What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 January 2022 11:51

ထိုင်းကို လာရောက်သူတွေ ကိုဗစ်ရှိ-မရှိ တပတ်စောင့်ကြည့်ခံရဖွယ်ရှိ

ထိုင်းကို လာရောက်သူတွေ ကိုဗစ်ရှိ-မရှိ တပတ်စောင့်ကြည့်ခံရဖွယ်ရှိ

ထိုင်းနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ် မျိုးကွဲသစ် Omicron အတည်ပြုလူနာ ၁၇၀၀ ကျော် ရှိသွာပြီဖြစ်တာကြောင့် စောင့်ကြည်ရေးစင်တာမဝင်၊ သီးခြားခွဲနေစရာ မလိုဘဲ Test and Go စနစ်နဲ့ ပြည်ဝင်ခွင့်ပေးထားတာကို လကုန်ထိရပ်ဆိုင်းထားဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အကြံပြုပါတယ်။ Omicron ကိုဗစ်ပိုးသစ်ကူးစက်သူတွေ ရှိနေတဲ့ ပြည်နယ်တွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရှိနေတဲ့အတွက် သတိထားစရာဖြစ်နေပါတယ်။

Omicron ကိုဗစ်မျိုးသစ် ကူးစက်သူတွေရှိနေတဲ့ ထိုင်းနိုင်ငံမှာ Omicron အတည်ပြုလူနာ ၁၇၈၀ ထိရှိသွားပြီလို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၃ ရက် တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်က နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွားတွေ ထိုင်းနိုင်ငံရောက်လာရင် သီးခြားခွဲနေစရာ မလိုဘဲ Test and Go စနစ်နဲ့ ပြည်ဝင်ခွင့်ပေးတာကို ဇန်နဝါရီလ ကုန်အထိ ဆက်ပြီး ရပ်ဆိုင်းထားသင့်တဲ့ အကြောင်း ကိုဗစ်ကပ်ရောဂါဆိုင်ရာ စီမံအုပ်ချုပ်ရေးဌာန CCSA နဲ့ အင်္ဂါနေ့ တေ့ွဆုံတဲ့အခါမှာ အကြံပြုပြောကြားမယ်လို့ ဒုဝန်ကြီး Mr. Anutin Charnvirakul က တနလာၤနေ့မှာ ပြောကြားခဲ့တာကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံမှာ Omicron ကိုးဗစ်ပိုးသစ် ပြည်တွင်းမှာ ကူးစက်သူ စတင်တေ့ွခဲ့ပြီးနောက် Test and Go ပြည်ဝင်ခွင့်ပေးတဲ့ စနစ်ကို ဒီဇင်ဘာ ၂၂ ရက်နေ့ထဲက ဆိုင်းထားခဲ့ပါတယ်။ ဒီဆိုင်းငံ့မှုနဲ့ပတ်သက်လို့ CCSA ဌာနက ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြန်လည်သုံးသပ်မှာဖြစ်ပါတယ်။ Test and Go စနစ်ကို ယာယီဆိုင်းထားတဲ့အတွက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံခြားက ရောက်လာသူတွေအနေနဲ့ ဟိုတယ်တွေမှာ ၇ ရက်ကနေ ၁၀ ရက်အထိ သီးခြားခွဲ နေကြရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ပြည်နယ်ပေါင်း ၄၀ ကျော်မှာ Omicron ကိုဗစ်မျိုးသစ် ကူးစက်သူတွေရှိနေပါတယ်။ အဲဒီပြည်နယ်တွေမှာ မြန်မာအလုပ်သမားအများစုက အလုပ်လုပ်နေကြတယ်လို့ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတက်ရေးအဖွဲ့က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“ ဒီနေ့ထိဆိုရင်တော့ ၁၇၀၀ကျော် ။အလုပ်သမားတွေကလည်းပြည်နယ်တိုင်း နေရာတိုင်းမှာရှိနေတာ။ ဖူးခက်ဆိုရင်ဖြစ်နေတာကြာပြီ။ အဲဒီမှာမြန်မာအလုပ်သမား အများကြီးရှိနေတဲ့ နေရာလေ။ ဥပမာပေါ့နော် ကျန်တာ ဘန်ကောက်တို့ စမွတ်ဆာခွန်းတို့မှာလည်း ဖြစ်နေတာလေ။ အဲဒါကအများဆုံးဖြစ်နေတဲ့နေရာတွေပဲလေ။”

လောလောဆယ်အထိတော့ Omicron ကူးစက်သူတွေကြား မြန်မာအလုပ်သမားတွေ ပါတယ်ဆိုတဲ့ သတင်းတော့ မသိရသေးပါဘူး။ Omicron ကိုဗစ်မျိုးသစ်ကူးစက်နေသူအများဆုံးက ဘန်ကောက်မြို့မှာ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေး ဌာနကထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်၊ ဘန်လမွန်းမြို့နယ်ထဲမှာ ကိုဗစ်ကူးစက်ခံရသူ ၃၄၂ ဦးနဲ့ပြည်နယ်အတွင်းမှာ တနင်္ဂနွေနေ့ တစ်ရက်ထဲ ကိုဗစ်ကူးစက်ခံရသူ ၄၄၂ ဦး ရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနဖော်ပြပါတယ်။ ဒီပြည်နယ်ထဲကကိုဗစ်အတည်ပြုလူနာ ၄၀၀ ကျော်မှာ Omicron လက္ခဏာ ၈၁ ရာခိုင်နှုန်း တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကဖော်ပြပါတယ်။ ထိုင်းတနိုင်ငံလုံးမှာ ဇန်နဝါရီလ ၃ ရက်နေ့အတွက် အတည်ပြုလူနာ ၃၀၀၀ နီးပါးရှိနေပါတယ်။

Omicron ကိုဗစ်မျိုးသစ် ရောဂါပိုးဟာ ၄၇ ပြည်နယ်မှာ ကူးစက် ပျံ့ပွားနေတာတွေ့ရပြီး စိုးရိမ်စရာကောင်းတဲ့ ပြည်နယ်နှစ်ခုကတော့ ချွန်ဘူရီ နဲ့ (Ubon ratchathani) အူဘွန်ရတ်ချ ဌာနီပြည်နယ်ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဌာနက ပြောထားပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၂ သန်း ၂ သိန်းကျော်ရှိပါတယ်။

ဗွီအိုအေ

Read times
Rate this item
(0 votes)