What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 02 November 2020 07:42

COVID-19 ကူးစက်မှု တစ်သန်းကျော်တဲ့ နိုင်ငံ ၇ နိုင်ငံ ရှိသွားပြီ

ကမ္ဘာတစ်လွှားမှာ COVID-19 အကူးစက်ခံရသူ တစ်သန်းကျော်ရှိနေတဲ့ နိုင်ငံဟာ အခုဆို ၇ နိုင်ငံ ဖြစ်သွားပါပြီ။ အမေရိကန် Johns Hopkins တက္ကသိုလ်က

ကောက်ယူတဲ့ စစ်တမ်းအရ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာပါ ကူးစက်သူ တစ်သန်းကျော်ရှိလာတာကို အခု နောက်ဆုံး တွေ့ရှိခဲ့ရတာပါ။

အမေရိကန်ပြည်ထောင်စုက ကူးစက်သူ ၈.၃ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး
အိန္ဒိယက ၇.၆ သန်းကျော်နဲ့ ဒုတိယ၊
ဘရာဇီးလ်က ၅.၃ သန်းနဲ့ တတိယအများဆုံး ဖြစ်ပြီး
ရုရှားက တစ်သန်းခွဲနီးပါးနဲ့
အာဂျင်တီးနားက တစ်သန်းကျော် ရှိနေတာပါ။
အခုနောက်ဆုံး ကူးစက်သူ တစ်သန်းကျော် ဖြစ်လာတာက အနောက်ဥရောပက
စပိန်နဲ့ ပြင်သစ်တို့ ဖြစ်ပါတယ်။

ကမ္ဘာတလွှား မှာ အခုဆို ဒီရောဂါနဲ့ သေဆုံးရသူ ၁.၁ သန်းကျော် လာနေပြီ ဖြစ်တာကြောင့် ထိရောက်ပြီး စိတ်ချရတဲ့ COVID-19 ကာကွယ်ဆေး ထုတ်နိုင်ဖို့အပြိုင်ကြိုးစား နေကြတာ ဖြစ်ပါတယ်။

အမေရိကန်က နာမည်ကြီး ဆေးကုမ္ပဏီကြီး တခုဖြစ်တဲ့ Moderna က အခုဆို သူတို့ဟာ ဒီရောဂါ ကာကွယ်ဆေး အတွက် Phase 3 အဆင့် စမ်းသပ်မှုကို စတင်နေပြီဲဖြစ်ကြောင်း ကြာသပတေးနေ့မှာပြောပါတယ်။ လူပေါင်း ၃ သောင်းလောက် နဲ့ စမ်းသပ်နေတာ ဖြစ်ပြီး ဒီအထဲမှာ အသားအရောင်ရှိသူက တသောင်းကျော် ပါဝင်ကြောင်း ပြောပါတယ်။

တချိန်ထည်းမှာပဲ တရုတ်ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်းနဲ့ချီပြီး ဝယ်ယူဖို့ စီစဉ်နေတဲ့ ဘရာဇီးလ် ကျန်းမာရေးဝန်ကြီးရဲ့ အစီစဉ်ကို သမ္မတ Jair Bolsonaro က ပယ်ချလိုက် ပြီး ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ် နဲ့ စမ်းသပ်နေတဲ့ ကာကွယ်ဆေးကို ဝယ်ယူဖို့ အားသန်နေတာပါ။

 

 

 

Read times
Rate this item
(0 votes)