What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 April 2020 19:34

လစာ တစ်လစာ ဝေဘာဂီဆေးရုံကြီးမှ ကိုယ်ကျိုးမငဲ့ ဆောင်ရွက်သူများကို Ayeyarwady Foundation မှ ချီးမြှင့်လှူဒါန်း

လစာ တစ်လစာ ဝေဘာဂီ အထူးကု ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများ၊
ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် လစာ တစ်လစာ ချီးမြှင့်လှူဒါန်း
COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် လျက်ရှိသော ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ယူလေးစား ကျေးဇူးတင်စွာဖြင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဧပြီလအတွက် လုပ်ခလစာ တစ်လစာ ချီးမြှင့်လှူဒါန်း ခဲ့ပါသည်။ အဆိုပါ ကျန်းမာရေး ဝန်ထမ်းများသည် အနီးကပ် ကြပ်မတ်ကုသ ခံနေရသူ (၂)ဦး အပါအဝင် COVID-19 လူနာ စုစုပေါင်း (၇၅)ဦးကို ရောဂါ သက်သာ ပျောက်ကင်းစေရန်နှင့် ထပ်မံကူးစက် ပြန့်ပွားခြင်း မရှိစေရန် ကိုယ်ကျိုးမငဲ့ဘဲ မရပ်မနား ကြိုးပမ်း ဆောင်ရွက် နေကြသူများ ဖြစ်ပါသည်။
ဦးဇော်ဇော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများသည် ဧပြီလ (၂၁)ရက်နေ့တွင် ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ စံပယ်ဖြူ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်တို့နှင့် တွေ့ဆုံ ဆွေးနွေးကာ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ အခြား ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေ ဝန်ထမ်း (၁၂၀)ဦးနှင့် Volunteer အဖြစ် လာရောက် တာဝန် ထမ်းဆောင် နေကြသော အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်း (၁၅၇)ဦး၊ စုစုပေါင်း (၂၂၇) ဦးအတွက် ငွေကျပ် (၃၇၅)သိန်းကို ပေးအပ်ချီးမြှင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီ ဖောင်‌ဒေးရှင်း အနေဖြင့် ဝေဘာဂီ အထူးကု ဆေးရုံကြီး၏ ကာကွယ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ဝယ်ယူနိုင်ရန် အတွက် မတ်လ (၁၈)ရက်နေ့တွင် ငွေကျပ် သိန်း(၅၀၀)၊ ဧပြီလ (၁၈)ရက်နေ့တွင် ငွေကျပ် သိန်း(၂၀၀) အပါအဝင် စုစုပေါင်း ငွေကျပ် (၁၀၇၅)သိန်း ပံ့ပိုးလှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ထို့အတူ တစ်နိုင်ငံလုံးမှ COVID-19 အရေး ဆောင်ရွက် နေကြသော ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ အားလုံးအတွက် COVID-19 အထူး ကျန်းမာရေး အာမခံရန်ပုံငွေ အဖြစ် ငွေကျပ် သိန်း(၅၀၀၀)တိတိကို ဗဟိုကျန်းမာရေး ကော်မတီသို့ လှူဒါန်းထားရှိပါသည်။
ဧရာဝတီ ဖောင်ဒေးရှင်းသည် ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ COVID-19 ကာကွယ်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်စဉ်က ငွေကျပ်သိန်း(၅၀၀) လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လိုအပ်သည်များ ထပ်မံ ဖြည့်ဆည်းနိုင်ရန် ငွေကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့ပါသည်။
 
ဧရာဝတီဖောင်ဒေးရှင်း အမှုဆောင် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးနှင့် တာဝန်ရှိသူများသည် ဧပြီလ (၁၇)ရက်နေ့က တောင်ဥက္ကလာပ အထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးနှင့် ဆရာဝန်ကြီးများကို သွားရောက်တွေ့ဆုံ ဆွေးနွေးကာ လိုအပ်သည့် နေရာများအတွင် အသုံးပြုနိုင်ရန် ငွေကျပ် သိန်း(၃၀၀)နှင့် ဖောင်ဒေးရှင်း အစီအစဉ်ဖြင့် နိုဗိုတယ် ရန်ကုန်မက်စ်မှ အစားအသောက်များ နေ့စဉ် ပေးပို့နိုင်ရေး စီစဉ် ဆောင်ရွက်ခဲ့ပါသည်။
 
 
 
 
Read times
Rate this item
(0 votes)