What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 29 March 2020 01:20

ရောဂါပိုးကူးစက်ခံရသူ ၈၈၉ ဦးကနေ သေဆုံးသူ ၁,၀၀၀ ကျော်လာတဲ့ အီတလီနိုင်ငံ

90251442_832926683874316_4730726126572273664_n.png

 

အီတလီနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူ ၈၈၉ ဦးကနေ ယခုဆိုရင် သေဆုံးဦရေး ၁၀,၀၂၃ ဦးအထိရှိလာခဲ့ပါတယ်။ တာဝန်ရှိသူများရဲ့ ပြောဆိုချက်အရ တစ်နေ့ကို ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆ ထောင်နီးပါးရှိလာပြီး ယခုဆိုရင် ၉၂,၇၄၂ ဦးအထိ တိုးလာတယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

 

ထိုလူတွေထဲက ၃၈၅၆ ဦးကို အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြည့်နေရပြီး လူပေါင်း ၂၆၀၀၀ ကျော်ကို ဆေးရုံမှာ ထားရှိထားကြောင်း သိရပါတယ်။ အီတလီနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်သတင်းအရဆိုရင် လူပေါင် ၄၀,၀၀၀ နီးပါးလောက် မိမိတို့ရဲ့ နေအိမ်မှာ ကျန်ရှိနေပြီး ၁၂,၃၈၄ ဦးကို ရောဂါပိုး မကူးစက်အောင် ကာကွယ်စောက်ရှောက်မှုတွေပေးထားတယ်လို့ သိရပါတယ်။

 

ကမ္ဘာပေါ်မှာ အီတလီနိုင်ငံဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း နှစ်ဆနီးပါး မြင့်တတ်လာခဲ့ပြီး ရောဂါဖြစ်ပွားမှုရဲ့ ဒုတိယ ဗဟိုပြုနိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။ မနေ့က သောကြာနေ့မှာဆိုရင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၉၁၉ ယောက် ရှိခဲ့ပါတယ်။ သေဆုံးမှုနှုန်းမြင့်တတ်လာတာဟာ ယူနိုက်တက်စတိတ်နိုင်ငံထက်စာရင် ဒုတိယ အများဆုံးနေရာမှာရှိနေပါတယ်။

 

မျက်နှာဖုံးနှင့် ကျန်းမာရေး အထောက်အကူပစ္စည်း ပျက်လျက်နေပြီး ဆေးရုံတွေမှာ လူနာ များပြည့်လျှံလာတာကြောင့် ဆရာဝန်များနှင့် သူနာပြုတွေကလည်း အလွန်ကို စိတ်ပျက်ဖွယ်ကောင်းလာတယ်လို့ ပြောဆိုလာတာတယ်လို့ သိရပါတယ်။ သုတသီများက ယခုပတ်အစောပိုင်းကာလတွင် အီတလီနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျှော့ကျသွားမယ်လို့ မျှော်လင့်ထားပေးမယ့် ကျွမ်းကျင်သများက ရောဂါ ပျံ့နှံ့မှုနှုန်း လျှော့ချနိုင်ဖို့ ဆုံးဖြတ်ချက်များ မပေးနိုင်သေးဘူးလို့ သိရပါတယ်။

 

WHO ၏ ဒေသခံညွှန်ကြားရေးမှူး Hans Kluge က "ယခုအချိန်မှာ အခြေနေက ဆိုးနေတုန်းပါပဲ ၊ ကျွန်တော်တို့ အားတတ်ဖွယ် သတင်းအချို့ကို စတင်မြင်တွေ့နေရပြီး" လို့ ပြောကြားခဲ့ပါတယ်။ အီတလီနိုင်ငံ ကို ဧပြီလ ၃ ရက်နေ့အထိသာ lock-down ပြုလုပ်သွားမယ်လို့ ကြေငြာထားပေမယ့်လည် သတ်မှတ်ရက်ထက် ပိုပြီး ရက်သက်တပတ်လောက် စောင့်ကြည့်ဖို့ ကျန်းမာရေး ကျွမ်းကျင်သူများက ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။

 Written By Aung Win (Health Products Directory)

Ref: Independent UK

 

(Zawgyi)

======


 


 


 


 


 


 


Ref: Independent UK

Read times
Rate this item
(0 votes)