What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 21 April 2020 11:11

ကိုရိုနာရောဂါ ဖြစ်ပွားပါက အသားမည်းသွားနိုင်ခြင်း

ကိုရိုနာရောဂါရဲ့ ကနဦးအစက ဝူဟန်က ဆိုရမှာပါ ယခုအခါမှာတော့ ဆေးကုသရင်း ကိုရိုနာရောဂါ ကူးစက် ခံရတဲ့ ဝူဟန်မှ ဆရာဝန်တွေဖြစ်တဲ့  Dr Yi နဲ့ Dr Hu တို့ ရောဂါခံစားရရင်း အသားမည်းခြောက်လာတဲ့ အဓိက အကြောင်းအရင်းကို ပြောပြပါမယ်။

အဆိုပါဆရာဝန်နှစ်ဦးဟာ ရောဂါကြီးလွန်းတာကြောင့် အဖျားကြီးကာ ရက်အတော်ကြာ သတိလစ်သွားပြီး ပြန်သတိလည်လာတဲ့ အချိန်မှာ သူတို့ရဲ့ အသား အရောင်တွေပြောင်းလဲပြီး မဲပြာနေတာတွေ့ရပါတယ်။

 

ထိုသို့အသားမဲရခြင်းမှာ ကိုရိုနာရောဂါဖြစ်ပွားစဉ် အသည်းပျက်စီးပြီး ထိုအသားအရောင်တွေဖြစ်လာခြင်းပင်ဖြစ်ရပါတယ်။( အရက်ကြာရှည် အသောက်များပြီး အသည်းခြောက်ကာ အသားအရည်ပျက်စီးနေတဲ့ သူတွေကို ကြည့်ရင်သိနိုင်ပါတယ် )

 

ထို ကိုဗစ်ကူးစက်ခံရတဲ့ ဆရာဝန် နှစ်ဦးကို ECMO စက်နဲ့ အသက်ကယ်ထားတယ်သိရပါတယ်။


အဆိုပါ ဆရာဝန်နှစ်ဦးဟာ အသက် ၄၂ နှစ် အရွယ်ကိုယ်စီ ရှိကြပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက Wuhan Central Hospital မှာ လူနာကုသရင်း ရောဂါကူးစက်ခံရတယ်သိရပါတယ်။

 

ဗိုင်းရက်စ် က ကိုယ်တွင်းရှိ ကလီဆာများကိုဖျက်စီးဖြစ်ပြီး ၎င်းတို့ အသည်းကို ဖျက်စီး ပြစ်ထားကာ ထိုမှ ဘေးထွက် ဟော်မုန်းဆိုင်ရာ မညီမျှ မူ့ကြောင့် အရေပြားပေါ်ရှိ ဆဲလ် များကို သက်ရောက်မှု့ရှိကာ အသားမဲလာတယ်သိရပါတယ်။Dr Yi နဲ့ Dr Hu တို့ဟာ ဇန်နဝါရီလ ၁၈ ရက်ထဲက ထိုရောဂါခံစားခဲ့ရတာဖြစ်ပြီး နှလုံးသွေးကြောကုသဆောင်မှာ ကုသနေခဲ့တာပါ ထိုမှ နှစ်ခါပြန်နေရာပြောင်းခဲ့ရပါသေးတယ်။

 

Dr Yi ကတော့ နှလုံးကုသတဲ့ ပါရကူ ဆရာဝန်ဖြစ်ပြီး ECMO နဲ့ ကုသမှု့ ခံယူနေတာ ၃၉ ရက်တိတိ ရှိပါပြီ။ECMO ရဲ့ လုပ်ဆောင်ချက်ကတော့ အသဲရဲ့ လုပ်ဆောင်ချက်တွေကို တာဝန်ယူ ဆောင်ရွက်ပေးပါတယ် ထို့အပြင် အဆုတ်မှ အောက်ဆီဂျင် ရယူကာ ခန္ဓာကိုယ်တွင်းသွေးကို ဖြန့်ချိတဲ့ နေရာမှာ ဆောင်ရွက်ပေးပါတယ်။

 

Dr Yi ကတော့ အများကြီး သက်သာလာပြီသိရပြီး အိပ်ယာထဲမှာ အေးဆေးရွေ့နိုင်နေပါပြီ ဒါ့ထက် လမ်းလျှောက်ဖို့တော့ အခက်အခဲရှိနေပါတယ်တဲ့။Dr Hu ကတော့ ဆီးလမ်းကြောင်းဆိုင်ရာရောဂါကူသတဲ့ ပါရကူ တစ်ဦးပါ အတော်လေး နေလို့မသက်သာသေးသလိုအခြေအနေဆိုးနေပါသတဲ့။

 

သူတို့ အသားတွေမဲလာရတဲ့ အကြောင်းအရင်းက ကုထုံးစစခြင်းမှာ ပေးခဲ့တဲ့ ဆေးနှစ်မျိုးကြောင့်လဲ ပါမယ်ထို့အပြင် အသည်းပျက်စီးတာကြောင့်ပါတဲ့။၎င်းတို့ကို ကုသနေတဲ့ ဆရာဝန်ကြီး ပြောကြားတာကတော့ သူ့တို့ အသည်းတွေ ပြန်လည် ကောင်းမွန်လာပါက အသားအရောင်က နဂိုအတိုင်းပြန်လည်ရရှိနိုင်ပါတယ်ဆိုကာပြောကြားသွားပါတယ်။

 

ထိုအချင်းအရာကြောင့် တရုတ်ပြည်မှာဆိုရင် အသားမဲတဲ့ လူတွေကို ရှော့ပင်းမောတွေ , စားသောက်ဆိုင်တွေမှာ လုံးဝ ဝင်ခွင့်မပြုတော့ ပါဘူး ထို အသားမဲသူများ မှာ ကိုရိုနာရောဂါဖြစ်နိုင်ခြေများလို့ ပါတဲ့ ။

 

Dr Yi ရဲ့ ယခင်ပုံ  

 

Dr Yi (pictured before falling ill) beat COVID-19 after doctors hooked him to a life-support machine  for 39 days

 

Dr Yi ရဲ့ ကိုဗစ် ဖြစ်အပြီးပုံ

 

He is seen after being revived in a clip released by Beijing Satellite TV

 

Dr Hu ရဲ့ ယခင်ပုံ  

 

Dr Hu (pictured before falling ill) has been bed-bound for 99 days and was undergoing ECMO therapy for 45 days

 

Dr Hu ရဲ့ ကိုဗစ် ဖြစ်အပြီးပုံ

 

His overall health is weak, his doctor told state media

 

<<< Zawgyi >>> 

 

ကိုရိုနာရောဂါ ဖြစ်ပွားပါက အသားမဲသွားနိုင်ခြင်း

-----------------------

 


 


 


 




 


 


 


 


 


 

Refး BBC 

Read times Last modified on Tuesday, 21 April 2020 11:27
Rate this item
(0 votes)