What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 14 March 2020 20:07

(၁၄-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ ၊ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၃-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီမှ (၁၄-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအထိ စောင့်ကြည့်လူနာ (၇) ဦး ရှိခဲ့ပြီး ၎င်းတို့အနက် လူနာ (၄) ဦး၏ ဓာတ်ခွဲ နမူနာကို (၁၄-၃-၂၀၂၀) ရက်နေ့တွင် ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ပြီး ၎င်းတို့၏အဖြေများမှာ ပူးတွဲပါ ဇယား (၂) တွင် ဖော်ပြထား မည်ဖြစ်ကြောင်းနှင့် ကျန် လူနာ (၃) ဦးအပြင် ဓာတ်ခွဲနမူနာပေးပို့ရန်စီစဉ်ဆဲဖြစ်သော လူနာ (၁) ဦး၊ စုစုပေါင်း လူနာ (၄) ဦးတို့၏ ဓာတ်ခွဲနမူနာအား ဆက်လက်၍ ပေးပို့စစ်ဆေးရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။ (ဇယား -၁)

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲစစ်ဆေးချက်များအရ (၁၄-၃-၂၀၂၀) ရက်နေ့၊ နံနက် (၆း၀၀) နာရီမှ ညနေ (၆း၀၀) နာရီအထိ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၉) ဦး၏ ဓာတ်ခွဲအဖြေများ တွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။ (ဇယား -၂)

၄။ (၁၄-၃-၂၀၂၀) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် အသက် (၄၀) နှစ်နှင့် အသက် (၃၄) နှစ်အရွယ် သီလရှင် (၂) ပါးတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသည့်အပြင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုမရှိသော်လည်း ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နေထိုင်ခဲ့သည့် ရာဇဝင် ရှိသဖြင့် ၎င်းတို့အား တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပြီး (၁၄) ရက် ခွဲခြားထားရှိ၍ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

၅။ (၁၄-၃-၂၀၂၀) ရက်နေ့အရ ဓာတ်ခွဲနမူနာပေးပို့ရန် စီစဉ်ဆဲဖြစ်သော စောင့်ကြည့်လူနာ (၄) ဦး၏ ဓာတ်ခွဲနမူနာများမှလွဲ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ရောက်ရှိပြီးဖြစ်သော ဓာတ်ခွဲနမူနာအားလုံး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

၆။ ယနေ့ (၁၄-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာ (၄) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၇။ (၁၄-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့ နိုင်ငံ (၁၂၃) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

No photo description available.

No photo description available.

No photo description available.

(Zawgyi)

======

(၁၄-၃-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ ၊ COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

 

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္ မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထုအေျချပဳ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ (၁၃-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၀၀) နာရီမွ (၁၄-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၀၀) နာရီအထိ ေစာင့္ၾကည့္လူနာ (၇) ဦး ရွိခဲ့ၿပီး ၎တို႔အနက္ လူနာ (၄) ဦး၏ ဓာတ္ခြဲ နမူနာကို (၁၄-၃-၂၀၂၀) ရက္ေန႔တြင္ ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာ ဌာန(ရန္ကုန္)သို႔ ေပးပို႔စစ္ေဆးခဲ့ၿပီး ၎တို႔၏အေျဖမ်ားမွာ ပူးတြဲပါ ဇယား (၂) တြင္ ေဖာ္ျပထား မည္ျဖစ္ေၾကာင္းႏွင့္ က်န္ လူနာ (၃) ဦးအျပင္ ဓာတ္ခြဲနမူနာေပးပို႔ရန္စီစဥ္ဆဲျဖစ္ေသာ လူနာ (၁) ဦး၊ စုစုေပါင္း လူနာ (၄) ဦးတို႔၏ ဓာတ္ခြဲနမူနာအား ဆက္လက္၍ ေပးပို႔စစ္ေဆးရန္ စီစဥ္ထားရွိေၾကာင္း သိရွိရပါသည္။ (ဇယား -၁)

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) တြင္ ဓာတ္ခြဲစစ္ေဆးခ်က္မ်ားအရ (၁၄-၃-၂၀၂၀) ရက္ေန႔၊ နံနက္ (၆း၀၀) နာရီမွ ညေန (၆း၀၀) နာရီအထိ သက္ဆိုင္ရာ ေဆး႐ုံမ်ားရွိ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိေသာ လူနာမ်ားအနက္ လူနာ (၉) ဦး၏ ဓာတ္ခြဲအေျဖမ်ား တြင္ Coronavirus Disease 2019 (COVID-19) ဗိုင္းရပ္စ္ ေရာဂါပိုးမရွိပါေၾကာင္း (မရွိေၾကာင္း) စစ္ေဆးသိရွိရပါသည္။ (ဇယား -၂)

၄။ (၁၄-၃-၂၀၂၀) ရက္ေန႔တြင္ ကိုရီးယားသမၼတႏိုင္ငံမွ ျမန္မာႏိုင္ငံ၊ ရန္ကုန္အျပည္ျပည္ ဆိုင္ရာေလဆိပ္သို႔ ျပန္လည္ေရာက္ရွိလာသည့္ အသက္ (၄၀) ႏွစ္ႏွင့္ အသက္ (၃၄) ႏွစ္အ႐ြယ္ သီလရွင္ (၂) ပါးတို႔တြင္ ဖ်ားျခင္းႏွင့္ အျခားအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား မေတြ႕ရွိရသည့္အျပင္ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာႏွင့္ အနီးကပ္ထိေတြ႕ခဲ့မႈမရွိေသာ္လည္း ေရာဂါျဖစ္ပြားမႈ ျမင့္မားလ်က္ရွိေသာ ကိုရီးယားသမၼတႏိုင္ငံ၊ ဒယ္ဂူးၿမိဳ႕တြင္ ေနထိုင္ခဲ့သည့္ ရာဇဝင္ ရွိသျဖင့္ ၎တို႔အား ေတာင္ဥကၠလာပအမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံႀကီးသို႔ ၫႊန္းပို႔ခဲ့ၿပီး (၁၄) ရက္ ခြဲျခားထားရွိ၍ အသြားအလာကန႔္သတ္ျခင္း (Hospital Quarantine) ျပဳလုပ္၍ ေစာင့္ၾကပ္ၾကည့္ရႈ လ်က္ရွိပါသည္။

၅။ (၁၄-၃-၂၀၂၀) ရက္ေန႔အရ ဓာတ္ခြဲနမူနာေပးပို႔ရန္ စီစဥ္ဆဲျဖစ္ေသာ ေစာင့္ၾကည့္လူနာ (၄) ဦး၏ ဓာတ္ခြဲနမူနာမ်ားမွလြဲ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာ ဌာနသို႔ေရာက္ရွိၿပီးျဖစ္ေသာ ဓာတ္ခြဲနမူနာအားလုံး၏ ဓာတ္ခြဲအေျဖမ်ားတြင္ Coronavirus Disease 2019 (COVID-19) ဗိုင္းရပ္စ္ ေရာဂါပိုး မရွိပါေၾကာင္း (မရွိေၾကာင္း) စစ္ေဆးသိရွိရပါသည္။

၆။ ယေန႔ (၁၄-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၀၀) နာရီအခ်ိန္အထိ ဓာတ္ခြဲအေျဖ ေစာင့္ဆိုင္းဆဲ လူနာ (၄) ဉီးအား သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိပါသည္။

၇။ (၁၄-၃-၂၀၂၀) ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ ေဆာင္႐ြက္ လ်က္ရွိပါသည္။ ယခုအခါ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ အပါအဝင္ ကမာၻ႔ ႏိုင္ငံ (၁၂၃) ႏိုင္ငံတြင္ COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားလ်က္ရွိသျဖင့္ ျပည္သူလူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရး အသိပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါသည္။

Read times Last modified on Saturday, 14 March 2020 20:18
Rate this item
(1 Vote)