What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 February 2020 11:18

ကိုရိုနာဗိုင်းရပ်စ် နဲ့ တုပ်ကွေး ဗိုင်းရပ်စ်ကို နှိုင်းယှဉ်လိုက်တဲ့အခါ

လက်ရှိလူအများကြား ရေပန်းစားပျံ့နှံ့နေတာကတော့ ကိုရိုနာဗိုင်းရပ်စ်ပဲဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်အပြင် အခြားသောအဖျားရောဂါတစ်မျိုးပါ ဖြစ်ပွားပျံ့နှံ့နေတယ်ဆိုတာကတော့ လူသိနည်း ပါတယ်။ ဒါကြောင့် ရာသီအဖျားနဲ့ ကိုရိုနာဗိုင်းရပ်စ်ဘာတွေကွာလဲ ဘာကပိုပြီးစိုးရိမ်ဖို့ကောင်းတယ်ဆိုတာကို လေ့လာကြည့်ကြပါစို့။


ကိုရိုနာဗိုင်းရပ်စ်ကတော့ တရုတ်ပြည်မှာလူပေါင်း ၄၀၀ ကျော်သေဆုံးပြီး လူပေါင်း ၂၀,၀၀၀ နဲ့အထက် ဖျားနာ စေခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ပြင်ပမှာတော့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကိန်းဂဏန်းများအရ ၂ ဦးသေဆုံးပြီး လူပေါင်း ၂၀၀ နဲ့အထက် ဖျားနာနေခဲ့ပါတယ်။ ဒီလိုပဲ influenza လို့ခေါ်တဲ့ ရာဦအဖျားရောဂါကတော့ အမေရိ ကန်တစ်ခုတည်းနဲ့တင် လူပေါင်း ၁၉ သန်းလောက်ကို ဖျားနာနေစေခဲ့ပြီး ယခုရာသီမှာ လူပေါင်း ၁,၀၀၀ ကို သေဆုံးစေခဲ့ပါပြီ။ ဆေးရုံတင်ရတဲ့ လူနာပေါင်းကတော့ ၁၈၀,၀၀၀ လောက်ရှိခဲ့ပါတယ်။ ဒါက ရောဂါထိန်းချုပ် ရေးနဲ့ကာကွယ်ရေးဌာနတစ်ခုဖြစ်တဲ့ CDC ရဲ့ အသိပေးဖော်ပြမှုအရပဲဖြစ်ပါတယ်။

 

ရောဂါလက္ခဏာနဲ့ ပြင်းထန်မှု (ရာသီတုပ်ကွေး)

ရာသီတုပ်ကွေးအဖျားရောဂါတွေဖြစ်တဲ့ influenza (A) နဲ့ (B) တို့အပြင် လက်ရှိလူသိများနေတဲ့ ကိုရိုနာဗိုင်း ရပ်စ်တို့အားလုံးက အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာကိုဖြစ်စေပါတယ်။ ပုံမှန်အဖျားရောဂါရဲ့ လက္ခဏာ တွေကတော့ အဖျားတက်မယ်၊ ချောင်းဆိုးမယ်၊ လည်ချောင်းနာမယ်၊ ကြွက်သားတွေနာကျင်မယ်၊ ခေါင်းကိုက် မယ်၊ နှာစေးမယ်၊ မောပန်းမယ်၊ တစ်ခါတစ်ရံမှာဆိုရင် ပျို့အန်မယ်နဲ့ ဝမ်းသွားမယ်ဆိုတာတွေရှိပါတယ်။ အဖျား ရောဂါလက္ခဏာတွေ ချက်ခြင်းဆိုသလိုပြတတ်ပါတယ်။ အဖျားရောဂါခံစားရတဲ့ လူအများစုကတော့ ၂ ပတ် အတွင်း ပျောက်ကင်းတတ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်

လက်ရှိအထိတော့ ရောဂါလက္ခဏာနဲ့ ပြင်းထန်မှုကိုအခုထိလေ့လာနေတုန်းအဆင့်ပဲလို့ဆိုကြပါတယ်။ ပြည့်ပြည့်စုံစုံနားမလည်သေးဘူးပေါ့။ အများစုကတော့ ဖျားမယ်၊ ချောင်းဆိုးမယ်နဲ့ အသက်ရှုမဝတာတွေပဲဖြစ် ပါတယ်။ ဒီထဲကမှ ၅ ရာခိုင်းနှုန်းလောက်ကတော့ လည်ချောင်းနာမယ်နဲ့ နှာစေးမယ်ဆိုတာတွေဖြစ်လာပါတယ်။ ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းလောက်အထိကတော့ ဝမ်းသွားမယ်၊ အစာမကြေသလိုလိုနဲ့ ပျို့အန်မယ်ဆိုတာ တွေဖြစ်တတ်ပါတယ်။ တရုတ်မှာဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ၁၄ ရာခိုင်နှုန်းကတော့ တော်တော်လေး ပြင်းထန်တဲ့အဆင့်ကို သတ်မှတ်ထားကြပါတယ်။


ဘယ်လိုခွဲမလဲ

ရောဂါ ၂မျိုးစလုံးက အသက်ရှုလမ်းကြောင်းဆိုင်ရာကို ဒုက္ခပေးတော့ ခွဲခြားဖို့ခက်လှပါတယ်။ ဒါကြောင့် ရောဂါ လက္ခဏာကိုကြည့်ပြီးခွဲခြားဖို့တော့ မဖြစ်နိုင်သေးပဲ ဆေးရုံကိုသွားပြတာအကောင်းဆုံးပါပဲ။

 

သေဆုံးမှုနှုန်
အမေရိကန်မှာတော့ ဝ.၀၅ ရာခိုင်နှုန်းလောက်ပဲ သေဆုံးကြပါတယ်။ ဒါကြောင့် သေဆုံးမှုရာခိုင်နှုန်းအရ အရမ်းကြီးတော့ မမြင့်ပါဘူး။  ကိုရိုနာဗိုင်းရပ်စ်အတွက်တော့ သေချာရှင်းလင်းဖော်ပြမှုမရှိသေးပါဘူး။ ဒါပေမယ့် ရာသီတုပ်ကွေးထက် တော့များမှာ သေချာပါတယ်။ ရောဂါစတင်ပျံ့နှံ့စဉ်ကနဲ့ တွက်ချက်မယ်ဆိုရင်တော့ သေဆုံးမှုနှုန်းကရောဂါ ဖြစ်ပွားမှုရဲ့ ၂ ရာခိုင်နှုန်းလို့ဆိုနိုင်ပါတယ်။

 

ရောဂါပျံ့နှံ့ခြင်း

ရောဂါပျံ့နှံ့မှုနှုန်းကို တွက်ချက်မယ်ဆိုရင်တော့ ဆေးပညာဆိုင်ရာအရ မျိုးပွားမှုနှုန်း RO ကိုအခြေခံတွက်ချက် ကြပါတယ်။ စဖြစ်တဲ့လူတစ်ယောက်ဆီကနေ ဘယ်နှစ်ယောက်အထိ ကူးစက်တယ်ပေါ့။ ရာသီတုပ်ကွေးက တော့ RO တန်ဖိုးအရဆိုရင် 1.3 လောက်အထိရှိမယ်လို့ The New York Times ရဲ့ဖော်ပြမှုအရ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကတော့ RO value 2.2 လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ဆင့်ပွားကူးစက်မှုနှုန်းက ပျမ်းမျှအား ဖြင့် လူနှစ်ယောက်ကျော်ကျော်လို့ သတ်မှတ်ထားကြပါတယ်။

 

ကူးစက်မှုအန္တရာယ်

အမေရိကန်လူဦးရေရဲ့ ၈ ရာခိုင်နှုန်းလောက်အထိ ကူးစက်တယ်လို့ CDC ကဖော်ပြထားပါတယ်။ ဒါကလည်း ရာသီတိုင်းပါပဲ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ကတော့ အမေရိကန်မှာဖြစ်ပွားမှုပေါင်း ၁၁ခုပဲရှိလို့ အမေရိကန် နိုင်ငံရဲ့ တွက်ချက်မှုအရဆိုရင်တော့ နိမ့်နေပါသေးတယ်။

 

ပြည်တွင်းကူးစက်ရောဂါလား ကမ္ဘာ့အနှံ့ကူးစက်ရောဂါလား

ရာသီတုပ်ကွေးရောဂါကို ကမ္ဘာအနှံ့ကူးစက်တက်တဲ့ ကပ်ရောနဲ့ နိုင်းယှဉ်ရတာနည်းနည်းတော့ခက်ပါတယ်။ ရာသီတုပ်ကွေးက ပြည်တွင်းမှာပဲဖြစ်တတ်ပါတယ်။ ကပ်ရောဂါကတော့ နိုင်ငံတစ်နိုင်ငံကနေ နောက်တစ်နိုင်ငံ ကိုကူးစက်နိုင်ပါတယ်။ ရာသီတုပ်ကွေးအများစုကတော့ ပြည်တွင်းမှာပဲအဖြစ်များပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဝက်တုပ်ကွေးကတော့ လူဦးရေ ၁သန်းခွဲကနေ ၅သန်းခွဲလောက်နီးပါး သေဆုံးခဲ့ပြီး ကမ္ဘာအနှံ့အတိုင်းနဲ့ပဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို အစကနဦးကတော့ ကမ္ဘာအနှံ့ကို တဖြည်းဖြည်း ပျံ့နှံ့လာတာပဲ ဖြစ်ပါတယ်။


ကာကွယ်ရန်

ကူးစက်မှုမှကာကွယ်ရန် ကာကွယ်ဆေးထိုး ထားသည့်ရာသီအလိုက်တုပ်ကွေးနှင့်မတူဘဲ 2019-nCoV အတွက်ကာကွယ်ဆေးမရှိသေးပါ။ သို့သော်အမေရိကန် အမျိုးသားကျန်းမာရေး အင်စတီကျု့မှ သုတေသီများက ဆေးပညာဖွံ့ဖြိုးမှုရဲ့ အစောပိုင်းအဆင့်ကို ရောက်ရှိခဲ့ပေမယ့် လာမည့်သုံးလအတွင်း 2019-nCoV အတွက် အလားအလာရှိတဲ့ ကာကွယ်ဆေး အဆင့် ၁ ကို လက်တွေ့စမ်းသပ်မှုပြုလုပ်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်နေပါတယ်။

 

ယေဘုယျအားဖြင့် CDC သည် coronaviruses နှင့်တုပ်ကွေးဗိုင်းရပ်စ်များက ပါဝင်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်များ ပျံ့နှံ့ခြင်းကို တားဆီးရန်အတွက် အောက်ပါ အချက်တွေကို အကြံပြုခဲ့ပါတယ်။ သင့်ရဲ့ လက်တွေကို မကြာခဏ ဆပ်ပြာကို ရေဖြင့်အနည်းဆုံးစက္ကန့် ၂၀ ကြာအောင်ဆေးကြောပါ။ သင်ရဲ့ မျက်လုံးများ၊ နှာခေါင်း နှင့် ပါးစပ်တို့ကို မသန့်ရှင်းသော လက်ဖြင့်ထိခြင်းမှ ရှောင်ကြဉ်ပါ ၊ ဖျားနာနေသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ နေမကောင်းဖြစ်သည့်အခါ အိမ်တွင်နေပါ။ မကြာခဏထိတွေ့နေသည့် အရာဝတ္ထုများ နှင့် မျက်နှာပြင်များကို သန့်ရှင်းမှုများပြုလုပ်ဖို့ အကြံပြုချက်များ ပေးခဲ့ပါတယ်။

Written By Health Products Directory

Ref: LiveScience

 

(Zawgyi)

----------

ကို႐ိုနာဗိုင္းရပ္စ္ နဲ႔ တုပ္ေကြး ဗိုင္းရပ္စ္ကို ႏႈိင္းယွဥ္လိုက္တဲ့အခါ

 

လက္ရွိလူအမ်ားၾကား ေရပန္းစားပ်ံ႕ႏွံ႔ေနတာကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိမွာ ကို႐ိုနာဗိုင္းရပ္စ္အျပင္ အျခားေသာအဖ်ားေရာဂါတစ္မ်ိဳးပါ ျဖစ္ပြားပ်ံ႕ႏွံ႔ေနတယ္ဆိုတာကေတာ့ လူသိနည္း ပါတယ္။ ဒါေၾကာင့္ ရာသီအဖ်ားနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ဘာေတြကြာလဲ ဘာကပိုၿပီးစိုးရိမ္ဖို႔ေကာင္းတယ္ဆိုတာကို ေလ့လာၾကည့္ၾကပါစို႔။


ကို႐ိုနာဗိုင္းရပ္စ္ကေတာ့ တ႐ုတ္ျပည္မွာလူေပါင္း ၄၀၀ ေက်ာ္ေသဆုံးၿပီး လူေပါင္း ၂၀,၀၀၀ နဲ႔အထက္ ဖ်ားနာ ေစခဲ့ပါတယ္။ တ႐ုတ္ျပည္ရဲ႕ျပင္ပမွာေတာ့ ေဖေဖၚဝါရီလ ၅ ရက္ေန႔ကိန္းဂဏန္းမ်ားအရ ၂ ဦးေသဆုံးၿပီး လူေပါင္း ၂၀၀ နဲ႔အထက္ ဖ်ားနာေနခဲ့ပါတယ္။ ဒီလိုပဲ influenza လို႔ေခၚတဲ့ ရာဦအဖ်ားေရာဂါကေတာ့ အေမရိ ကန္တစ္ခုတည္းနဲ႔တင္ လူေပါင္း ၁၉ သန္းေလာက္ကို ဖ်ားနာေနေစခဲ့ၿပီး ယခုရာသီမွာ လူေပါင္း ၁,၀၀၀ ကို ေသဆုံးေစခဲ့ပါၿပီ။ ေဆး႐ုံတင္ရတဲ့ လူနာေပါင္းကေတာ့ ၁၈၀,၀၀၀ ေလာက္ရွိခဲ့ပါတယ္။ ဒါက ေရာဂါထိန္းခ်ဳပ္ ေရးနဲ႔ကာကြယ္ေရးဌာနတစ္ခုျဖစ္တဲ့ CDC ရဲ႕ အသိေပးေဖာ္ျပမႈအရပဲျဖစ္ပါတယ္။

 

ေရာဂါလကၡဏာနဲ႔ ျပင္းထန္မႈ (ရာသီတုပ္ေကြး)

ရာသီတုပ္ေကြးအဖ်ားေရာဂါေတြျဖစ္တဲ့ influenza (A) နဲ႔ (B) တို႔အျပင္ လက္ရွိလူသိမ်ားေနတဲ့ ကို႐ိုနာဗိုင္း ရပ္စ္တို႔အားလုံးက အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ျပႆနာကိုျဖစ္ေစပါတယ္။ ပုံမွန္အဖ်ားေရာဂါရဲ႕ လကၡဏာ ေတြကေတာ့ အဖ်ားတက္မယ္၊ ေခ်ာင္းဆိုးမယ္၊ လည္ေခ်ာင္းနာမယ္၊ ႂကြက္သားေတြနာက်င္မယ္၊ ေခါင္းကိုက္ မယ္၊ ႏွာေစးမယ္၊ ေမာပန္းမယ္၊ တစ္ခါတစ္ရံမွာဆိုရင္ ပ်ိဳ႕အန္မယ္နဲ႔ ဝမ္းသြားမယ္ဆိုတာေတြရွိပါတယ္။ အဖ်ား ေရာဂါလကၡဏာေတြ ခ်က္ျခင္းဆိုသလိုျပတတ္ပါတယ္။ အဖ်ားေရာဂါခံစားရတဲ့ လူအမ်ားစုကေတာ့ ၂ ပတ္ အတြင္း ေပ်ာက္ကင္းတတ္ပါတယ္။

 

ကို႐ိုနာဗိုင္းရပ္စ္

လက္ရွိအထိေတာ့ ေရာဂါလကၡဏာနဲ႔ ျပင္းထန္မႈကိုအခုထိေလ့လာေနတုန္းအဆင့္ပဲလို႔ဆိုၾကပါတယ္။ ျပည့္ျပည့္စုံစုံနားမလည္ေသးဘူးေပါ့။ အမ်ားစုကေတာ့ ဖ်ားမယ္၊ ေခ်ာင္းဆိုးမယ္နဲ႔ အသက္ရႈမဝတာေတြပဲျဖစ္ ပါတယ္။ ဒီထဲကမွ ၅ ရာခိုင္းႏႈန္းေလာက္ကေတာ့ လည္ေခ်ာင္းနာမယ္နဲ႔ ႏွာေစးမယ္ဆိုတာေတြျဖစ္လာပါတယ္။ ၁ ရာခိုင္ႏႈန္းကေန ၂ ရာခိုင္ႏႈန္းေလာက္အထိကေတာ့ ဝမ္းသြားမယ္၊ အစာမေၾကသလိုလိုနဲ႔ ပ်ိဳ႕အန္မယ္ဆိုတာ ေတြျဖစ္တတ္ပါတယ္။ တ႐ုတ္မွာျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ ၁၄ ရာခိုင္ႏႈန္းကေတာ့ ေတာ္ေတာ္ေလး ျပင္းထန္တဲ့အဆင့္ကို သတ္မွတ္ထားၾကပါတယ္။


ဘယ္လိုခြဲမလဲ

ေရာဂါ ၂မ်ိဳးစလုံးက အသက္ရႈလမ္းေၾကာင္းဆိုင္ရာကို ဒုကၡေပးေတာ့ ခြဲျခားဖို႔ခက္လွပါတယ္။ ဒါေၾကာင့္ ေရာဂါ လကၡဏာကိုၾကည့္ၿပီးခြဲျခားဖို႔ေတာ့ မျဖစ္ႏိုင္ေသးပဲ ေဆး႐ုံကိုသြားျပတာအေကာင္းဆုံးပါပဲ။

 

ေသဆုံးမႈႏႈန္း

အေမရိကန္မွာေတာ့ ဝ.၀၅ ရာခိုင္ႏႈန္းေလာက္ပဲ ေသဆုံးၾကပါတယ္။ ဒါေၾကာင့္ ေသဆုံးမႈရာခိုင္ႏႈန္းအရ အရမ္းႀကီးေတာ့ မျမင့္ပါဘူး။  ကို႐ိုနာဗိုင္းရပ္စ္အတြက္ေတာ့ ေသခ်ာရွင္းလင္းေဖာ္ျပမႈမရွိေသးပါဘူး။ ဒါေပမယ့္ ရာသီတုပ္ေကြးထက္ ေတာ့မ်ားမွာ ေသခ်ာပါတယ္။ ေရာဂါစတင္ပ်ံ႕ႏွံ႔စဥ္ကနဲ႔ တြက္ခ်က္မယ္ဆိုရင္ေတာ့ ေသဆုံးမႈႏႈန္းကေရာဂါ ျဖစ္ပြားမႈရဲ႕ ၂ ရာခိုင္ႏႈန္းလို႔ဆိုႏိုင္ပါတယ္။

 

ေရာဂါပ်ံ႕ႏွံ႔ျခင္း

ေရာဂါပ်ံ႕ႏွံ႔မႈႏႈန္းကို တြက္ခ်က္မယ္ဆိုရင္ေတာ့ ေဆးပညာဆိုင္ရာအရ မ်ိဳးပြားမႈႏႈန္း RO ကိုအေျခခံတြက္ခ်က္ ၾကပါတယ္။ စျဖစ္တဲ့လူတစ္ေယာက္ဆီကေန ဘယ္ႏွစ္ေယာက္အထိ ကူးစက္တယ္ေပါ့။ ရာသီတုပ္ေကြးက ေတာ့ RO တန္ဖိုးအရဆိုရင္ 1.3 ေလာက္အထိရွိမယ္လို႔ The New York Times ရဲ႕ေဖာ္ျပမႈအရ သိရပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ကေတာ့ RO value 2.2 ေလာက္ရွိမယ္လို႔ ခန႔္မွန္းထားၿပီး ဆင့္ပြားကူးစက္မႈႏႈန္းက ပ်မ္းမွ်အား ျဖင့္ လူႏွစ္ေယာက္ေက်ာ္ေက်ာ္လို႔ သတ္မွတ္ထားၾကပါတယ္။

 

ကူးစက္မႈအႏၲရာယ္

အေမရိကန္လူဦးေရရဲ႕ ၈ ရာခိုင္ႏႈန္းေလာက္အထိ ကူးစက္တယ္လို႔ CDC ကေဖာ္ျပထားပါတယ္။ ဒါကလည္း ရာသီတိုင္းပါပဲ။ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ကေတာ့ အေမရိကန္မွာျဖစ္ပြားမႈေပါင္း ၁၁ခုပဲရွိလို႔ အေမရိကန္ ႏိုင္ငံရဲ႕ တြက္ခ်က္မႈအရဆိုရင္ေတာ့ နိမ့္ေနပါေသးတယ္။

 

ျပည္တြင္းကူးစက္ေရာဂါလား ကမာၻ႔အႏွံ႔ကူးစက္ေရာဂါလား 

ရာသီတုပ္ေကြးေရာဂါကို ကမာၻအႏွံ႔ကူးစက္တက္တဲ့ ကပ္ေရာနဲ႔ ႏိုင္းယွဥ္ရတာနည္းနည္းေတာ့ခက္ပါတယ္။ ရာသီတုပ္ေကြးက ျပည္တြင္းမွာပဲျဖစ္တတ္ပါတယ္။ ကပ္ေရာဂါကေတာ့ ႏိုင္ငံတစ္ႏိုင္ငံကေန ေနာက္တစ္ႏိုင္ငံ ကိုကူးစက္ႏိုင္ပါတယ္။ ရာသီတုပ္ေကြးအမ်ားစုကေတာ့ ျပည္တြင္းမွာပဲအျဖစ္မ်ားပါတယ္။ ဒါေပမယ့္ ၂၀၀၉ ခုႏွစ္ကျဖစ္ပြားခဲ့တဲ့ ဝက္တုပ္ေကြးကေတာ့ လူဦးေရ ၁သန္းခြဲကေန ၅သန္းခြဲေလာက္နီးပါး ေသဆုံးခဲ့ၿပီး ကမာၻအႏွံ႔အတိုင္းနဲ႔ပဲျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ကို အစကနဦးကေတာ့ ကမာၻအႏွံ႔ကို တျဖည္းျဖည္း ပ်ံ႕ႏွံ႔လာတာပဲ ျဖစ္ပါတယ္။


ကာကြယ္ရန္

ကူးစက္မႈမွကာကြယ္ရန္ ကာကြယ္ေဆးထိုး ထားသည့္ရာသီအလိုက္တုပ္ေကြးႏွင့္မတူဘဲ 2019-nCoV အတြက္ကာကြယ္ေဆးမရွိေသးပါ။ သို႔ေသာ္အေမရိကန္ အမ်ိဳးသားက်န္းမာေရး အင္စတီက်ဳ႕မွ သုေတသီမ်ားက ေဆးပညာဖြံ႕ၿဖိဳးမႈရဲ႕ အေစာပိုင္းအဆင့္ကို ေရာက္ရွိခဲ့ေပမယ့္ လာမည့္သုံးလအတြင္း 2019-nCoV အတြက္ အလားအလာရွိတဲ့ ကာကြယ္ေဆး အဆင့္ ၁ ကို လက္ေတြ႕စမ္းသပ္မႈျပဳလုပ္ဖို႔ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စီစဥ္ေနပါတယ္။

 

ေယဘုယ်အားျဖင့္ CDC သည္ coronaviruses ႏွင့္တုပ္ေကြးဗိုင္းရပ္စ္မ်ားက ပါဝင္သည့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ဗိုင္းရပ္စ္မ်ား ပ်ံ႕ႏွံ႔ျခင္းကို တားဆီးရန္အတြက္ ေအာက္ပါ အခ်က္ေတြကို အႀကံျပဳခဲ့ပါတယ္။ သင့္ရဲ႕ လက္ေတြကို မၾကာခဏ ဆပ္ျပာကို ေရျဖင့္အနည္းဆုံးစကၠန႔္ ၂၀ ၾကာေအာင္ေဆးေၾကာပါ။ သင္ရဲ႕ မ်က္လုံးမ်ား၊ ႏွာေခါင္း ႏွင့္ ပါးစပ္တို႔ကို မသန႔္ရွင္းေသာ လက္ျဖင့္ထိျခင္းမွ ေရွာင္ၾကဥ္ပါ ၊ ဖ်ားနာေနသူမ်ားႏွင့္ အနီးကပ္ထိေတြ႕ျခင္းကို ေရွာင္ၾကဥ္ပါ။ ေနမေကာင္းျဖစ္သည့္အခါ အိမ္တြင္ေနပါ။ မၾကာခဏထိေတြ႕ေနသည့္ အရာဝတၳဳမ်ား ႏွင့္ မ်က္ႏွာျပင္မ်ားကို သန႔္ရွင္းမႈမ်ားျပဳလုပ္ဖို႔ အႀကံျပဳခ်က္မ်ား ေပးခဲ့ပါတယ္။

Written By Health Products Directory

Ref: LiveScience

Read times
Rate this item
(0 votes)