What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 04 April 2020 17:08

ဘယ်လို မတ်စ်မျိုးတွေ သုံးကြမလဲ

90251442_832926683874316_4730726126572273664_n.png

 

စင်ကာပူမှာ လော့ဒေါင်း လုပ်တော့မယ့်အကြောင်း လူထုကို ဝန်ကြီးချုပ် လီရှန်လွန်းက ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားတာမှာ မတ်စ် ဝတ်ဆင်ကြဖို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ တစ်ခါသုံးမတ်စ်တွေကို မရမှ မပူရအောင် အိမ်ထောင်စုတစ်စုကို လေးခုနှုန်းဖြင့် ဝေပေးထားခဲ့ကြောင်း သူက ပြောပြပါတယ်။ အခု လာမယ့် ရက်ပိုင်းအတွင်းမှာတော့ တစ်ဖန်ပြန်သုံးလို့ရမယ့် မတ်စ်တွေကို ပေးဝေမှာဖြစ်ကြောင်း ပြောကြားပါတယ်။


တစ်ဖန်ပြန်သုံးမတ်စ်တွေဟာ ရေလျှော်လို့ ရတယ်။ ပိုးသတ်ရည်နဲ့ ပိုးသတ်ပြီး ရေလျှော်ရမှာ ဖြစ်ပါတယ်။ လူအများတို့ မတစ်စ် ဝတ်သင့်တယ် မဝတ်သင့်ဘူး ဆိုတာ အငြင်းပွားနေဆဲ ဖြစ်ပါတယ်။ လက်ဆေးတာ မျက်နှာကို လက်နဲ့မထိတာက ပိုအရေးကြီးတယ်။ မတ်စ်က ပိုးမကူးအောင် မတားနိုင်ဘူးလို့ ဆိုကြတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့လည်း လီရှန်လွန်းက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 

 

ကျွန်တော်တို့ မတ်စ် ဝတ်ဆင်တာနဲ့ ပတ်သက်လို့ ပြန်စဉ်းစားခဲ့တယ်။ အခုအချိန်အထိ ကျွန်တော်တို့က နေထိုင်မကောင်းတဲ့သူတွေပဲ မတ်စ် ဝတ်ဆင်သင့်တယ်လို့ တိုက်တွန်းခဲ့တယ်။ အဲဒါက နေမကောင်းတဲ့သူထံမှ အခြားသူထံ ပိုးတွေ မကူးအောင် ကာကွယ်ပေးဖို့ ဖြစ်ပါတယ်”အဒီ အကြံပေးချက်ဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်အကြံပေးချက်နဲ့ ကိုက်ညီကြောင်း၊ စင်ကာပူမှာ ပိုးကူးတာပျံ့နှံ့မှုလည်း နည်းပါးနေခဲ့ကြောင်း၊ လမ်းမှာ သွားရင်းလာရင်း ကိုဗစ်ကူးစက်ခံလူနာနဲ့ တိုးမိဖို့ ဖြစ်နိုင်ခြေ နည်းပါးကြောင်း သူက ရှင်းပြတယ်။

 

“အခုတော့ အခြေအနေက ပြောင်းသွားပြီ။ လူတွေကြားတဲ့ ပိုးကူးခံထားရတဲ့သူတွေ ရှိနေပြီလို့ ယူဆပါတယ်။ သူတို့ကူးခံထားရတာကို မသိဘဲ လျှောက်သွားနေကြတယ်။ အခု ပိုးကူးခံထားရပေမဲ့ ရောဂါလက္ခဏာတွေ မပြတာ အထောက်အထားတွေ ကျွန်တော် ရရှိထားပါပြီ။ အဲဒီလို ရောဂါလက္ခဏာ မပြသသော်လည်း တခြားသူတွေ ပိုးကူးကုန်စေတာ တွေ့ရတယ်။ အဲဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီမတ်စ်ကိစ္စကို ပြန်လည် သုံးသပ်နေပါတယ်။

 

အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးဌာန စီဒီစီကလည်း ပြန်သုံးသပ်နေပါတယ်။ ဒီတော့ ကျွန်တော်တို့က လူတွေကို မတ်စ် ဝတ်ဆင်တာကို မတိုက်တွန်းဘဲ နေတာကို ကျွန်တော်တို့ ဆက်မလုပ်တော့ဘူး။ မတ်စ် ဝတ်ဆင်ခြင်းဖြင့် တခြားသူတွေဆီ ကိုယ့်ဆီမှ ပိုးမကူးအောင် ကာကွယ်ပေးတယ်။ တကယ်လို့ သင့်မှာ ပိုးရှိနေပြီ ဖြစ်ပေမဲ့ ကူးခံထားရကြောင်း မသိသေးတဲ့ကိစ္စရပ်မျိုးမှာ ဖြစ်ပါတယ်။

 

မတ်စ်ဝတ်ထားတော့ ခင်ဗျား နှာချေရင်ဖြစ်ဖြစ်၊ စကားပြောဆိုရင်ဖြစ်ဖြစ်၊ ချောင်းဆိုးရင်ဖြစ်ဖြစ် သင့်ဆီမှ စင်ထွက်တဲ့ အရည်စက်တွေကို သင့်ဆီမှာပဲ သိမ်းထားစေတယ်” ဘယ်လိုမတ်စ်တွေ ပေးဝေမလဲဆိုတာကိုလည်း လီကွမ်ယုရဲ့ သားဖြစ်သူ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပြပါတယ်။


“ဆာဂျီကယ် မတ်စ်တွေကို တကယ်လိုအပ်တဲ့သူတွေ သုံးစေမယ်။ ဆေးရုံတွေ ဆေးခန်းတွေမှ ကျန်းမာရေးစောင့်ရှောင်မှု ဝန်ထမ်းတွေ ဝတ်ဆင်စေမယ်။ ကျန်တဲ့သူတွေ အားလုံးအတွက်ကတော့ အခြားမတ်စ် အမျိုးအစားတွေကို သုံးစေမယ်။

 

တဖန်ပြန်သုံးလို့ရမယ့် မတ်စ် reusable mask တွေကို အကာအကွယ် ဖြည့်ထည့်ထာားပြီး ပေးဝေမယ်။ တနင်္ဂနွေနေ့ကစလို့ အစိုးရက reusable mask တွေ အိမ်ထောင်စုတိုင်းကို စဝေပေးမယ်။ တစ်ချိန်တည်းမှာပဲ အသင်းအဖွဲ့တွေက reusable mask တွေ ပြုလုပ်ပြီး ပေးလှူကြမယ်။ သက်ကြီးရွယ်အိုတွေအတွက် ဖြစ်ပါတယ်။ ဒါဟာ မိသားစုစိတ်ဓာတ် အပြန်အလှန်ထားရှိတာကို အားပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သတိရဖို့က မတ်စ် ဝတ်သည်ဖြစ်စေ မဝတ်သည်ဖြစ်စေ ခင်ဗျားတို့ လက်တွေဆေးတာကို ဆက်လုပ်ရမယ်။ ဘေးကင်းမယ့် အကွာအဝေးဖြင့် နေကြရမယ် “ လို့ သူ့လက်နှစ်ဖက်ကို ဆန့်တန်းပြီး ပြောပြခဲ့ပါတယ်။

တစ်ခါသုံးမတ်စ်တွေ ဝယ်လိုအားကောင်းတာကြောင့် ဈေးကွက်ထဲ ဝင်လာတာမှာ အရည်အသွေး မပြည့်မီတာတွေလည်း ပါလာတယ်။ သုံးလွှာအစား နှစ်လွှာသာ ပါလာတာလည်း ရှိတယ်။ တစ်ခါသုံးဖြစ်လို့ တစ်ရက်ထက် ပိုကြာအောင် ဝတ်ဆင်လို့ မရတာကြောင့် ဝတ်ဆင်မယ့် လူဦးရေအရ တွက်ချက်ကြည့်ရင် လုံလုံလောက်လောက် ရဖို့ ခဲယဉ်းတဲ့အပြင် ဈေးတွေ မတန်တဆ ကြီးသွားနိုင်ပါတယ်။

 

အဲဒီပြဿနာရဲ့ အဖြေကို တစ်ဖန်ပြန်သုံးလို့ရမယ့် မတ်စ်တွေ သုံးစွဲကြတာ ဖြစ်ပါတယ်။ စက်ရုံများမှ ထုတ်လုပ်တဲ့ တစ်ခါသုံးမတ်စ်တွေ ရှိသလို အိမ်တွင်းအချုပ်အလုပ် လုပ်ကိုင်မှုအဖြစ် ထုတ်လုပ်တာတွေလည်း ရှိပါတယ်။ ဘယ်လို ချုပ်ရမလဲဆိုတာ အောက်ဖော်ပြပါ ပုံကို နှိပ်လိုက်ရင် သင်ပြထားတဲ့ ဝက်ဘ်စာမျက်နှာကို ရောက်ရှိသွားပါလိမ့်မယ်။

 

ဖက်ရှင်ကျကျ မတ်စ် ချုပ်ပြီး ဝတ်ကြစို့

 

လွယ်လွယ်ကူကူဖြင့် ချုပ်လုပ်တဲ့နည်းကောင်းတစ်ခုကို ဖော်ပြပေးထားတာဖြစ်ပြီး နယူးယောက်တိုင်းမ်သတင်းဌာန ဝက်ဘ်စာမျက်နှာမှာ ဖော်ပြပေးခဲ့တဲ့ချုပ်လည်းလည်း ဖြစ်ပါတယ်။

90165828_212716063139335_1462378197545910272_n.png

Read times Last modified on Saturday, 04 April 2020 20:02
Rate this item
(1 Vote)