What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 September 2021 13:14

အစ္စရေးတွင် ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးမှ ဆေးအပြည့်ထိုးပြီးသူဟု သတ်မှတ်

အစ္စရေးနိုင်ငံတွင် ကိုဗစ်ကာကွယ်ရေး ထိုးဆေး နှစ်ကြိမ်ထိုးပြီးလျှင် ဆေးအပြည့်အဝထိုးပြီးသူဟု မသတ်မှတ်တော့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လေ့လာမှုများအရ ‌ကိုဗစ်ကာကွယ်ရေး ၂ ကြိမ်ထိုးပြီးသည့်နောက် ၅ လကျော်အကြာတွင် တတိယအကြိမ် ဆေးထပ်မံထိုးနှံပါက ကိုဗစ်ကြောင့် အပြင်းအထန် မကျန်းမာခြင်းကို ပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရပါတယ်။ ဒုတိယမအကြိမ် ထိုးနှံပြီး ၅ လကျော် အကြာတွင် တတိယအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးကို အရှိန်တင်ထိုးနှံခြင်း booster jab ကို ထိုးနှံထားသူတို့သည် မထိုးနှံသူတို့ထက် အပြင်းအထန် မကျန်းမာခြင်းကို ၁၀ ဆ ပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်ပြီး ကူးစက်ခံရခြင်းကို ၁၁ ဆ ပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရပါတယ်။
သို့ဖြစ်ရာ ကိုဗစ်ကာကွယ်ရေး ထိုးဆေး ၃ ကြိမ် ထိုးပြီးမှသာ ဆေးအပြည့်အဝ ထိုးထားသူဟု ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
အစ္စရေး ကာကွယ်ဆေး ပတ်စ်ပေါ့် vaccine passport အစိမ်းရောင်လက်မှတ် ကိုင်ဆောင်ထားသူတို့သည် Pfizer-BioNTech ကို တတိယအကြိမ် ထိုးနှံရမှာ ဖြစ်ပြီး ပျက်ကွက်ပါက အစိမ်းရောင်လက်မှတ် ဆုံးရှုံးမှာ ဖြစ်ပါတယ်။
အဆိုပါ လက်မှတ် မရထားရင် ကိုဗစ် ပျံ့ပွားမှု တားမြစ်ရေး ကန့်သတ်ချက်များကို လိုက်နာရမှာ ဖြစ်လို့ ခရီးသွားလာခွင့်၊ စားသောက်ဆိုင် ထိုင်စားခွင့်အစရှိတဲ့ လုပ်ကိုင်ခွင့်များ တားမြစ်ခံရမှာ ဖြစ်ပါတယ်။
ကိုဗစ် ကာကွယ်ရေးထိုးဆေးကို တတိယအကြိမ် ထိုးနှံပြီးရင် စတုတ္ထအကြိမ် ထိုးဖို့ လိုမလို မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
WSJ

Read times
Rate this item
(0 votes)