What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 25 April 2020 05:18

ပထမဦးဆုံး ကိုရိုနာရောဂါကာကွယ်ဆေး လာမည့် စက်တင်ဘာတွင်လာမည်

ပထမဦးဆုံးကိုရိုနာရောဂါကာကွယ်ဆေးကို လာမည့် စက်တင်ဘာလ ( ဆောင်းဦးရာသီ ) တွင် အဆင်သင့်ဖြစ်မယ်လို့ တရုတ်ပြည်ရဲ့ ရောဂါ တိုက်ဖျက်ရေးနဲ့ ထိမ်းချုပ်ရေး ဌာနမှ အမှု့ဆောင်ချုပ်ဖြစ်သူ ဒေါက်တာ ဂွာဖူး ( Gao Fu ) မှ ပြောကြားခဲ့ပါတယ်။

 

ထို့အပြင် ယခုလက်ရှိမှာ တရုတ်ပြည်မှ ကိုရိုနာရောဂါဆေးဝါးထုတ်ဖော်ဖို့ကြိုးပမ်းနေသူ ၃ ဦး ရှိပါတယ်လို့ ပြောပါတယ်။ထို ဆေးကို ထုတ်ဖော်ပြီးသွားလျှင်တော့ စစပိုင်းမှာ အရေးပေါ် အခြေအနေများ အတွက်ပဲ သုံးမှာပါလို့ပြောကြားခဲ့ပါတယ်။ဒါ့ထက်ထိုတရုတ်ပြည်အတွက်ဆေးဖော်ထုတ်သူများ ၃ ဦးထဲတွင် ဗြိတိန်မှ သိပ္ပံပညာရှင်များသည် ၎င်း ကာကွယ်ဆေးအတွက် လူသားနဲ့ စမ်းသပ်မှု့ကို လုပ်ဆောင်ခဲ့ပြီးပြီသိရပါတယ်။

 

ယခုဆိုရင်တော့ တရုတ်မှ အတိအလင်းပြောကြားချက်အရ ကိုရိုနာ ဗိုင်းရပ်စ် ကို ကာကွယ်တဲ့ ဆေးဝါးကို နောက် ၅ လ အတွင်းမှာ အသင့်ဖြစ်နေစေရမယ်ဆိုကာပြောကြားခဲ့ပါတယ်။

 

ဒေါက်တာ ဂွာဖူး ( Gao Fu ) မှ ပြီးခဲ့တဲ့ ကြာသပတေးနေ့က CGTN ကိုပြောကြားချက်အရ တကယ့် ကာကွယ်ဆေးကောင်း ၊ မှန်ကန်တိကျ ဘေးထွက်ဆိုးကျိုးနည်းတဲ့ ဆေးကို ရရှိဖို့ အမြဲအချိန်ယူဖို့လိုပါတယ်တဲ့ ဘာလို့ဆို အဆိုပါကာကွယ်ဆေးတွေကို ကျန်းမာတဲ့သူတွေမှအသုံးပြု မှာပါတဲ့။

 

အဆိုပါ ကာကွယ်ဆေးထွက်လာလျှင် စစချင်း အပြင်လူတွေဆီမရောက်ခင် ကျွန်တော်တို့ အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အရင်ဆုံး လိုအပ်သလို အသုံးပြု ခွင့်ပေးသွားမှာပါ သူတို့တွေက လူနာတွေနဲ့ အနီးကပ်နေရသူတွေမို့ပါ။အပြင်လူတွေအတွက် ကိုတော့ နောက်နှစ် အစောပိုင်းမှာ ပေါပေါသီသီ အသုံးပြုနိုင်ပါမယ်တဲ့။

 

ကမ္ဘာ့ လူဦးရေ ၂ . ၇ သန်း ကူးစက်ခံရပြီးတဲ့ အချိန်မှာ အခုဆိုရင်တော့ တိုင်းပြည်တိုင်းက ထိုဆေးဝါးကို ရှာဖွေလေ့လာနေကြပါတယ်။လက်ရှိတရုတ်ပြည်မှာ အဆိုပါဆေးကို ရှာဖွေဖော်ထုတ်တဲ့သူ သုံးဦးရှိပြီး နှစ်ဦးမှာ သူတို့ရဲ့ ဆေးဝါးစမ်းသပ်ခြင်း ဒုတိယ အဆင့်ကိုရောက်နေပါပြီ။

 

အော့စဖိုဒ့် တက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ချို့ဟာ သူတို့ရဲ့ ကိုရိုနာရောဂါကာကွယ်ဆေးကို လူသားနဲ့ စမ်းသပ်နေပါပြီ ၎င်းတို့ကို ကူညီ လုပ်အားပေးတဲ့သူပေါင်း ၈၀၀ ကျော်ရှိပါသတဲ့။


အော့စဖိုဒ့် တက္ကသိုလ်မှ ပရော်ဖက်ဆာ Sarah Gilbert ဟာ သူမတို့ ယခု ထုတ်ဖော်နေတဲ့ ကိုရိုနာရောဂါကာကွယ်ဆေးအတွက် စမ်းသပ်ချက်ကို ၈၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိပါတယ်တဲ့ ထို့ အပြင် သူမတို့ အဖွဲ့ဟာ ဆောင်းဦးရာသီမှာ ထိုဆေးကို ဖော်ထုတ်နိုင်ပါမယ်တဲ့။

 

ဆေးကိုတော့ အပြိုင်အဆိုင်ထုတ်နေကြတာပါပဲ သို့ပေမယ့် ဘယ်သူထုတ်တဲ့ဆေးက ပိုအစွမ်းထက်မလဲ ပြောမရပါဘူးတဲ့။ဆေးထုတ်တဲ့ နည်းကို ပိုကောင်းတဲ့ ဆေးဝါးရရှိဖို့ နှစ်ခုပေါင်းရတာမျိုးတွေရှိပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်က အခြား အသက်ရှုလမ်းကြောင်းမှာ ကြီးဆိုးတဲ့ အခြား ဗိုင်းရပ်စ်တွေထက် သန္ဓေပြောင်းပုံနှေးပါတယ်တဲ့။ဒါ့ကြောင့် သူ့အတွက် ဆေးတစ်ခု ထုတ်ဖော်ထားနိုင်ရင် ဗိုင်းရပ်စ် က သန္ဓေပုံစံ ပြောင်းသော်လည်း အံကိုက်လိုက်ဖြစ်နေမှာမို့ ဆေးတစ်ခုထွက်ရှိလာပါက ထိုဆေးက အရင် ဗိုင်းရပ်စ် ရော နောက် သန္ဓေပုံစံ ပြောင်းတာ နှေးကွေးတော့ သိပ်ပြောင်းလဲခြင်းမရှိတဲ့ ဗိုင်းရပ်စ် ကိုပါ လွယ်ကူစွာတိုက်ထုတ်နိုင်ပါလိမ့်မယ် နှစ်တွေတော်များများ အထိအဆိုပါဆေးကို အသုံးပြုနိုင်မယ်သိရပါတယ်။

 

<<< Zawgyi >>>

 


---------------------

 


 


 


 


 


 


 


 


 


 


 

Ref ; Daily Mail

Read times
Rate this item
(1 Vote)