What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 September 2020 08:33

မန္တလေးမြို့ Stay at Home မြို့နယ်များအတွက် ကြေငြာချက်ထုတ်ပြန်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ Stay at Home သတ်မှတ်ခဲ့သည့် မဟာအောင်မြေမြို့နယ်၊

ချမ်အေးသာစံမြို့နယ်နှင့် အမရပူရ မြို့နယ်များ အတွင်းရှိ ပြည်သူများလိုက်နာရန်အတွက် စက်တင်ဘာလ ၂၈ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန် အသိပေးထားပါသည်။

 


ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်

 

 ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ copol Coronavirus Disease 2019 (COVID-19) ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်  တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်များကို မိမိနေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်အမှတ် (၁၁၀/၂၀၂၀)ကို (၂၀၂၀)ပြည့်နှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သဖြင့် အဆိုပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများ အနေဖြင့် အောက်ပါစည်းကမ်းချက်များကို သိရှိရန်နှင့် လိုက်နာရန်လိုအပ်ပါသည် -

 (က) ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် 

ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ 

စက်သုံးဆီ အရောင်းဆိုင်များ၊

 စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ၊ 

ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ 

ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ 

နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများ၊

 ဆိပ်ကမ်းပို့ကုန်သွင်းကုန် သယ်ဆောင်သည့် 

ကုန်တင် မော်တော်ယာဉ်၊ 

ရေယာဉ်လုပ်ငန်းများ၊ 

ကုန်းတွင်းကုန်သေတ္တာစခန်းများ (Inland Container Depot)

ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးရသော လုပ်ငန်းများဖြစ်သည့် 

စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ 

ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း 

အင်တာနက်ဝန်ဆောင်မှုများ၊ 

တာဝါနှင့် ဖိုက်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကိုသာ

 လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရန်ဖြစ်ပါသည်။ 

( ခ ) အထက်အပိုဒ်ခွဲ(က)ပါလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည့် ဝန်ထမ်းများ ဝင်/ထွက်ခွင့်ရရှိရေးအတွက် လုပ်ငန်းရှင်/ကုမ္ပဏီပိုင်ရှင်က မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ လျှောက်ထားရယူရန် ဖြစ်ပါသည်။ 

(ဂ) အခြားမြို့နယ်များသို့ လုပ်ငန်းကိစ္စဖြင့် သွားရောက်လိုပါက ဝင်ထွက်ခွင့် ကတ်ပြားများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရယူရန်ဖြစ်ပါသည်။ 

(ဃ) အထက်အပိုဒ်ခွဲ(က)ပါလုပ်ငန်းများတွင် မပါဝင်သည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် နေအိမ်မှနေ၍ လုပ်ငန်းများဆောင်ရွက်ရန် ဖြစ်ပါသည်။ ။

(c) ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းခြင်းများ မပြုလုပ်ရန် ဖြစ်ပါသည်။

(စ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာ သွားရောက်ရန်ဖြစ်ပြီး ဈေးဝယ်ရန် ဝင်/ထွက်ခွင့်ကတ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်းဖြင့် ထုတ်ယူနိုင်ပါသည်။ ဈေးဝယ်ရန် သွားရောက်ရာတွင် ယာဉ်မောင်း (၁)ဦး၊ ဈေးဝယ်သူ (၁)ဦး စုစုပေါင်း (၂)ဦးသာ သွားရောက်ရန်ဖြစ်ပြီး ပါးစပ်/နှာခေါင်းစည်းများ တပ်ဆင်သွားရန်ဖြစ်ပါသည်။ 

မြို့နယ်အတွင်းရှိ ဈေးများကို နေ့စဉ် နံနက် (၆)နာရီမှ (၁၂)နာရီအထိ ဖွင့်လှစ် ပေးမည်ဖြစ်ပြီး ကျန်အချိန်များတွင် ပိတ်ထားမည်ဖြစ်ပါသည်။ 

ဈေးသည်များသည် ဈေးရောင်းချရာတွင် ပါးစပ်/နှာခေါင်းစည်း၊ Face Shield ၊ လက်အိတ်များ မဖြစ်မနေ ဝတ်ဆင်ထားရန်လိုအပ်ပါသည်။ 

ကမ်းနားလမ်းနှင့် (၄၁)လမ်းထောင့်ရှိ ကုန်စိမ်း လက်ကားဈေးကို နေ့စဉ် နံနက် (၄)နာရီမှ နံနက် (၆)နာရီအထိ တစ်ကြိမ်နှင့် နေ့လယ်(၁၁)နာရီမှ ည(၁၁)နာရီအထိ တစ်ကြိမ် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကျန်အချိန်များတွင် ဈေးပိတ်ထားမည်ဖြစ်ပါသည်။ 

( ဇ ) ကုန်စည်ဒိုင်များ၊ ပွဲရုံများမှ ကုန်ပစ္စည်းများ လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် ဝင်/ထွက်ခွင့် ကတ်ပြားများကို နီးစပ်ရာဈေးစည်ပင်ဌာနတွင် ထုတ်ယူရန်နှင့် ကုန်စည် ဒိုင်များ၊ ပွဲရုံများအနေဖြင့် ကုန်ဝယ်ယူသူများ၏ အမည်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်း

နံပါတ်များကို မှတ်သားစာရင်းပြုစု၍ ဈေးများဌာနသို့ ပေးပို့ရန်လိုအပ်ပါသည်။ 

( ဈ ) လက်လီဈေးဝယ်သူများအနေဖြင့် မိမိမြို့နယ်အတွင်းရှိ ဈေးများတွင်သာ ဈေးဝယ်ရန်နှင့် အခြားမြို့နယ်များမှလည်း လာရောက်ဝယ်ယူခြင်းမပြုရန် ဖြစ်ပါသည်။ 

(ည) ဈေးဝယ်ရန်နှင့် ဆေးခန်းသွားရန် သတ်မှတ်ထားသည့် လူဦးရေထက်ပိုလျှင်ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ တင်ပြစေရန်နှင့် တာဝန်ထမ်းဆောင်ရန် သွားရောက် ပြန်လာ သူများမှအပ ခွင့်ပြုချက်မရှိဘဲ ရပ်ကွက်အပြင်မှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်သွားလာခြင်းမပြုရန်ဖြစ်ပါသည်။ ( ဋ ) Shopping Mall များတွင် မဖြစ်မနေ ဖွင့်လှစ်ခွင့်ပြုရမည့် ဆိုင်ခန်းများမှအပ ကျန်ဆိုင်ခန်းများအား ယာယီပိတ်သိမ်းသွားရန်ဖြစ်ပါသည်။ 

(ဌ) Delivery စနစ်ဖြင့် စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်သူများအား ဝင်/ထွက်ခွင့်ကတ်ပြားများ ပြုလုပ်ပေးရန် လုပ်ငန်းရှင်မှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရန်နှင့် မြို့နယ်အတွင်းသာ လိုက်လံပို့ဆောင်ရန်ဖြစ်ပါသည်။

( ဍ ) ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက်များ၊ ကုန်စိမ်းများ လိုက်လံရောင်းချသူများအနေဖြင့် နီးစပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဝင်/ထွက်ခွင့် ကတ်ပြားများ ရယူ ရောင်းချရန်ဖြစ်ပါသည်။ 

(ဎ) ကျန်းမာရေးကိစ္စအတွက် ဆေးရုံဆေးခန်းသွားရန်လိုအပ်ပါက ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးများတွင် တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်းဖြင့် ထုတ်ယူရန်နှင့် ယာဉ်မောင်းအပါအဝင် (၃)ဦးသာ သွားရောက်ခွင့်ပြုမည်ဖြစ်ပါသည်။ 

 

 ၂။ မော်တော်ယာဉ်များသည် မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်များအတွင်း ရပ်နားခွင့်မရှိဘဲ အောက်ပါလမ်းကြောင်းများမှ ဖြတ်သန်းမောင်းနှင်ရန်နှင့် အခြားလမ်းများမှ ဖြတ်သန်း မောင်းနှင်ခြင်းမပြုရန် ဖြစ်ပါသည် - 

(က) အရှေ့-အနောက်လမ်းများ

(၁) ၂၆ ဘီလမ်း (၂) လမ်း ၃၀ (၃) ၃၅ လမ်း (၄) သိပ္ပံလမ်း

တောင်-မြောက်လမ်းများ

 (၁) ကမ်းနားလမ်း (၂) ၈၄ လမ်း (၃) လမ်း ၈၀ (၄) ၇၈ လမ်း (၅) ၇၃ လမ်း (၆) ၆၆ လမ်း (၇) ၆၂ လမ်း (၈) အရှေ့မြို့ပတ်လမ်း။ 

 

၃။ မော်တော်ယာဉ်များသည် အမရပူရမြို့နယ်အတွင်း ရပ်နားခွင့်မရှိဘဲ အောက်ပါလမ်းကြောင်း များမှ ဖြတ်သန်းမောင်းနှင်ရန်နှင့် အခြားလမ်းများမှ ဖြတ်သန်းမောင်းနှင်ခြင်းမပြုရန်ဖြစ်ပါသည် -

(က) ကမ်းနားလမ်း 

( ခ ) စစ်ကိုင်း-မြစ်ငယ်လမ်း 

(ဂ) ကွမ်းသီးတန်းလမ်းမှ တောင်သမန်ကန်ပတ်လမ်းအထိ 

(ဃ) ရန်ကုန်-မန္တလေးလမ်းဟောင်း 

(c) ထုံးဘို-မြစ်ငယ်လမ်း ( စ) ၆၂ လမ်း။

 

၄။ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ သယ်ယူပို့ဆောင်လာသည့် ကုန်စည်တင်ယာဉ်များအား စွယ်တော်ကားကြီးကွင်းနှင့် ဒေါနဘွားကားကြီးကွင်းများတွင်သာ ကုန်တင်ကုန်ချခွင့်ပြုသွားရန် ဖြစ်ပါသည်။

 

 ၅။ အထက်ပါညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

Read times
Rate this item
(0 votes)