ငံဖြစ်ပါတယ်။ ကာလစဉ်အတိုင်း တင်ပြရရင် ချက်ရီပတ်ဘလစ်၊ စလိုဗက်ကီယားနဲ့ ဟာဇီဂိုဗီနာ နိုင်ငံတွေမှာ မတ်စ် ဝတ်ဆင်ကြဖို့ ပြဋ္ဌာန်းခဲ့ပြီးမှ သြစတီးယားမှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

 

ကိုးကား ဘီဘီစီ

Read times
Rate this item
(0 votes)