What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 March 2020 21:02

မလေးရှားနှင့် ထိုင်းပြန်များအတွက် ကွာရင်တိုင်း အစီအစဉ် ထုတ်ပြန်ကြေညာ

မလေးရှားနှင့် ထိုင်းပြန်များအတွက် ကွာရင်တိုင်း အစီအစဉ် ထုတ်ပြန်ကြေညာ


ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာကြမည့် မြန်မာနိုင်ငံသားအားလုံးကို ၎င်းတို့၏ နေအိမ်များတွင် (၁၄) ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်သွားမည်
(၂၃-၃-၂၀၂၀ ရက်၊ နေပြည်တော်)
၁။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် COVID-၁၉ ရောဂါ လျင်မြန်စွာ ကူးစက်ပျံနှံ့လာနေမှုကြောင့် မြန်မာနိုင်ငံသူ/နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သည့် ဤကူးစက်မှု ရောဂါအန္တရာယ်ကို ထိန်းချုပ်ကန့်သတ်သွားနိုင်ရန်အတွက် ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများဖြင့်သော်လည်းကောင်း၊ တရားဝင်ဖွင့်လှစ်ထားဆဲဖြစ်သည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှသော်လည်းကောင်း ပြန်လည်ဝင်ရောက်လာကြမည့် မြန်မာနိုင်ငံသားအားလုံးကို မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ၎င်းတို့၏ နေအိမ်များတွင် (၁၄)ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ကို ပြုလုပ်သွားမည်ဖြစ်ပါ၍ တိကျစွာ လိုက်နာရမည်ဖြစ်ပါကြောင်း၊ ဖော်ပြပါ မြန်မာနိုင်ငံသားများအနေဖြင့် ဤအသိပေးကြေညာချက် ထုတ်ပြန်သည့် (၂၂-၃-၂၀၂၀) ရက်နေ့ (၂၃:၁၅) နာရီအချိန်မှစတင်၍ အဆိုပါအစီအမံအား အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားကြပါရန် အသိပေးပန်ကြားအပ်ပါကြောင်းဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
၂။ ယင်းကြေညာချက်နှင့်အညီ မြဝတီနယ်စပ်ဂိတ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းအင်အားများကို တိုးမြှင့်လျက် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား အောက်ဖော်ပြပါ အစီအမံများအတိုင်း ကျန်းမာရေးစိစစ်မှုများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်-
(က) ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများအား တစ်ဦးနှင့်တစ်ဦး (၃) ပေအကွာ ခြားလျက် စနစ်တကျ တန်းစီစေခြင်း၊
(ခ) တစ်ဦးချင်းစီအား ကိုယ်အပူချိန် တိုင်းတာခြင်း၊
(ဂ) ကျန်းမာရေးကြေညာချက်ပုံစံ (Health Declaration Form) တွင် လိုအပ်သည့် အချက်အလက်များ အပါအဝင် အချိန်အခါမရွေး ဆက်သွယ်ရနိုင်မည့် နေရပ်လိပ်စာ၊ ဖုန်းအမှတ်များကို စနစ်တကျ ဖြည့်စွက် မှတ်တမ်းတင်ခြင်း၊
(ဃ) နေအိမ်များတွင် (၁၄) ရက်ကြာ သီးသန့်နေထိုင် စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်မည်ဖြစ်ရာ တိကျစွာ လိုက်နာကြရန်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခြင်း။
၃။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းလျက် ဖော်ပြပါမြန်မာနိုင်ငံသားများ ၎င်းတို့၏ နေအိမ်များတွင် (၁၄) ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ကို တိကျစွာလိုက်နာမှုရှိ/မရှိ စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ထားရှိကြောင်းလည်း သိရှိရပါသည်

Read times Last modified on Monday, 23 March 2020 21:04
Rate this item
(1 Vote)