What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 April 2020 10:25

မတ်စ် ဝတ်ဆင်ရင် ရှောင်ကြဉ်ရမယ့် အချက်များ

မတ်စ် ဝတ်ထားရတဲ့အခါ စိတ်မှာ ဂနာမငြိမ် အနည်းနဲ့ အများ ဖြစ်တယ်။

မျက်နှာမှာ စည်းထားတာကို ဖယ်ရှားချင် တယ်။ လေကို ချွေတာပြီး ရှူနေရတယ်လို့ ခံစားမိတယ်။ 

မတ်စ်ဝတ်ဆင်တာဟာ သူတစ်ပါးထံမှ ရောဂါ် မကူးစက်ဖို့အပြင် မိမိမှာ ရောဂါရှိနေတာကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူတစ်ပါးတို့ထံ ပျံ့နှံ့ကူးစက်ခြင်း မရှိအောင် အမြဲမပြတ်စတမ်း ဝတ်ဆင်ပေးထားတာရလည်း ဖြစ်ပါတယ်။

 

အသက်ရှူရတာ မဝလို့ နှာခေါင်းခဏ ဖော်ထားတာ မလုပ်အပ်ပါ။

 

 

မေးစေ့ပေါ်နေအောင် မတ်စ်က သေးနေတာကို မဝတ်ဆင်အပ်ပါ။

 

 

ဘေးမှာလည်း ချောင် အပေါ်မှာလည်း ချောင် မတ်စ်က ချောင်လွန်းနေတာကို မဝတ်ဆင်အပ်ပါ။

 

မတ်စ်က မျက်မှန်ကို လာလာရှုပ်နေလို့ နည်းနည်း အောက်ချပြီး နှာဖျားလုံရုံမျှ မဝတ်ဆင်အပ်ပါ။

 

လူရှင်းတုန်းခဏ မတ်စ်ကို မေးစေ့အောက်အထိ ဆွဲချထားတာ မလုပ်အပ်ပါ။

 

နှာခေါင်းအကွေးအထိ မတ်စ်က ရောက်ရမှာဖြစ်ပြီး အပေါ် အနားစွန်းက မျက်နှာကို ခပ်တင်းတင်း ကပ်နေရမှာ ဖြစ်ပါတယ်။ အောက်ပိုင်းမှာတော့ မေးစေ့ကို လုံနေပြီး ထုပ်ပိုးထားသလို ဖြစ်နေရပါမယ်။ 

 

မတ်စ်ကို ဝတ်ဖို့ ကောက်မကိုင်ခင် လက်ကို သေသေချာချာ ဆေးပါ။

 

မျက်နှာပေါ် ကျကျနန စိတ်တိုင်းကျ နေရာချပါ။ အပေါ်အနားစွန်းကို လက်ဖျားလေးတွေနဲ့ လိုက်ဖိပါ။

 

ဖြစ်နိုင်ရင် မျက်မှန်တပ်ပါ။

 

မတ်စ်ကို ပြန်ချွတ်ရင် မတ်စ်ရဲ့ အပြင်မျက်နှာပြင်ကို လက်နဲ့ မထိမိစေနဲ့။ အဲဒီမျက်နှာပြင် တံတွေးစင်ထားတာ ဖြစ်နေနိုင်တယ်။ 

 

တိုက်ခန်းမှာ နေသူတွေအဖို့ ကိုယ်နေတဲ့ တိုက်ခန်းအဝကို ရောက်မှ မတ်စ်ကို ချွတ်ပါ။ လှေကားတက်တုန်း၊ ဓာတ်လှေခါးစီးတုန်း မလုံမခြုံဖြစ်နေရင် မတ်စ်ကို သည်းခံပြီး တောက်လျှောက် ဝတ်လာသမျှ အလကား ဖြစ်မယ်။ 

 

 ချွတ်ပြီးရင် အပြင်သားကို အတွင်းမှာထားပြီး အလျားလိုက် ခေါက်ပါ။ ခါးလည်မှ ခေါက်ချိုးခေါက်ပါ။ ကြွပ်ကြွပ်အိတ်စလုံးထဲထည့် အလုံချည်ပြီး စွန့်ပစ်ပါ။

 

တစ်ခါသုံးမတ်စ် မဟုတ်လို့ ပြန်ဝတ်မယ်ဆိုရင် မတ်စ်ကို  ပိုးသတ်ဆေး ပါတဲ့အရည်ထည့်ထားတဲ့ ရေခွက်၊ ဇလုံငယ်ထဲ ထည့်စိမ်ပါ။

 

မတ်စ်ကို တစ်ကြိမ်ဝတ်ပြီးတိုင်း စိမ်လျှော်ပါ။ နေလှန်းပါ။ မီးပူတိုက်ပါ။ ခြောက်သွေ့တဲ့နေရာမှာ သိမ်းပါ။

 

မတ်စ်တပ်ထားလို့ လုံခြုံပြီလို့ ထင်ပြီး မပေါ့ဆပါနဲ့။

Read times Last modified on Friday, 10 April 2020 10:29
Rate this item
(1 Vote)