What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 April 2020 18:09

အာဆီယံ အိမ်နီးနားချင်းများ ကိုဗစ်အခြေအနေ 15 April 2020

အာဆီယံ အိမ်နီးနားချင်းများ ကိုဗစ်အခြေအနေ 15 April 2020

အာဆီယံတွင် ကိုဗစ်လူနာစုစုပေါင်း 22,000 ကျော်သို့ ရောက်ရှိ
ယနေ့အထိ ဖြစ်ပွားမှုများ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် 5,000 ကျော် အသီးသီး ရှိပြီ ဖြစ်သည်။
စင်ကာပူ (334) လူနာသစ်ပေါ်ပေါက်ခြင်း အများဆုံး ဖြစ်ပြီး အများဆုံး ဖြစ်နေသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။ အဓိကအကြောင်ရင်းမှာ စင်ကာပူသည် ရွှေ့ပြောင်းလုပ်သားများ ပေါင်းစုနေထိုင်သည့် အဆောင်တိုက်တာတွင် cluster အစုအဖွဲ့လိုက် ကူးစက်ခြင်း ဖြစ်ပွားနေသည်ကို ရင်ဆိုင်ကိုင်တွယ် နေရဆဲ ဖြစ်သည်။
စင်ကာပူပြီးလျှင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ အများဆုံး ဖြစ်ကြသည်။

သေဆုံးမှု 28 ခု ဖြစ်ပွားခဲ့သဖြင့် ၁၀ နိုင်ငံစုစုပေါင်း သေဆုံးသူဦးရေ 1,000 နားသို့ နီးလာပြီ ဖြစ်သည်။

ကောင်းသည့်လက္ခဏာမှာ အာဆီယံတွင် ကူစက်ခံရသူ လူနာ 22,000 တွင် 6,000 (26%) နီးပါးတို့သည် နေပြန်ကောင်းကြပြီ ဖြစ်ပြီး နောက်ထပ် နေပြန်ကောင်းမည့်သူများလည်း ရှိနေသဖြင့် COVID-19 တိုက်ပွဲတွင် အနိုင်ရသည့်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

WHO 7:00PM GMT+8 14 April 2020

 

 

အာဆီယံ အိမ္နီးနားခ်င္းမ်ား ကိုဗစ္အေျခအေန 15 April 2020

အာဆီယံတြင္ ကိုဗစ္လူနာစုစုေပါင္း 22,000 ေက်ာ္သို႔ ေရာက္ရွိ
ယေန႔အထိ ျဖစ္ပြားမႈမ်ား ဖိလစ္ပိုင္၊ အင္ဒိုနီးရွားႏွင့္ မေလးရွားတို႔တြင္ 5,000 ေက်ာ္ အသီးသီး ရွိၿပီ ျဖစ္သည္။
စင္ကာပူ (334) လူနာသစ္ေပၚေပါက္ျခင္း အမ်ားဆုံး ျဖစ္ၿပီး အမ်ားဆုံး ျဖစ္ေနသည္မွာ ႏွစ္ရက္ရွိၿပီ ျဖစ္သည္။ အဓိကအေၾကာင္ရင္းမွာ စင္ကာပူသည္ ေရႊ႕ေျပာင္းလုပ္သားမ်ား ေပါင္းစုေနထိုင္သည့္ အေဆာင္တိုက္တာတြင္ cluster အစုအဖြဲ႕လိုက္ ကူးစက္ျခင္း ျဖစ္ပြားေနသည္ကို ရင္ဆိုင္ကိုင္တြယ္ ေနရဆဲ ျဖစ္သည္။
စင္ကာပူၿပီးလွ်င္ ဖိလစ္ပိုင္ႏွင့္ အင္ဒိုနီးရွားတို႔ အမ်ားဆုံး ျဖစ္ၾကသည္။

ေသဆုံးမႈ 28 ခု ျဖစ္ပြားခဲ့သျဖင့္ ၁၀ ႏိုင္ငံစုစုေပါင္း ေသဆုံးသူဦးေရ 1,000 နားသို႔ နီးလာၿပီ ျဖစ္သည္။

ေကာင္းသည့္လကၡဏာမွာ အာဆီယံတြင္ ကူစက္ခံရသူ လူနာ 22,000 တြင္ 6,000 (26%) နီးပါးတို႔သည္ ေနျပန္ေကာင္းၾကၿပီ ျဖစ္ၿပီး ေနာက္ထပ္ ေနျပန္ေကာင္းမည့္သူမ်ားလည္း ရွိေနသျဖင့္ COVID-19 တိုက္ပြဲတြင္ အႏိုင္ရသည့္ဘက္သို႔ ေရာက္ရွိေနၿပီ ျဖစ္သည္။

WHO 7:00PM GMT+8 14 April 2020

Read times
Rate this item
(0 votes)