What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 April 2020 13:51

ကိုဗစ်ဆေးစက်ကိရိယာများ တင်ဆောင်သည့် ရုရှားစစ်လေယာဉ် အမေရိကန်သို ဆိုက်ရောက်

ထရန့် -ပူတင် ဖုန်းဖြင့် ပြောဆိုခြင်း၏ ရလဒ်အဖြစ် ရုရှားစစ်လေယာဉ်တစ်စင်းသည် ဆေးဘက်သုံး စက်ကိရိယာများတင်ဆောင်ပြီး

အမေရိကန်သို့ ဆိုက်ရောက်လာခဲ့သည်။ အဆိုပါစစ်လေယာဉ်သည် ဧပြီလ ၁ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖုန်းဖြင့် တိုက်ရိုက်အကူအညီတောင်းခံခြင်း၏ ရလဒ် ဖြစ်သည်။ ထရန့်သည် အမေရိကန်နိုင်ငံအတွင်း ventilators နှင့် PPE (personal protective equipment) မလုံမလောက် ဖြစ်နေသည်ကို ဖြည့်တင်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရုရှားသမ္မတ ပူတင်ထံသို့လည်း ဖုန်းဆက်ပြီး အကူအညီ တောင်းခံခဲ့ရာ ပူတင်က ချက်ချင်းတုံ့ပြန်ကာ ယခုလို အကူအညီပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်တိုက်ပွဲခေါ်သံအတွက် လိုအပ်နေသော ဗင်တီလေတာများ၊ မတ်စ်များ၊ အသက်ရှူမျက်နှာဖုံးစွပ်များနှင့်တကွ အခြားဆေးဘက်ဆိုင်ရ အသုံးအဆောင်များ စုစုပေါင်း တန် ချိန် ၆၀ ကို စစ်လေယာဉ်ဖြင့် အားချင်းပို့ပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ကိုဗစ်လူနာဦးရေ နှစ်သိန်းကျော် ရှိနေပြီး သေဆုံးသူ ၄၅၀၀ ဦး ရှိပြီ ဖြစ်သည်။
ရုရှားနိုင်ငံတွင် ကိုဗစ်လူနာဦးရေ ၂၃၃၇ ဦး ရှိပြီး သေဆုံးသူဦးရေ ၁၇ ဦး ရှိပြီ ဖြစ်သည်။

Read times
Rate this item
(1 Vote)