What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 March 2020 22:40

ဝေဘာဂီမှ နယူးဇီလန်သား ကိုယ်တွေ့အတွေ့အကြုံ

ဝေဘာဂီ ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် နေထိုင်ရသော နယူဇီလန်နိုင်ငံသား အမည်ကို ဖော်ပြရာ၌ နှုတ်သီးရှည် အတောင်တို အမြီးမပါသော ငှက်တစ်မျိုးဖြစ်ပြီး နယူဇီလန်ငှက်ဖြစ်သည့် ကီဝီ ဟု ဖော်ပြထားသည်။

ကီဝီ အချိန်တလွဲမှာ တုပ်ကွေးမိသည်။ သို့ဖြစ်ရာ အရှေ့တောင်အာရှဆေးရုံတစ်ခုတွင် သူကိုယ်တိုင် ထိန်းသိမ်းခံလိုက်သည်။


မြန်မာနိုင်ငံသို့ ရောက်ရှိနေသော နယူးဇီလန်သားသည် အဖျားကြီးသဖြင့် သီတင်းပတ်ကုန်ဆုံးရက်တွင် မိမိဘာသာ ဆေးရုံသို့ သတင်းသွားပို့ခဲ့သည်။ သူက ဟောင်ကောင်သို့ ၁၂ ရက်ကြာ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့ပြီးသည့်နောက် ယခုလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


သူနှင့် ဆက်သွယ်သည်မှာ သူနာပြုများသာ ဖြစ်ပြီး သူ့ကို လေးနာရီတစ်ကြိမ် စစ်ဆေးပေးသည်။ စားစရာ ပို့ပေးသည်။ ဆရာဝန်တစ်ဦး လာကြည့်ပေးသည်။ သူ့အခန်းထဲ ဝင်လာသူတိုင်းသည် hazmat suit ဝတ်ဆင်ထားပြီး အသက်ရှူကိရိယာပါ မျက်နှာဖုံး တပ်ထားကြသည်။

 

သူသည် ဇနီးဖြစ်သူ နေထိုင်ရာ မြန်မာနိုင်ငံသို့ သောကြာနေ့က ပြန်ရောက်လာခဲ့သည်မှာ ဟောင်ကောင် နှစ်ပတ်ကြာခရီးအပြီးတွင် ဖြစ်သည်။


စနေနေ့တွင် တုပ်ကွေးလက္ခဏာများ ခံစားရသည်။ အိမ်မှာ သူ အဖျားတိုင်းသည်။ အဖျားက ဆက်တက်နေသည်။ သူ လုံးဝဆိုးဆိုးဝါးဝါး ခံစားရသည်။ သို့ဖြစ်ရာ တုံ့ဆိုင်းမနေတောဘဲ တနင်္လာနံနက်တွင် ပုဂ္ဂလိကဆေးရုံတစ်ခုသို့ သွားပြသည်။

 

နာရီအတန်ကြာပြီးချိန်တွင် သူ့ကို အစိုးရဆေးရုံသို့ လွှဲပြောင်းပေးလိုက်သည်။ သူ့ကို မှောင်နေသော စင်္ကြံတစ်လျှောက် ခပ်မြန်မြန် သယ်ယူသွားသည်။ ပလတ်စတစ် ကာရံထားသော တံခါးမှတစ်ဆင့် သီးခြားခွဲထားသော အခန်းထဲသို့ သတ္တုဂိတ်များတစ်ဆင့် ရောက်သွားသည်။

 

ဆရာဝန်တို့က သွေးစစ်သည်။ ရင်ဘတ် ဓာတ်မှန်ရိုက်သည်။ ဘာပြဿနာမှ မရှိ။ သို့သော် သူ အဖျားမကျ။ တနင်္လာနေ့ မွန်းလွဲတွင် ကူးစက်ရောဂါဇာတ်ခင်းသည့် ရုပ်ရှင်ထဲမှအတိုင်း တစ်ကိုယ်လုံး လုံခြုံနေသော hazmat suit ဝတ်ထားသော အမျိုးသားများ သူ့အခန်းထဲ ရောက်လာပြီး သူ့ကို ဝေဘာဂီဆေးရုံသို့ ပို့ရန် လူနာတင်ကားပေါ်သို့တင်သည်။ နှစ်နာရီ အဝေးတွင် ရှိသော ကူးစက်ရောဂါ အထူးကူးဆေးရုံဖြစ်သည်။

 

သူက လူနာတင်ကား နောက်ဘက်မှ တစ်ယောက်တည်း ထိုင်သည်။ ဝန်ထမ်းများက ခပ်လှမ်းလှမ်းမှာသာ နေလိုကြသည်။

 

စားစရာလာပို့ပုံ 

 

“အကုန်လုံး အတော်ကြောက်နေကြတယ်” ဟု သူက ပြောပြသည်။  ကူးစက်ရောဂါဆေးရုံရှိ သူ့အခန်းတွင် အခြေခံလိုအပ်သည်များသာ ရှိသည်။ ကုတင်တစ်လုံး၊ ကုတင်ဘေးတွင် ထားသည့် စားပွဲတစ်လုံး ရှိသည်။ သူ့အတွက် အိမ်သာ သီးသန့်ရှိသည်။ ရေချိုးခန်း ရှိသည်။ သို့သော် ရေမရှိ။ နံရံတွင် တီဗီတစ်လုံး ရှိပြီး အလုပ်မလုပ်။



အင်တာနက် သူရထားသည်။ သူ့လက်ပ်တော့နှင့် သူ့ဖုန်း 3G တို့ကို သုံးလို့ရသည်။ သို့ဖြစ်ရာ ဖြေဖျော်မှု သူ ရရှိသည်။ သူနှင့် ပြင်ပကမ္ဘာတို့အကြား သတ္တုကာထားသော ပြတင်းပေါက်များ ရှိသည်။

 

အပြင်သို့ ကြည့်ရန် ပြတင်းတစ်ပေါက်  ရှိသည်

 

 

သူက ဗမာစကား မပြောတတ်။ သို့ဖြစ်ရာ ဆက်သွယ်ပြောဆိုဖို့ ခက်သည်။ ရလိုက်မရလိုက် ဖြစ်နေသည်ဟု သူက ပြောသည်။ သို့သော် ဝန်ထမ်းများက သူ့ကို အလွန်ကောင်းကောင်းထားသည်။ အတော် သဘောကောင်းကြသည်။ အတော်နားလည်ပေးကြသည်ဟု သူက ပြောသည်။

 

ဝန်ထမ်းများ ဖော်ရွေကြသည်။ ပညာရှင် ပီသကြသည်။ အင်္ဂါနေ့ညတွင် သူစားဖို့ အပြင်မှ KFC ကြက်ကြော် ဝယ်လာပေးသည်။ ဆေးစစ်ချက်က သူ့မှာ Covid-19 မရှိကြောင်း ပြသသည်။ သို့သော် သူ အိမ်ကို ပြန်လု့ိရမရ မသေချာသေး။ နိုင်ငံခြားရေးဝန်ကြီးဌာနက နယူးဇီလန်သံရုံးသို့ အတည်ပြုအကြောင်းကြားပေးသည်။

ကိုးကား www.stuff.co.nz 

 zawgyi

=======

ေဝဘာဂီ ေဆး႐ုံတြင္ ေစာင့္ၾကည့္လူနာအျဖစ္ ေနထိုင္ရေသာ နယူဇီလန္ႏိုင္ငံသား အမည္ကို ေဖာ္ျပရာ၌ ႏႈတ္သီးရွည္ အေတာင္တို အၿမီးမပါေသာ ငွက္တစ္မ်ိဳးျဖစ္ၿပီး  နယူဇီလန္ငွက္ျဖစ္သည့္ ကီဝီ ဟု ေဖာ္ျပထားသည္။ ကီဝီ အခ်ိန္တလြဲမွာ တုပ္ေကြးမိသည္။ သို႔ျဖစ္ရာ အေရွ႕ေတာင္အာရွေဆး႐ုံတစ္ခုတြင္ သူကိုယ္တိုင္ ထိန္းသိမ္းခံလိုက္သည္။ 

 

ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနေသာ နယူးဇီလန္သားသည္ အဖ်ားႀကီးသျဖင့္ သီတင္းပတ္ကုန္ဆုံးရက္တြင္ မိမိဘာသာ ေဆး႐ုံသို႔ သတင္းသြားပို႔ခဲ့သည္။ သူက ေဟာင္ေကာင္သို႔ ၁၂ ရက္ၾကာ အလုပ္ကိစၥျဖင့္ သြားေရာက္ခဲ့ၿပီးသည့္ေနာက္ ယခုလို ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။


သူႏွင့္ ဆက္သြယ္သည္မွာ သူနာျပဳမ်ားသာ ျဖစ္ၿပီး သူ႔ကို ေလးနာရီတစ္ႀကိမ္ စစ္ေဆးေပးသည္။ စားစရာ ပို႔ေပးသည္။ ဆရာဝန္တစ္ဦး လာၾကည့္ေပးသည္။ သူ႔အခန္းထဲ ဝင္လာသူတိုင္းသည္ hazmat suit ဝတ္ဆင္ထားၿပီး အသက္ရႉကိရိယာပါ မ်က္ႏွာဖုံး တပ္ထားၾကသည္။


သူသည္ ဇနီးျဖစ္သူ ေနထိုင္ရာ ျမန္မာႏိုင္ငံသို႔ ေသာၾကာေန႔က ျပန္ေရာက္လာခဲ့သည္မွာ ေဟာင္ေကာင္ ႏွစ္ပတ္ၾကာခရီးအၿပီးတြင္ ျဖစ္သည္။


စေနေန႔တြင္ တုပ္ေကြးလကၡဏာမ်ား ခံစားရသည္။ အိမ္မွာ သူ အဖ်ားတိုင္းသည္။ အဖ်ားက ဆက္တက္ေနသည္။ သူ လုံးဝဆိုးဆိုးဝါးဝါး ခံစားရသည္။ သို႔ျဖစ္ရာ တုံ႔ဆိုင္းမေနေတာဘဲ တနလၤာနံနက္တြင္ ပုဂၢလိကေဆး႐ုံတစ္ခုသို႔ သြားျပသည္။

 

နာရီအတန္ၾကာၿပီးခ်ိန္တြင္ သူ႔ကို အစိုးရေဆး႐ုံသို႔ လႊဲေျပာင္းေပးလိုက္သည္။ သူ႔ကို ေမွာင္ေနေသာ စႀကႍတစ္ေလွ်ာက္ ခပ္ျမန္ျမန္ သယ္ယူသြားသည္။ ပလတ္စတစ္ ကာရံထားေသာ တံခါးမွတစ္ဆင့္ သီးျခားခြဲထားေသာ အခန္းထဲသို႔ သတၱဳဂိတ္မ်ားတစ္ဆင့္ ေရာက္သြားသည္။

 

ဆရာဝန္တို႔က ေသြးစစ္သည္။ ရင္ဘတ္ ဓာတ္မွန္႐ိုက္သည္။ ဘာျပႆနာမွ မရွိ။ သို႔ေသာ္ သူ အဖ်ားမက်။ တနလၤာေန႔ မြန္းလြဲတြင္ ကူးစက္ေရာဂါဇာတ္ခင္းသည့္ ႐ုပ္ရွင္ထဲမွအတိုင္း တစ္ကိုယ္လုံး လုံၿခဳံေနေသာ hazmat suit ဝတ္ထားေသာ အမ်ိဳးသားမ်ား သူ႔အခန္းထဲ ေရာက္လာၿပီး သူ႔ကို ေဝဘာဂီေဆး႐ုံသို႔ ပို႔ရန္ လူနာတင္ကားေပၚသို႔တင္သည္။ ႏွစ္နာရီ အေဝးတြင္ ရွိေသာ ကူးစက္ေရာဂါ အထူးကူးေဆး႐ုံျဖစ္သည္။

 

သူက လူနာတင္ကား ေနာက္ဘက္မွ တစ္ေယာက္တည္း ထိုင္သည္။ ဝန္ထမ္းမ်ားက ခပ္လွမ္းလွမ္းမွာသာ ေနလိုၾကသည္။ “အကုန္လုံး အေတာ္ေၾကာက္ေနၾကတယ္” ဟု သူက ေျပာျပသည္။ 

 

ကူးစက္ေရာဂါေဆး႐ုံရွိ သူ႔အခန္းတြင္ အေျခခံလိုအပ္သည္မ်ားသာ ရွိသည္။ ကုတင္တစ္လုံး၊ ကုတင္ေဘးတြင္ ထားသည့္ စားပြဲတစ္လုံး ရွိသည္။ သူ႔အတြက္ အိမ္သာ သီးသန႔္ရွိသည္။ ေရခ်ိဳးခန္း ရွိသည္။ သို႔ေသာ္ ေရမရွိ။ နံရံတြင္ တီဗီတစ္လုံး ရွိၿပီး အလုပ္မလုပ္။ အင္တာနက္ သူရထားသည္။ သူ႔လက္ပ္ေတာ့ႏွင့္ သူ႔ဖုန္း 3G တို႔ကို သုံးလို႔ရသည္။ သို႔ျဖစ္ရာ ေျဖေဖ်ာ္မႈ သူ ရရွိသည္။

 

စားစရာလာပို႔ပုံ

 

သူႏွင့္ ျပင္ပကမာၻတို႔အၾကား သတၱဳကာထားေသာ ျပတင္းေပါက္မ်ား ရွိသည္။

 

အျပင္သို႔ ၾကည့္ရန္ ျပတင္းတစ္ေပါက္  ရွိသည္

 

သူက ဗမာစကား မေျပာတတ္။ သို႔ျဖစ္ရာ ဆက္သြယ္ေျပာဆိုဖို႔ ခက္သည္။ ရလိုက္မရလိုက္ ျဖစ္ေနသည္ဟု သူက ေျပာသည္။ သို႔ေသာ္ ဝန္ထမ္းမ်ားက သူ႔ကို အလြန္ေကာင္းေကာင္းထားသည္။ အေတာ္ သေဘာေကာင္းၾကသည္။ အေတာ္နားလည္ေပးၾကသည္ဟု သူက ေျပာသည္။ ဝန္ထမ္းမ်ား ေဖာ္ေ႐ြၾကသည္။ ပညာရွင္ ပီသၾကသည္။ အဂၤါေန႔ညတြင္ သူစားဖို႔ အျပင္မွ KFC ၾကက္ေၾကာ္ ဝယ္လာေပးသည္။

 

ေဆးစစ္ခ်က္က သူ႔မွာ Covid-19 မရွိေၾကာင္း ျပသသည္။ သို႔ေသာ္ သူ အိမ္ကို ျပန္လု႔ိရမရ မေသခ်ာေသး။ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက နယူးဇီလန္သံ႐ုံးသို႔ အတည္ျပဳအေၾကာင္းၾကားေပးသည္။

ကိုးကား www.stuff.co.nz

Read times Last modified on Friday, 06 March 2020 23:38
Rate this item
(1 Vote)