What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 April 2020 10:18

(၁၇-၄-၂၀၂၀) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၇-၄-၂၀၂၀) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၁၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၂)နာရီအချိန် ထုတ်ပြန်ချက်ဖြင့် (၁၆-၄-၂၀၂၀)ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပေးပို့လာ သော COVID-19 ရောဂါ စောင့်ကြည့်လူနာ (၁၁၀)ဦးနှင့် အသွားအလာကန့်သတ်ထားသူ (၁၅၉)ဦး၊ စုစုပေါင်း (၂၆၉) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၅၀၅) ဦး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ (၈၅) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၄၂၀) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။
၃။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅)ဦး တွေ့ရှိခဲ့သည့်အနက် (၇၉)ဦးအား အောက်ပါ ဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် (၂) ဦးမှာ ရောဂါပိုးကင်းစင်ပြီး ဖြစ်သဖြင့် နေအိမ်နှင့် သက်ဆိုင်ရာနေရာတို့တွင် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်းအား ရက်သတ္တ (၂)ပတ်ခန့် ဆက်လက်ဆောင်ရွက်ထားရှိပါသည်။ ယနေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ အနက်မှ သေဆုံးသူ (၄) ဦးရှိခဲ့ပါသည်။
 
 
Read times
Rate this item
(0 votes)