What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 December 2020 13:50

COVID-19 ကာကွယ်ဆေး ဝယ်ယူခြင်းမှ ထိုးနှံသည်အထိ လိုအပ်သည့်ချေးငွေ ကမ္ဘာဘဏ်မှ ထောက်ပံ့ပေးမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒီဇင်ဘာလ ၃ ရက် တွင် World Bank အဖွဲ့က COVID-19 ကာကွယ်ဆေး ဝယ်ယူရန်နှင့် ဖြန့်ဖြူးထိုးနှံရန် ကိစ္စရပ်များအတွက် ချေးငွေထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ Videoconferencing တင်ပြဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

World Bank အဖွဲ့မှ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ Country Director Ms. Mariam Sherman က ပြောကြားခဲ့သည်တို့မှာ

• World Bank အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးပေးလျက်ရှိပြီး COVID-19 တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက်လည်း ချေးငွေများပေးအပ်ခဲ့ပါသည်။

• လက်ရှိတွင် မည်သည့် COVID-19 ကာကွယ်ဆေးကို အသုံးပြုရမည်ဆိုသည်ကို မသိရှိနိုင် သေးသော်လည်း မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး ဝယ်ယူရန်၊ သယ်ယူပို့ဆောင်ရန်နှင့် ဖြန့်ဖြူးထိုးနှံရန်အတွက် ချေးငွေများ ထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ တင်ပြ သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် Senior Health Specialist ဖြစ်သူ Mr. Paul Jacob Robyn က -

• World Bank အဖွဲ့က မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး ဝယ်ယူရန်၊ သယ်ယူပို့ဆောင်ရန်နှင့် ဖြန့်ဖြူးထိုးနှံရန်အတွက် ချေးငွေထောက်ပံ့ပေးရန် လက်ရှိ မြန်မာနိုင်ငံအတွက်အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ရန်ပုံငွေ (IDA 19) အောက်မှ ထပ်တိုးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆၀) သန်းလျာထားပါသည်။

 

• မြန်မာနိုင်ငံသည် COVAX Facility ၏ COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပါက သက်သာသောဈေးနှုန်းဖြင့် အချိုးကျဝယ်ယူနိုင်မည့် နိုင်ငံများအကျုံးဝင်သောနိုင်ငံဖြစ်၍ World Bank မှ ချေးငွေရယူနိုင်မည့် နိုင်ငံတစ်ခုဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံက COVID-19 ကာကွယ်ဆေးအား COVAX Facility မှ တစ်ဆင့် ဝယ်ယူရာတွင် ရန်ပုံငွေ မျှဝေထည့်ဝင်၍ ဝယ်ယူရန် လိုအပ်လျှင် (သို့မဟုတ်) မြန်မာနိုင်ငံလူဦးရေ (၂၀) ရာခိုင်နှုန်းထက် ပိုမိုသောကာကွယ်ဆေးကို ဝယ်ယူလိုလျှင်သော် World Bank မှ ချေးငွေ လျှောက်ထားနိုင်ပါသည်။

 

• ထို့ပြင် ကာကွယ်ဆေးဝယ်ယူရေးအတွက် သာမက ကာကွယ်ဆေးသယ်ယူပို့ဆောင်ရေး၊ ကာကွယ်ဆေးများ အအေးလမ်းကြောင်း မပျက်ထိန်းသိမ်းထားနိုင်ရေး၊ ကာကွယ်ဆေးများ လက်တွေ့ ထိုးနှံရေးအတွက် အထွေထွေကုန်ကျစရိတ်များအတွက်ပါ World Bank ထံမှ ချေးငွေများ ရယူနိုင်ပါသည်။

 

• COVID-19 ကာကွယ်ဆေးဝယ်ယူရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြု အမျိုးသားဆေးဝါး ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (Stringent Regulatory Authority) (၃) ခုမှ အသိအမှတ်ပြုထားသော သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထောက်ခံသည့်အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြု အမျိုးသားဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (Stringent Regulatory Authority) (၁) ခုမှ အသိအမှတ်ပြုထားသော ကာကွယ်ဆေးကိုသာ ဝယ်ယူရမည်ဖြစ်ပါသည်။

 

• မြန်မာနိုင်ငံအနေဖြင့် COVAX Facility မှ ဖြစ်စေ၊ ကာကွယ်ဆေးထုတ်လုပ်သော ကုမ္ပဏီများမှ တစ်ဆင့်ဖြစ်စေ၊ အခြားသော နိုင်ငံတစ်ခုမှ ဖြစ်စေ COVID-19 အတွက် ဆေးများကို ဝယ်ယူနိုင်ပါသည်။

 

• ကာကွယ်ဆေးဖြန့်ဝေထိုးနှံမည့်အစီအစဉ် (vaccine deployment plan)၊ ကာကွယ်ဆေးထိုးနှံရန် အတွက် လိုအပ်သည့်ပြင်ဆင်မှုများ အသင့်ဖြစ်မှုအခြေအနေ ဆန်းစစ်ထားရှိမှု (readiness assessment)၊ ဦးစားပေးထိုးနှံပေးသင့်သည့် လူအုပ်စုများ သတ်မှတ်မှု စသည်တို့ကို ကြိုတင်ပြင်ဆင် ထားရန် လိုအပ်မည်ဖြစ်ပြီး COVID-19 ကာကွယ်ဆေး ဝယ်ယူထိုးနှံပေးရန် အတွက် ဆောင်ရွက် ရမည့် အချက်များနှင့် သတ်မှတ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

Read times
Rate this item
(0 votes)