What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 October 2020 19:03

အင်ဒိုနီးရှားသည် ထိပ်ဆုံးတွင် ဆက်ရှိနေသည်

အရှေ့တောင်အာရှတွင် တစ်နေ့တာ ထုတ်ပြန်ချက်များအရ ည ၇း၀၀ နာရီတွင် အတည်ပြုလူနာ ၈,၄၀၀ ကျော်ရှိခဲ့သဖြင့်

စုစုပေါင်း အတည်ပြုလူနာ ၇၅၉,၀၀၀ အမှတ်အသားကို ဖြတ်ကျော်ခဲ့သည်။

ကူးစက်မှုအသစ်များကို နေ့စဉ်အစီရင်ခံကြရာတွင် အင်ဒိုနီးရှားသည် ထိပ်ဆုံးတွင် ဆက်ရှိနေသည်။ ကျန်းမာရေး၀န်ကြီးဌာနက သောကြာနေ့တွင် COVID-19 ဖြစ်ပွားမှုအသစ် ၄,၀၉၄ ကို ကြေညာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း ဉီးရေ ၃၂၄,၆၅၈ သို့ ရောက်ရှိခဲ့သည်။ ၀ န်ကြီးဌာနမှထုတ်ပြန်သောအချက်အလက်များအရ၊ တစ်နေ့တာအတွင်း လူပေါင်း ၉၇ ဦး သေဆုံးပြီး၊ စုစုပေါင်းသေဆုံးမှု ၁၁,၆၇၇ အထိ ရှိပေရာ ဒေသအတွင်း အမြင့်ဆုံးဖြစ်သည်။

ယနေ့တွင် ဖိလစ်ပိုင်သည် ဒုတိယနေရာ၌ ရှိသည်။ COVID-19 လူနာစာရင်းတွင် ကျန်းမာရေးဦးစီးဌာနကထပ်မံ၍ အတည်ပြုထားသောလူနာအသစ်ပေါင်း ၂,၉၉၆ ခုကို ထည့်သွင်းပြီးနောက် နိုင်ငံအတွင်းရှိ ကူးစက်မှု စုစုပေါင်းသည်
၃၃၄,၇၇၀ ရှိသည်ဟုအစီရင်ခံခဲ့သည်။

တတိယနေရာတွင် ဆက်ရှိနေသော မြန်မာနိုင်ငံက ယမန်နေ့ညက နိုင်ငံတွင် COVID-19 အတည်ပြုလူနာပေါင်း ၁,၀၁၂ ရှိကြောင်း အစီရင်ခံပြီးနောက် နိုင်ငံအတွင်းစုစုပေါင်ကူးစက်မှု ၂၂,၄၄၅ ဖြစ်သွားသည်။ COVID-19 မှ ကြာသပတေးနေ့က သေဆုံးမှုအသစ် ၂၅ ခု ရှိခဲ့ရာ စုစုပေါင်းသေဆုံးမှုသည်ယခုအခါ ၅၃၅ သို့ရောက်ရှိခဲ့ပြီ။

မလေးရှားနိုင်ငံသည် ယနေ့တွင် ဖြစ်ပွားမှုအသစ် ၃၅၄ ခုရှိခဲ့သည်။ မနေ့ကထုတ်ပြန်ချက်အရ ၃၇၅ ဖြစ်ပေရာ ယမန်နေ့ကထက် ယနေ့လျော့နည်းသည်။ လူနာအသစ်များအနက် ၃၅၂ ဦးမှာ ဒေသတွင်းကူးစက်မှုများဖြစ်ပြီး ၂ ဦးမှာ ပြည်ပမှ ဝင်လာသူများ ဖြစ်သည်။ သေဆုံးမှုအသစ် ၆ ဦးကို ယနေ့ထုတ်ပြန်ခဲ့သည်။

စင်ကာပူသည် COVID-19 ဖြစ်ပွားမှုအသစ် ၁၀ ဦးကို ယနေ့ထုတ်ပြန်ခဲ့ပြီး ၉ ဦးမှာ ပြည်ပမှဝင်လာသူများ ဖြစ်သည်။
ဖြစ်ပွားမှုအသစ်များအရ ကျွန်းနိုင်ငံတွင် စုစုပေါင်း ကူးစက်မှုဦးရေ ၅၇,၈၅၉ အထိမြှင့်တင်ခဲ့သည်။

ထိုင်းအစိုးရက coronavirus ကူးစက်ရောဂါဖြစ်ပွားမှု ၆ ခု တွေ့ရှိခဲ့သည်။ ပြည်ပမှ ရောက်လာသူများဖြစ်ပြီး မြန်မာ၊ နီပေါ၊ နော်ဝေနှင့်အမေရိကန်ပြည်ထောင်စုတို့မှ ရောက်လာသူများ ဖြစ်သည်။ ၆ ဦးတိုးသဖြင့် စုစုပေါင်း ဦးရေ ၃,၆၂၈ ဦး ဖြစ်သွားသည်။

ကမ္ဗောဒီးယားနိုင်ငံမှ COVID-19 ကူးစက်မှုအသစ် ၁ ခုကို ယနေ့အတည်ပြုခဲ့ပြီး နိုင်ငံအတွင်း စုစုပေါင်းကူးစက်မှုပေါင်း ၂၈၂ ခုသို့ရောက်ရှိလာသည်ဟုကျန်းမာရေး ၀ န်ကြီးဌာနမှထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် COVID-19 ဖြစ်ပွားမှုအသစ် ၄ခုအား ထုတ်ပြန်ခဲ့သည်။

အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မည်သည့်ကိစ္စရပ်အသစ်ကိုမျှ ယနေ့အစီရင်ခံခြင် းမရှိပါ။

အင်ဒိုနီးရှား ၉၇ ဦး၊ ဖိလစ်ပိုင် ၈၃ ဦး၊ မြန်မာ ၂၅ ဦး နှင့်မလေးရှားနိုင်ငံ ၆ ဦးတို့ ပေါင်းထည့်သည့်အခါ အာဆီယံအတွင်း သေဆုံးမှုပေါင်း ၁၈,၁၄၀ ရှိခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအားလုံးတွင် ပြန်ကောင်းသွားသူ စုစုပေါင်း ၆၀၁,၀၀၀ ဦးကျော်ရှိသည်။

Read times
Rate this item
(0 votes)