What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 21 August 2021 09:02

ပုဂ္ဂလိကဆေးရုံ ဆေးခန်းများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် စီစဉ်လျက် ရှိ

ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာ အခကြေးငွေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ပြုမယ့် အစီအစဉ်ကို မကြာခင် စတင်နိုင်ဖို့ စီစဉ်နေကြတာဖြစ်ပြီး တရုတ်နိုင်ငံထုတ်ဆေးတွေနဲ့ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး တွေကို ပုဂ္ဂလိကအနေနဲ့တင်သွင်းနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ပုဂ္ဂလိကကို ကာကွယ်ဆေးတင်သွင်း ခွင့်ပြုထားပေမယ့် အခပေးပြီးဆေးထိုးရတဲ့ အစီအစဉ်ကလည်း စာရင်းပေးသလောက်ကို ထိုးပေးဖို့ကို ဩဂုတ်လကုန် ပိုင်းလောက်မှာစတင်နိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ရည်ရွယ်ထားတာပါ။ ပုဂ္ဂလိက ဆေးရုံဆေး ခန်း ၄၀ နီးပါးမှာ အခပေးထိုးတာ လုပ်ဆောင်ဖို့ ခွင့်ပြု ားတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။

"ကျနော်တို့က အတိအကျတော့ပြောလို့မရဘူး။ ဆေးရုံဆေးခန်းက ၃၀၊ ၄၀ ရှိမယ်ထင်တယ်။ Vaccination ထိုးမယ့်အနေနဲ့ Vaccination site အနေနဲ့ ကျနော်တို့က ခွင့်ပြုလို့ရတယ်။ Vaccine တင်သွင်းသူတွေအနေနဲ့ တင်သွင်းလာရင် Vaccination site တွေကနေထိုးလို့ရပါမယ်။ ကျနော်တို့ အဲလို အသိအမှတ်ပြုထားတာတွေရှိပါတယ်။ သူတို့တင်သွင်းတဲ့ ဈေးနှုန်းနဲ့ လွတ်လပ်စွာရောင်းချခွင့် ပေးမှာပါ။ ကျနော်တို့က proposal ကို accept လုပ်ထဲက သူတို့သွင်းမယ်ဆိုသွင်းတာမှာ ဘယ်လို cold chain နဲ့ထားမယ်။ အဲလိုထားမယ့် အစီအမံရှိရပါမယ်။ Vaccine Meter နဲ့ Vaccination Team က ဘယ်နေရာနဲ့ ဘယ်လိုလုပ်ပါမလဲဆိုတာရှိရပါမယ်။ ပြီးရင်ဆေးထိုးတာကို ကျနော်တို့ National System ထဲကို ထည့်ပေးရပါမယ် အဲလိုလုပ်မှာပါ။ ဘယ်ဆေးမဆို ပေးသွင်းပါတယ်။ ဒါကတော့ FDA ကနေ ခွင့်ပြုပြီးတော့ပေါ့။"

ဘယ် ပုဂ္ဂလိက ဆေးရုံတွေ၊ ဘယ်ပုဂ္ဂလိက ဓါတ်ခွဲခန်းနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက တင်သွင်းကြမလဲ ဆိုတာကိုတော့ ကျန်းမာရေးဌာနဘက်က တိတိကျကျမပြောသေးပါဘူး။ မြန်မာ-တရုတ် ကုန် သည် ကြီးများ အသင်းလို အဖွဲ့ အစည်း တစ်ချို့၊ ပုဂ္ဂလိက ဆေးရုံတစ်ချို့၊ ကုလသမဂ္ဂ လက် အောက်ခံ အဖွဲ့ အစည်းတစ်ချို့နဲ့ ဆေးတင်သွင်းသူတွေက စစ်ကောင်စီ ခွင့်ပြုချက် ရယူပြီး ကာကွယ်ဆေး တင်သွင်း၊ အခကြေးငွေနဲ့ ထိုးနှံမယ့် အစီအစဉ် စတင်နေကြတာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ ဆေးတွေရောက်ရှိလာရင် ထိုးနှံနိုင်ဖို့နဲ့ သိမ်းဆည်းထားနိုင်ရေး ကိုင်တွယ်လုပ်ဆောင်ရေးတွေနဲ့ပတ်သတ်လို့ ပုဂ္ဂလိက တင်သွင်းလာတဲ့ ဆေးတွေကိုထိုးနှံပေးဖို့ တာဝန်ယူမယ့် ဆေးရုံဆေးခန်းတွေနဲ့ ပုဂ္ဂလိက ဓါတ်ခွဲခန်းတွေ ဘက်ကို ပုံမှန်ကာကွယ်ဆေးထိုးနိုင်ဖို့ သင်တန်းရက်တိုတွေပေးထားတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။

"ကျနော်တို့ဘက်က ထရိန်နင် လုပ်ပေးပါတယ်။ လွန်ခဲ့တဲ့ ၁ရက် ၂ရက်က ရန်ကုန်တိုင်းမှာရှိတဲ့ ဆေးရုံ ဆေးခန်းတွေကို အဲထရိန်နင်ကို ရန်ကုန်တိုင်းကျန်းမာရေးကပေးဖြစ်ပါတယ်။ ပုံမှန်ကာကွယ် ဆေးထိုး တာမှာပါတဲ့ အတိုင်းဘဲ ကာကွယ်ဆေးထိုးတဲ့ method နောက် AEFI လို့ခေါ်တဲ့ ဆေးမတည့်တာတွေကို ဘယ်လိုပြုစုစောင့်ရှောက်မလဲ ဆိုတာ ကျနော်တို့ကလည်းသင်တန်းပေးတာ ဆရာဝန်ဆရာမတွေကိုဘဲ ပေးတာပါ။ အဲတော့ ၁ရက် ထရိန်နင် ဘဲဖြစ်ပါတယ်။ အွန်လိုင်းဘဲ လုပ်ပါတယ်။ ကြေငြာထားတဲ့ Save ဖြစ်တဲ့ လူအုပ်စုတွေကိုဘဲ ထိုးခွင့်ပေးမှာ ဖြစ်ပါတယ်။"

ပုဂ္ဂလိကတွေဆီမှာ ကိုဗစ် ကာကွယ်ဆေး အခပေးထိုးတာမှာ တယောက်ကို သိန်းဂဏန်းပေး ရမှာမို့ အခြေခံလူတန်းစားများတဲ့ ပြည်သူတွေ အတွက်တော့ ဆေးထိုးနိုင်ဖို့ ခက်ခဲဖွယ်ရှိနေနိုင်တဲ့ အခြေအနေနဲ့ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ ဝေဖန်မှု တွေ လည်းရှိနေပါတယ်။ဒီအစီအစဉ်ဟာ အခြေခံလူတန်းစား၊ ပြည်သူတွေ အတွက်တော့ ဆေးထိုးနိုင်ဖို့ အခက်အခဲရှိနိုင်တယ်လို့ ပရဟိတအကျိုးဆောင်တွေက သုံးသပ်မိတယ်လို့ ဆိုပါတယ်။

ကိုဗစ်လူနာတွေကုသရေးပိုင်း ပရဟိတလုပ်နေတဲ့ မနန္ဒာကတော့ အခြေခံလူတန်းစားများတဲ့ ပြည်သူ တွေ အတွက်တော့ ဆေးထိုးနိုင်ဖို့ ခက်ခဲနိုင်သလို စိတ်ချရဖို့အတွက် တာဝန်ယူမှုကမေးခွန်းထုတ် စရာရှိနေတယ်လို့ဆိုပါတယ်။

"ကိုဗစ်ကာကွယ်ဆေးတွေကို ၃သိန်းခွဲနဲ့တင်မယ်လို့ကြားပါတယ်။ အဲအတွက်ကဘာပြောချင်လဲဆိုရင် အရမ်းဈေးကြီးလွန်းတယ်။ ပြည်သူတွေကစားဝတ်နေရေးကျပ်တည်းခက်ခဲနေချိန်ဆိုတော့ ဒီဈေးနဲ့ အသက်ကိုကာကွယ်ရမယ်ဆိုရင်တော့ အရမ်းများတယ်ပြောချင်တယ်။ နောက်တခုကတော့ စိတ်ချရမှုပေါ့။ ပုဂ္ဂလိကတွေတင်သွင်းခွင့်ပေးရင်တော့ပိုက်ဆံရှိသူတွေကတင်သွင်းခွင့်ရမှာပေါ့တဖက် က လတ်တလောဖြစ်နေတဲ့ အဖြစ်တွေလိုပေါ့။ စားသောက်ကုန်တွေ ဆေးတွေ ဈေးကြီးသလိုဘဲပေါ့ ပိုက်ဆံရှိတဲ့သူတချို့ အုပ်စုကတော့တင်သွင်းကြလိမ့်မယ်။ တင်သွင်းပေမယ့် သူတို့ကိုယုံကြည်မှုက ပြည်သူတွေကဘယ်လိုသတ်မှတ်ရမှာလဲ။ ဆေးဆိုတာအသက်ကယ်ဆေးလိုဖြစ်နေတာလေ။ ဈေးကြီးလဲပေးဝယ်ရမယ် ယုံကြည်မှုကဘယ်လိုသတ်မှတ်ပေးကြမှာလဲ အဲလိုတော့ရှိတာပေါ့။ "

ကျန်းမာရေးဝန်ကြီးဌာနကတော့ သတ်မှတ်စံချိန်၊ သတ်မှတ်ချက်တွေနဲ့ တင်သွင်းခွင့်ပေးတာကိုဖောက် ဖျက်မယ်ဆိုရင် ကိုဗစ် စည်းမျဉ်းစည်းကမ်းအပြင် ဆေးဝါးတင်သွင်းရောင်းချခြင်းဆိုင်ရာတည်ဆဲဥပ ဒေတွေနဲ့ အရေးယူမယ်ဆိုပေမယ့် တိတိကျကျပြောဆိုထားတာတော့မရှိပါဘူး။

 Source: VOA

 

S

Read times
Rate this item
(0 votes)