What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 18 April 2020 15:42

ကိုရိုနာရောဂါဖြစ်ပွားစဉ်သူ့ရဲ့ အတွေ့အကြုံတွေကိုပြောပြခဲ့တဲ့ မင်းသားကြီး Tom Hanks

Hollywood ရဲ့ အကျော်အမော်တစ်ဦးဖြစ်တဲ့ အော်စကာဆုရှင် မင်းသားကြီး Tom Hanks က သူနှင့် သူရဲ့ ဇနီးသည်ဖြစ်သူ Rita Wilson နဲ့ ကိုရိုနာရောဂါကြောင့် ခန္ဓာကိုယ် အပူချိန် မြှင့်တက်ခါ အပြင်းဖျားနေချိန်တွင် တွေ့ကြုံခဲ့ရတဲ့ကိစ္စတွေကို အချက်ကျကျ ပြန်လည်ဝေမျှပေးသွားပါတယ်။

 

 

ယခုဖော်ပြချက်များမှာ The National Defense Radio Show တွင် ပြီးခဲ့တဲ့ ကြာသပတေးနေ့က Tom Hanks ကိုယ်တိုင်ပြောကြားခဲ့တာဖြစ်ပြီး ကိုရိုနာရောဂါခံစားရတာခြင်းတူတူ သူနဲ့ သူ့ အမျိုးသမီးခံစားရတဲ့ ဝေဒနာ လက္ခဏာတွေ မတူပါဘူးတဲ့ ။

 

Tom Hanks ပြောကြားခဲ့တာကတော့ - '' ကျွန်တော့်ရဲ့ Rita က ရောဂါရဲ့ ဒဏ်ကို ခံစားရတာ ပိုဆိုးတယ် ဒါ့ထက်သူမအနေနဲ့ တကယ့်ကို ဆိုးရွားတဲ့ ကျန်းမာရေး ဒဏ်ကို ခံခဲ့ရတယ် ကျွန်တော့်ထက် ရောဂါဝေဿနာ ပိုခံစားခဲ့ရပါတယ် သူမ အနေနဲ့ အဖျားတွေအရမ်းကြီးတယ် ဒါ့ထက် မျက်လုံးအကြည့်တွေ ဝေဝါးလာတယ် ထို့နောက် အစားအစာတွေကို အရသာ မခံနိုင်တော့ဘူး ဒါ့ထက် ရနံ့ တွေကိုပါ သတိမပြု မိတော့တဲ့ အထိဖြစ်ခဲ့တာပါ ၊ ကျွန်တော်ကတော့ ခန္ဓာကိုယ် နေရာ အနှံ ယားယံတာမျိုးရှိတယ်ထို့အပြင် ပင်ပန်း နှုန်းချိနေတယ် ဒီလိုလက္ခဏာလောက်ပဲ ပြခဲ့ပါတယ် '' လို့ အော်စကာဆုရှင်မင်းသားကြီးမှ ပြောကြားသွားပါတယ်။

 

အခုအချိန်မှာတော့ သူတို့ နှစ်ဦးလုံးမှာ ရောဂါပျောက်ကင်းသွားခဲ့ပါပြီ ၎င်းတို့ နှစ်ဦးစလုံးက ရောဂါ လက္ခဏာ ပြပြ ခြင်းကိုပဲ အခြားသူများ မကူးစက်စေရန် သြစတေးလျ ဆေးရုံမှာ ၃ ရက် အလုံပိတ် အခန်းထဲ နေခဲ့ ရပါတယ်။

 

ထိုအချိန်အတွင်း Tom Hanks ပြောကြားချက်အရ ဆရာဝန်က အမြဲ လေ့ကျင့်ခန်း လုပ်ပြီး ၃၀ မိနစ်တစ်ခါ ၁၀ မိနစ်နဲ့ တင် သူအတော်လေး နှုန်းချိပါတယ်တဲ့။ထို့အပြင် အကြင်နာတရားနဲတဲ့ ဆရာဝန်တစ်ဦးနဲ့ တွေ့တော့ သူ့အနေနဲ့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်တဲ့။ထို့အပြင် ဆရာဝန်မှ သူ့အား အတော်လေးတုန်းတဲ့ သူပဲ ဆိုကာ အပြစ်တင်ပြောဆိုပေးပါသတဲ့။

 


ထို့အပြင် Tom Hanks နဲ့ သူရဲ့ အမျိုးသမီး Rita Wilson တို့ဟာ ရောဂါ စမ်းသပ်ရာတွင် လွယ်ကူစေဖို့ သူတို့ရဲ့ သွေးတွေကို လှူခဲ့ပါသေးတယ်တဲ့ အခုအချိန်မှာ Tom ဟာ နေကောင်းလာပြီး Hidden Heroes program ကို ပါဝင်ထားတယ်သိရပါတယ်။

 

<<< Zawgyi >>> 

 


----------------

 


 

ယခုဖော်ပြချက်များမှာ The National Defense Radio Show တွင် ပြီးခဲ့တဲ့ ကြာသပတေးနေ့က Tom Hanks ကိုယ်တိုင်ပြောကြားခဲ့တာဖြစ်ပြီး ကိုရိုနာရောဂါခံစားရတာခြင်းတူတူ သူနဲ့ သူ့ အမျိုးသမီးခံစားရတဲ့ ဝဒေနာလက္ခဏာတွေ မတူပါဘူးတဲ့ ။

 


 


 




 

HPD.png

Read times Last modified on Saturday, 18 April 2020 15:53
Rate this item
(1 Vote)