What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 11 February 2020 20:11

(၁၁-၂-၂၀၂၀ ရက်နေ့၊ ည (၈:၀၀) နာရီ 2019 Novel Coronavirus လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စန်တုန်မြို့မှ (၇-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၁၁-၂-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်လာသဖြင့် တောင်သာမြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုများပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲ နမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် အခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။ 

 

၃။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့မှ (၁-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်မှ အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် (၄-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းတို့ ခံစားခဲ့ရပြီး (၁၁-၂-၂၀၂၀) ရက်နေ့တွင် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ စောင့်ကြပ်ကြည့်ရှုကုသမှုများပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပါသည်။ အဆိုပါလူနာ အား စစ်ဆေးရာတွင် အခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ ရှိရပါ။ 

 

၄။ စင်္ကာပူနိုင်ငံမှ (၅-၂-၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး စင်္ကာပူနိုင်ငံမှ 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာ (၁) ဦးနှင့် စင်္ကာပူနိုင်ငံတွင် နေထိုင်ခဲ့စဉ်က အနီးကပ်ထိတွေ့ခဲ့သည့် အသက် (၂၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးအား (၁၀-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် စောင့်ကြပ် ကြည့်ရှုကုသပေးလျက်ရှိရာ အဆိုပါလူနာသည် (၁၁-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန် အထိ စစ်ဆေးခြင်းများအရ ကိုယ်အပူချိန် (၉၉ ဒီဂရီဖာရင်ဟိုက်) ရှိပြီး အခြား ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာလက္ခဏာများ မတွေ့ရှိရဘဲ သက်သာကောင်းမွန်လျက်ရှိပါသည်။ ၎င်းထံမှ ဓာတ်ခွဲနမူနအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးထားရှိပါသည်။ 

 

၅။ ယနေ့ (၁၁-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရရှိသော ဓာတ်ခွဲအဖြေများအရ သံသယလူနာ (၁) ဦးနှင့် စောင့်ကြည့်လူနာ (၅) ဦးတို့တွင် 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုးမရှိ ကြောင်း သိရှိရသဖြင့် အဆိုပါလူနာများအား အသေးစိတ်စစ်ဆေးပြီး သက်ဆိုင်ရာဆေးရုံများမှပေးဆင်းရန် ပြင်ဆင်ထားရှိကာ ဆေးရုံဆင်းပြီးနောက်လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသေးစိတ်မှာကြားခြင်းများအား ဆောင်ရွက်ထားရှိပါသည်။ ၎င်းတို့အနက်မှ ဝေဘာဂီအထူးကုဆေးရုံမှ စောင့်ကြည့်လူနာ (၁) ဦး အား ယနေ့ နေ့လယ်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

၆။ သို့ဖြစ်ပါ၍ ယနေ့ (၁၁-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်အထိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် စောင့်ကြည့်လူနာ (၁၆) ဉီးတို့အား သက်ဆိုင်ရာဆေးရုံများ၌ ဆက်လက် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါ သည်။

 

(Zawgyi)

-----------

(၁၁-၂-၂၀၂၀ ရက္ေန႕၊ ည (၈:၀၀) နာရီ 2019 Novel Coronavirus လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

 

 

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံႏွင့္ ကမာၻ႔နိုင္ငံအခ်ိဳ႕ တြင္ ကူးစက္ပ်ံ့ႏွံ႕လ်က္ရွိသည့္ 2019-nCoV လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူ လူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

 

၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံ၊ စန္တုန္ၿမိဳ႕မွ (၇-၂-၂၀၂၀) ရက္ေန႕တြင္ ျမန္မာနိုင္ငံသို႔ျပန္လည္ေရာက္ရွိခဲ့ေသာ မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္မွ အသက္ (၃၈) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ (၁၁-၂-၂၀၂၀) ရက္ေန႕တြင္ ကိုယ္အပူခ်ိန္ျမင့္တက္လာသျဖင့္ ေတာင္သာၿမိဳ႕နယ္ျပည္သူ႕ေဆး႐ုံတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈမ်ားေပးလ်က္ရွိၿပီး ၎ထံမွ ဓာတ္ခြဲ နမူနာအား ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫႊန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးသြားမည္ျဖစ္ပါသည္။ အဆိုပါလူနာအား စစ္ေဆးရာတြင္ အျခားျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား မေတြ႕ရွိရပါ။ 

 

၃။ တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံ၊ ဂ်ယ္ေခါင္ၿမိဳ႕မွ (၁-၂-၂၀၂၀) ရက္ေန႕တြင္ ျမန္မာနိုင္ငံသို႔ ျပန္လည္ေရာက္ရွိခဲ့ေသာ မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နယ္မွ အသက္ (၂၁) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ (၄-၂-၂၀၂၀) ရက္ေန႕မွစတင္၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းတို႔ ခံစားခဲ့ရၿပီး (၁၁-၂-၂၀၂၀) ရက္ေန႕တြင္ မိုးကုတ္ၿမိဳ႕နယ္ျပည္သူ႕ေဆး႐ုံသို႔ လာေရာက္ျပသခဲ့ရာ ေစာင့္ၾကည့္ လူနာအျဖစ္သတ္မွတ္၍ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈမ်ားေပးလ်က္ရွိၿပီး ၎ထံမွ ဓာတ္ခြဲနမူနာအား ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫႊန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးသြားမည္ျဖစ္ပါသည္။ အဆိုပါလူနာ အား စစ္ေဆးရာတြင္ အျခားျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား မေတြ႕ ရွိရပါ။ 

 

၄။ စကၤာပူနိုင္ငံမွ (၅-၂-၂၀၂၀)ရက္ေန႕တြင္ ျမန္မာနိုင္ငံသို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီး စကၤာပူနိုင္ငံမွ 2019 Novel Coronavirus (2019-nCoV) ဓာတ္ခြဲအတည္ျပဳလူနာ (၁) ဦးႏွင့္ စကၤာပူနိုင္ငံတြင္ ေနထိုင္ခဲ့စဥ္က အနီးကပ္ထိေတြ႕ခဲ့သည့္ အသက္ (၂၉) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးအား (၁၀-၂-၂၀၂၀) ရက္ေန႕၊ နံနက္ပိုင္းမွစတင္၍ ေဝဘာဂီအထူးကုေဆး႐ုံတြင္ ေစာင့္ၾကည့္လူနာအျဖစ္ ေစာင့္ၾကပ္ ၾကည့္ရႈကုသေပးလ်က္ရွိရာ အဆိုပါလူနာသည္ (၁၁-၂-၂၀၂၀) ရက္ေန႕၊ ညေန (၆:၀၀) နာရီအခ်ိန္ အထိ စစ္ေဆးျခင္းမ်ားအရ ကိုယ္အပူခ်ိန္ (၉၉ ဒီဂရီဖာရင္ဟိုက္) ရွိၿပီး အျခား ျပင္းထန္အသက္ရႉ လမ္းေၾကာင္းဆိုင္ရာလကၡဏာမ်ား မေတြ႕ရွိရဘဲ သက္သာေကာင္းမြန္လ်က္ရွိပါသည္။ ၎ထံမွ ဓာတ္ခြဲနမူနအား ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫြန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးထားရွိပါသည္။ 

 

၅။ ယေန႕ (၁၁-၂-၂၀၂၀) ရက္ေန႕၊ နံနက္ပိုင္းတြင္ ရရွိေသာ ဓာတ္ခြဲအေျဖမ်ားအရ သံသယလူနာ (၁) ဦးႏွင့္ ေစာင့္ၾကည့္လူနာ (၅) ဦးတို႔တြင္ 2019 Novel Coronavirus ဗိုင္းရပ္(စ္) ေရာဂါပိုးမရွိ ေၾကာင္း သိရွိရသျဖင့္ အဆိုပါလူနာမ်ားအား အေသးစိတ္စစ္ေဆးၿပီး သက္ဆိုင္ရာေဆး႐ုံမ်ားမွေပးဆင္းရန္ ျပင္ဆင္ထားရွိကာ ေဆး႐ုံဆင္းၿပီးေနာက္လိုက္နာေဆာင္႐ြက္ရမည့္ အခ်က္မ်ားကို အေသးစိတ္မွာၾကားျခင္းမ်ားအား ေဆာင္႐ြက္ထားရွိပါသည္။ ၎တို႔အနက္မွ ေဝဘာဂီအထူးကုေဆး႐ုံမွ ေစာင့္ၾကည့္လူနာ (၁) ဦး အား ယေန႕ ေန႕လယ္ပိုင္းတြင္ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ပါသည္။

 

၆။ သို႔ျဖစ္ပါ၍ ယေန႕ (၁၁-၂-၂၀၂၀) ရက္ေန႕၊ ညေန (၆:၀၀) နာရီအခ်ိန္အထိ တိုင္းေဒသႀကီး/ ျပည္နယ္အသီးသီးတြင္ ေစာင့္ၾကည့္လူနာ (၁၆) ဉီးတို႔အား သက္ဆိုင္ရာေဆး႐ုံမ်ား၌ ဆက္လက္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိၿပီး ၎တို႔၏ က်န္းမာေရးအေျခအေနမွာ သက္သာေကာင္းမြန္လ်က္ရွိပါ သည္။

Read times
Rate this item
(0 votes)