What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 July 2022 13:40

Covid 19 နဲ့ အရေပြား ပြဿနာ

အများအားဖြင့် Covid 19 လက္ခဏာတွေမှာ ဖျားခြင်း၊ချောင်းခြောက်ဆိုးခြင်း၊လည်ပင်းနာ၊ခေါင်းကိုက်ခြင်း၊ အန့ံ့အရသာပျောက်ခြင်း၊မောပန်းခြင်း၊ကိုယ်လက်တွေနာကျင်ခြင်း စတာတွေက တွေ့ရများတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

ဒါပေမယ့် အရေပြားနီမြန်းယားယံ၊နာကျင်ခြင်း(skin rashes) က တွေ့ရနည်းတဲ့လက္ခဏာဖြစ်ပါတယ်။Covid 19 ဟာ အရေပြားပေါ်ကိုလည်း သက်ရောက်မှုရှိပါတယ်။ ၁၇% သော Covid 19 လူနာတွေမှာ အခြားလက္ခဏာတွေနဲ့အတူ skin rashes တွေကို တွေ့ရပါတယ်။ တခါတလေမှာ skin rashes တွေပဲဖြစ်ပြီး positive ဖြစ်တဲ့လူနာတောင်ရှိပါတယ်။အရေပြားနီမြန်းယားယံ၊နာကျင်ခြင်း(Skin rashes)မှာလည်း အမျိုးအစားအမျိုးမျိုးကွဲပါသေးတယ်။တွေ့ရတဲ့ skin rashes အမျိုးအစားတွေကတော့

Chilblain- like lesion

နီရဲနေတဲ့ အရေပြားအကွက်လေးတွေက ခြေထောက်နဲ့လက်တွေမှာပေါ်လာပြီး ထိုအကွက်လေးတွေက နာတယ်၊ယားယံပါတယ်။

အများအားဖြင့်တော့ ခြေထောက်မှာဖြစ်တာများပြီး Covid toe လို့ခေါ်ကြပါတယ်။ စဖြစ်ပြီး တစ်ပတ်နဲ့နှစ်ပတ်မှာ တဖြည်းဖြည်း အရောင်ပြောင်းလာပြီး ကုသမှုကြီးကြီးမားမားမလိုပဲ ယောင်ယမ်းတာတွေသက်သာသွားတတ်ပါတယ်။

viber1.jpg

Maculopapular rash

သူကတော့ နီရဲနေတဲ့အဖုလေးတွေ ပြင်လိုက်ဖြစ်ပေါ်တာမျိုးပါ။ ပြင်းထန်တဲ့ Covid လက္ခဏာတွေခံစားရသူတွေမှာဖြစ်ပေါ်တတ်ပြီးတော့ သက်လတ်ပိုင်းနဲ့ အသက်ကြီးသူတွေမှာပိုဖြစ်တတ်ပါတယ်။

Covid ဖြစ်ပြီး ရက်၂၀ နဲ့တစ်လ အတွင်းမှာဖြစ်တတ်တဲ့အပြင် ထိုအဖုလေးတွေက ၂ပတ်လောက်ကြာအောင် ဖြစ်နေတတ်ပါတယ်။

Hives

 

အင်ပြင်လိုမျိုး၊အလက်ဂျစ်ထသလိုမျိုး အနီပိန့်တွေဖြစ်ပေါ်တာပါ။

သူကလည်း သက်လတ်ပိုင်းနဲ့ အသက်ကြီးသူတွေမှာပိုဖြစ်တတ်ပြီး ပြင်းထန်တဲ့ Covid လက္ခဏာတွေခံစားရသူတွေမှာဖြစ်တတ်ပါတယ်။

ဒါပေမယ့် သက်သာပျောက်ကင်းနိုင်တဲ့လက္ခဏာပါ။

Vesicular lesion

ခန္ဓာကိုယ်အရေပြားအောက်မှာ အရည်ကြည်ဖုလေးတွေဖြစ်ပေါ်လာခြင်ဖြစ်ပြီး ရေကျောက်နဲ့ဆင်ပါတယ်။

Covid-19 ဖြစ်တဲ့သူတွေမှာ တွေ့ရနည်းတဲ့အရေပြားလက္ခဏာတစ်ခုပါ။

BH Myanmar

viber.jpg

Read times
Rate this item
(0 votes)