What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 March 2020 01:10

(၂၄-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၃၀) နာရီ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၄-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၃၀) နာရီ
 
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယမန်နေ့ (၂၃-၃-၂၀၂၀) ရက်နေ့ ညတွင် ပေးပို့လာသော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ ဇယား (၁) တွင် ပါဝင်သော စောင့်ကြည့်လူနာ (၁၂) ဦး ၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။
၂။ ထို့အပြင် ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူနေသူ (၁၃) ဦး၊ တောင်ဥက္ကလာပအမျိုးသမီးနှင့်ကလေးဆေးရုံကြီးရှိ လူနာဆောင်သစ်တွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူနေသူ (၁၅) ဦးနှင့် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူနေသူ (၄၆) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်
 
 
 
Read times Last modified on Tuesday, 24 March 2020 01:14
Rate this item
(0 votes)