What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 19 October 2021 10:11

မက္ကာဘုရားဖူးတွေ လူချင်းခပ်ခွာခွာနေရမယ့် စည်းကမ်း ဖြေလျှော့လိုက်ပြီ

အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့က အကြီးဆုံး ဗလီဝတ်ပြုကျောင်းမှာ

တနင်္ဂနွေနေ့က ဘုရားဖူးတွေ အုပ်စုလိုက် ဘေးချင်းယှဉ် စည်စည်ကားကားနဲ့ ဝတ်ပြုတာမြင်ရပြီး ဒီမြင်ကွင်းဟာ ကိုဗစ် စဖြစ်ခဲ့ချိန်ကစလို့ ပထမဦးဆုံး ပြန်မြင်ရတာ ဖြစ်ပါတယ်။

 

The-kaaba.jpg

ခပ်ခွာခွာနေပြီး ဘုရားဝတ်ပြုရမယ်ဆိုတဲ့ ကိုဗစ်ဆိုင်ရာ စည်းမျည်းတွေကိုလည်း ဆော်ဒီအာဏာပိုင်တွေက ပြန်လည် ဖြေလျှော့ခဲ့ပြီးနောက် ဘုရားဖူးတွေနဲ့ ခုလို စည်ကားနေတာပါ။
အခုလို လာရောက် ဝတ်ပြုသူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးထားရမှာ ဖြစ်သလို ဗလီအတွင်း သွားလာရာမှာလည်း နှာခေါင်းစည်း တပ်ထားရမှာ ဖြစ်ပါတယ်။ မဟာဗလီကျောင်း အလယ်က "Kaaba" ခေါ် အထွတ်အမြတ်ထားရာ နေရာကိုတော့ ထိတွေ့ရှိခိုးခွင့် မရသေးဘဲ အတားအဆီးတွေနဲ့ ကာရံထားဆဲ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးသား နိုင်ငံခြားသား မွတ်စလင်တွေ မက္ကာကို လာရောက် ဘုရားဖူးနိုင်ပြီဆိုပြီး ဆော်ဒီအစိုးရက သြဂုတ်လထဲ ကြေညာခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ ကာကွယ်ဆေးထိုးပြီးသား ဒေသခံပြည်သူ ၆၀,၀၀၀ ကိုသာ နှစ်စဉ်ကျင်းပနေကျ Hajj အတွက် ခွင့်ပြုပေးခဲ့ပါတယ်။
မက္ကာကို တကမ္ဘာလုံးကလာတဲ့ ဘုရားဖူးသူတွေထံကနေ နှစ်စဉ်ဆိုသလို ဒေါ်လာ ၁၂ ဘီလျံလောက် ဝင်ငွေရလေ့ရှိခဲ့ပေမယ့် ကိုဗစ်ကြောင့် ဆော်ဒီနိုင်ငံရဲ့ဝင်ငွေ ကျဆင်းခဲ့ရပါတယ်။ ဆော်ဒီနိုင်ငံမှာ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၅ သိန်းခွဲနီးပါးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၈,၇၀၀ ကျော် ရှိပါတယ်။

Read times Last modified on Tuesday, 19 October 2021 10:12
Rate this item
(0 votes)