What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 October 2020 11:56

ဒေါက်တာခင်ခင်ကြီး နှင့် ယူမီယူရီ(ဂျပန်သတင်းစာ) အင်တာဗျူး

ဒေါက်တာခင်ခင်ကြီး(ညွှန်ကြားရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဌာနခွဲ) နှင့် အင်တာဗျူး

မေး။ ။ဒေါက်တာခင်ဗျား။ မြန်မာနိုင်ငံမှာ အခုရက်ပိုင်းကာလအတွင်း ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာနေရတာဘာကြောင့်ပါလဲဆိုတာ သိပါရစေခင်ဗျာ ။

ဒေါက်တာခင်ခင်ကြီး။ ။ ဘာကြောင့်များလာရသလဲဆိုတာပြောရရင်ပေါ့နော်၊ အဲဒါနဲ့ပတ်သက်ပြီးWHOရဲ့ weekly updateမှာပေါ့နော်၊အသစ်ကတော့ ဒီနေ့တော့ထွက်မယ်၊နောက်ဆုံးထွက်ရှိထားတဲ့အခြေအနေပေါ့နော်။
ကမ္ဘာမှာကိုဗစ် ကူးစက်မှုမှာ တစ်ပတ်အတွင်းလူ ၂ သန်းဖြစ်တယ်။ ၃၆၀၀၀ ကျော်သေဆုံးတယ်၊ အမေရိကRegionပြီးရင်အရှေ့တောင် အာရှဒေသက ဒုတိယအများဆုံးဖြစ်တယ်။အိန္ဒိယကအများဆုံးဖြစ်နေတယ်။
​တစ်ကမ္ဘာလုံးဖြစ်ပွားမှုရဲ့ ၃၂ %နှုန်းနဲ့ သေဆုံးမှုရဲ့ ၂၁ %ကအရှေ့တောင်အာရှကဖြစ်တယ်။ အမေရိကRegionမှာ ကူးစက်မှုရဲ့ ၃၈%သေဆုံးမှုက ၅၂%ရှိတယ်။အရှေ့တောင်အာရှဒေသမှာဆိုရင်ဖြစ်ပွားမှု အများဆုံးက အိန္ဒိယ ရယ်၊ အင်ဒိုနီးရှား ရယ်၊ဘင်္ဂလားဒေ့ရှ် တို့ဖြစ်တယ်၊ ကျမတို့မြန်မာနိုင်ငံတင်များနေတာမဟုတ်ဘူးပေါ့နော်။WHO weekly update
၂၇ရက်ဒေတာအရပေါ့နော်၊အိန္ဒိယမှာ ၆ သန်းဖြစ်တယ်၊ သေဆုံးမှုကတစ်သိန်းကျော်သွားပြီ၊ လူဦးရေတစ်သန်းမှာသေဆုံးမှုက ၆၈ ရှိနေတယ်၊အင်ဒိုနီးရှားမှာ ၂သိန်းခွဲကျော်ရှိတယ်၊သေဆုံးမှုက တစ်သောင်းကျော်ရှိတယ်။လူဦးရေတစ်သန်းမှာသေဆုံးမှုက ၃၈ ရှိတယ်။
ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ဖြစ်ပွားသူ ၃၆၀,၀၀၀ရှိတယ်၊သေဆုံးမှုက၅၀၀၀ ကျော်ရှိတယ်။
လူဦးရေတစ်သန်းမှာသေဆုံးသူက၃၈ရှိတယ်။ အဲဒီအချိန်မှာ မြန်မာက report လုပ်တဲ့အချိန်မှာတစ်သောင်းမပြည့်သေးဘူး။၉၉၉၁ရှိတယ်။သေဆုံးသူ ၁၉၈ရှိတဲ့အချ်န်မှာ ကျမတို့နိုင်ကံရဲ့လူဦးရေတစ်သန်းမှာသေဆုံးသူက၄ယောက်ပဲရှိတယ်။ဒါကြောင့်ဘယ်ဒေသ၊ဘယ်နိုင်ငံနဲ့ယှဥ်ယှဥ်ကျွန်မ တို့နိုင်ငံမှာများတယ်လို့မခေါ် နိုင်ဘူး။စင်ကာပူဆိုရင်ဖြစ်ပွားသူ ၅၇၆၀၀ ကျော်၊ ၆သောင်းလောက်ရှိတယ်။သေဆုံးမှုက ၂၇ယောက်ပဲရှိတယ်။ ဒါဟာသေဆုံးမှုနည်းတာပဲဆိုပြီး ဒီလိုယူဆလို့မရပါဘူး။လူဦးရေတစ်သန်းနဲ့ကြည့်ရင်သူ့ရဲ့သေဆုံးမှုက ၅ ယောက်ရှိတယ်။ကျမတို့ဆီမှာ ၄ ယောက်ပဲရှိတယ်။ ကျမတို့အရှေ့တောင်အာရှမှာဆိုရင်ကျန်တဲ့နိုင်ငံတွေနဲ့နှိုင်းယှဥ်ကြည့်ဖို့လိုတယ်။ကိုယ့်နိုင်ငံတစ်ခုတည်းကွက်ကြည့်လို့မရဘူး။

WHO Weekly Reportမှာ ကျမတို့နိုင်ငံမှာ ဖြစ်ပွားမှု ၉၂%တက်လာတယ်။သေဆုံးမှုက ၈၀% တက်လာတယ်။Report မှာ တက်လာတာပေါ့နော်။ ခုနကပြောခဲ့သလိုပေါ့နော်။ အရှေ့တောင်အာရှမှာ တစ်ကမ္ဘာလုံးဖြစ်ပွားမှုရဲ့ ၃၂ %နှုန်းနဲ့ သေဆုံးမှုရဲ့ ၂၁ % ဖြစ်တယ်ဆိုတာ ကျွန်မတို့နိုင်ငံကြောင့်မဟုတ်ဘူး၊ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ဘင်္ဂလားဒေ့ရှ် တို့ကြောင့် ဖြစ်တယ်၊
ကျွန်မတို့နိုင်ငံရဲ့လက်ရှိအနေအထားကတော့ သေဆုံးမှုနှုန်းများတဲ့အထဲမှာတော့မပါဘူး။ ဒါပေမယ့်ဘာကြောင့်သေဆုံးနေရသလဲဆိုရင် အသက်၇၅နှစ်အထက်ကသေဆုံးမှုနှုန်းများတယ်။ လူ၁၀၀မှာ၃၁%ရှိတယ်။ အသက်၆၀အထက်သေဆုံးမှုက ၆၅%ရှိတယ်။ဒါကြောင့်အသက်ကြီးသူတွေမှာသေဆုံးမှုနှုန်းများတယ်ဆိုတာတွေ့ရတယ်။ အီတလီမှာဆိုရင် ၃ သိန်းလောက်ဖြစ်တယ်၊သေဆုံးသူက၃၅၀၀၀လောက်ရှိတယ်။လူဦးရေအရ တစ်သန်းမှာ ၆၀၀လောက်သေဆုံးတယ်။အဲဒီအချိန်မှာမြန်မာက ၄ယောက်ပဲရှိတယ်။
ဘာလို့လဲဆိုတော့ ကမ္ဘာမှာ အီတလီမှာ အသက်ကြီးသူတွေ အများဆုံးရှိနေတယ်၊ အသက်ကြီးသူတွေက Riskရှိတယ်၊နောက်ခံရောဂါအခံရှိသူရှိတယ်၊ဒါကြောင့် သေဆုံးမှုနှုန်းတက်တာဖြစ်တယ်။
မြန်မာနိုင်ငံမှာလည်း အသက်၆ဝအထက် သေဆုံးမှုက၆၅%ရှိတာ ကြည့်ရင် သိသာနိုင်တယ်၊ သေဆုံးတယ်ဆိုတာ သေဆုံးမှုရဲ့ %ကိုပြောတာမဟုတ်ဘူး၊ CFRလို့ခေါ်တဲ့ Case Fatility Rate လို့ခေါ်တယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားသူ ၁၇၇၉၄ ဦးရှိတယ်။ သေဆုံးသူ ၄၁၂ ဦးရှိတယ်။ တစ်နိုင်လုံး General overall အနေနဲ့ကြည့်ရင် သေဆုံးမှုက( ၂.၃) ပဲရှိတယ်။ အဲဒီအချိန် တစ်ကမ္ဘာလုံး overall သေဆုံးမှုက ၃နဲ့၄ကြားမှာရှိတယ်။
ဒါကြောင့် အသက်ကြီးသူတွေ၊နောက်ခံရောဂါ backgroundရှိသူတွေပိုသေဆုံးတာဖြစ်တယ်။သေဆုံးသူအနေနဲ့တက်လာတယ်၊ သို့သော် တစ်နိုင်ငံချင်းဆီအလိုက် one million /death အနေနဲ့ဆိုကျွန်မတို့နိုင်ငံကမများဘူး။

မေး ။ ။ အခုပြည်တွင်းမှာပေါ့။ လွန်ခဲ့တဲ့တစ်လစက်တင်ဘာ၄ ရက်ကဆိုရင်ကူးစက်သူ ဟာတစ်ထောင်ဝန်းကျင်လောက်သာရှိပြီး သေ ဆုံးသူက ၇ ဦးပဲရှိတာတွေ့ရပါတယ်၊ မနေ့က(အောက်တိုဘာ၄ရက်)ကဆိုရင် ကူးစက်သူ ၁၇၀၀၀ ကျော် ခဲ့ပြီး သေဆုံးသူက ၄၀၀ ကျော်သွားပါတယ်။ ဘာကြောင့်များအခုလို ကိုဗစ်ကူးစက်မှုနဲ့သေဆုံးမှုနှုန်း ရုတ်ချည်းမြင့်တက်သွားရတာလဲဆိုတာသိပါ ရစေခင်ဗျာ ။

ဒေါက်တာခင်ခင်ကြီး ။ ။ ဒီကာလမှာဘာလို့မြင့်တက်လာရတာလဲပေါ့၊ ဒီကာလမှာထိန်းချုပ်နိုင်ပြီဆိုတဲ့ စပိန်၊ယူကေတို့မှာတောင်ပြန်တက်လာတာတွေ့ရပါတယ်။ အမေရိကားမှာလည်း သမ္မတကြီးနဲ့သမ္မတကတော်လည်းကူးစက်ခံရတယ်။ဒါဟာ အသက်ကြီးသော မကြီးသော ၊ ရာထူးရှိသောမရှိသော ၊မည်သူ့ကိုမဆိုကူးစက်နိုင်တယ်ဆိုတာပြတာပဲ။
ဘာလို့ကူးစက်မှုတွေဖြစ်နေလဲ။ဒါကိုကာကွယ်ရမယ့်နည်းလမ်းတွေကရှိပြီးသား၊Maskတပ်မယ်၊ မိမိအိမ်မှာပဲနေမယ်၊လက်ကိုမကြာခဏဆေးမယ်၊လူထူထပ်တဲ့ဆီမသွားဘူး၊ တစ်ယောက်နဲ့တစ်ယောက် ၆ ပေခွာ မယ်။
ဒီနည်းလမ်းတွေကိုမကျင့်သုံးတဲ့အခါမှာ၊ လျော့ရဲမှုတွေရှိတဲ့အခါမှာ၊စည်းကမ်းတွေမလိုက်နာတဲ့အခါမှာကူးသက်မှုတွေများလာနိုင်တယ်။
အခုကျွန်မတို့ရန်ကုန်ဆို ပြည်နယ်နှင့်တိုင်းတွေမှာဆိုရင်လူနေအထူထပ်ဆုံးပဲ၊
ရန်ကုန်ဆို တစ်စတုရန်းကီလိုမီတာမှာဆိုရင် လူ ၇၂၀ နေ ​ထိုင်တယ်။ မန္တလေးမှာဆိုရင် ၂၀၀ ပဲရှိတယ်၊ဧရာဝတီမှာဆိုရင် ၁၇၀ လောက် ရှိတယ်။
ပြောရရင်ရန်ကုန်ကအခြားပြည်နယ်တိုင်းတွေထက် လူဦးရေများတယ်။ ရွှေ့ပြောင်းလုပ်သားတွေ များတယ်။
အိမ်တစ်အိမ်ထဲမှာစု​ပြီး နေတဲ့သူများတယ်။ စက်ရုံ အလုပ်ရုံတွေများတယ်၊ Public transport ကိုအသုံး
ပြုတဲ့သူတွေ များတယ်။ ဒါကြောင့်ကူးစက်မှုဟာအခြားထက်အခွင့်အလမ်းကပိုများတယ်။ဒီမှာစည်းကမ်းလိုက်နာတယ်မလိုက်နာဘူး၊ဒီအပေါ်မှာလည်းအများကြီးမူတည်တယ်။အခု သေဆုံးသူ ၄၁၂ ဦး မှာ ရန်ကုန်က ၃၈၃ ဦးရှိနေပါတယ်။ ၉၃ ရာခိုင်နှုန်းရှိနေပါတယ်။ရောဂါဖြစ်ပွားမှုမှာလည်း ၈၀%ကနေ ၈၅ % အထိ ရှိနေပါတယ်။ မနေ့ကဆို၈၀%အောက်တစ်ချက်ရောက်သွားတာပေါ့၊
ရန်ကုန်မှာဘာကြောင့်များရသလဲဆိုရင်ရှေ့မှာရှင်းပြသွားသလိုပါပဲ။ အခုဆို ရန်ကုန် မှာ ၂၁ရက်စပြီးstay at homeဆောင်ရွက်နေတယ်။
စည်းကမ်းတွေအတိအကျလိုက်နာဖို့လိုတယ်၊ဘယ်လိုအကြောင်းနဲ့မှလူစုလူဝေးတွေဆောင်ရွက်ဖို့ မသင့်တော် ဘူး။မိမိကျန်းမာမှမိမိကိုယ်ကိုကာကွယ်နိုင်မယ်၊ မိမိကိုယ် သာမက မိသားစုကိုပါမကူးစက်အောင် စောင့်ရှောက်ကာကွယ်နိုင်မယ်၊ကျန်းမာရေးကနံပါတ်၁အရေးကြီးဆုံးဖြစ်ပါတယ်။
နောက်တစ်ခုက သေဆုံးမှုမှာဆိုရင်လည်း ၇၄ ယောက်ကသေဆုံးပြီးမှရောက်လာတယ်၊ဒါဟာစုစုပေါင်းသေဆုံးရဲ့ ၁၈ %ဖြစ်တယ်။ ဒါဟာဘာဖြစ်တာလဲဆိုရင် အိမ်မှာရောဂါဖြစ်တယ်၊မပြဘူး။ ကြိတ်ကုတယ်။ရောဂါရဲ့အတိမ်အနက်ကိုလျော့တွက်တယ်။ ကိုဗစ်ဟာပေါ့ဆလို့မရဘူး။ ဒါကြောင့်ကမ္ဘာမှာ ၃၅ သန်းကျော်ဖြစ်ပြီး ၁ သန်းကျော်သေတာက ပေါ့ဆလို့မရဘူး ဆိုတာ ပြနေတာပဲ။ တိုးတက်တဲ့နိုင်ငံတွေ၊ကမ္ဘာ့ဖွံဖြိုးမှုနိုင်ငံတွေ၊ကမ္ဘာ့နံပါတ်၁ အမေရိကန် တောင်မှ ဖြစ်တဲ့သူ ၇ သန်းကျော်ရှိတယ်၊သေဆုံးသူ ၂ သိန်းကျော်ရှိတယ်ဆိုတာ ပေါ့ဆလို့မရဘူးလို့ပြောတာဖြစ်တယ်။
ဒါကြောင့် မိမိမှာ မောတယ်၊ပန်းတယ်၊ချောင်းဆိုးတယ်၊အနံ့မရဘူးဆိုရင် ချက် ခြင်း သတင်းပို့ ၊ လိုအပ်လို့ရှိရင်စစ်ဆေးမှုခံယူမယ်။ ပိုးတွေ့လို့ရှိရင်ဆေးကုသမှုပေးမယ်၊သူ့ကို့ကိုသီးခြားထားမယ်။Contact တွေကို Trace လုပ်မယ်။ ဒီလိုလုပ်တာဟာကူးစက်မှုသံသရာကိုဖြတ်တောက်ဖို့ဖြစ်တယ်။
ပြည်သူလူထုအနေနဲ့ကတော့စိတ်အချရဆုံး၊စျေးအသက်သာဆုံး၊အကောင်းဆုံးနဲ့ အထိရောက်ဆုံးဗျူဟာကတော့အိမ်မှာနေဖို့ပဲဖြစ် ပါတယ်။

မေး ။ ။ အခုလိုမအားလပ်တဲ့အချိန်မှာအချိန်ပေးပြီးဖြေကြားပေးခဲ့တဲ့ ဒေါက်တာကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

ဒေါက်တာခင်ခင်ကြီး ။ ။ဟုတ်ကဲ့၊ ကျေဇူးပါရှင် ။

ယူမီယူရီ(ဂျပန်သတင်းစာ)အတွက် ဆရာမဒေါက်တာခင်ခင်ကြီးနဲ့ အင်တာဗျူး(ဖုန်းမှတဆင့်)ပြု လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာကိုဗစ်ကူးစက်မှုအခြေအနေ သတင်းဆောင်းပါးအတွက်သိချင်တဲ့အချက်တွေကို မေးမြန်းခဲ့တာပါ။
မအားလပ်တဲ့ကြားကနေဆရာမက အချိန်ပေးပြီးပြန်လည် ဖြေကြားပေးခဲ့ပါတယ်။ ဖြေကြားချက်များမှာ သတင်းအချက်အလက်တွေရော မှတ်သားလိုက်နာစရာတွေပါအများကြီးပါဝင်ပါတယ်။ ဒါကြောင့်ဒေါက်တာခင်ခင်ကြီး
နှင့်အင်တာဗျူးထားမှုကို ဖတ်ရှုနိုင်အောင် ပြန်လည် ရေးသားဖော်ပြ ပေးလိုက်ပါတယ်။
(ဓာတ်ပုံကို MRTV မှကူးယူဖော်ပြထားပါသည်)
ခင်မင်စွာဖြင့်
ကျော်စွာမင်း
(၆.၁၀. ၂၀၂၀)

Read times
Rate this item
(0 votes)