What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 April 2020 23:05

(၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀) နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀) နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
 
၁။ (၂၄-၄-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယ + တတိယ အသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများတွင် -
• COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၁) ဦး ထပ်မံတွေ့ရှိခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ (၂၄-၄-၂၀၂၀) ရက်နေ့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ဓာတ်ခွဲစစ်ဆေးမှု (ယနေ့အတွက် စုစုပေါင်း) တွင် -
• COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၅) ဦး (ယနေ့အတွက် စုစုပေါင်း)
• COVID-19 ရောဂါပိုးမတွေ့ရှိမှု = (၃၄၅) ဦးနှင့်
• စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာပေါင်း = (၃၅၀) ခု ဖြစ်ပါသည်။
၃။ သို့ဖြစ်ရာ (၂၄-၄-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၄) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။
၄။ ယနေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (၃) ကြိမ်ခွဲ၍လည်းကောင်း၊
• ဆေးသုတေသနဦးစီးဌာန (DMR) (၁) ကြိမ်ဖြင့်လည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။
၅။ ယနေ့အတွက် ထပ်မံထုတ်ပြန်ရန် ဓာတ်ခွဲစစ်ဆေးမှုအဖြေ သတင်းများမရှိတော့ပါ။
(ဇယားများတွင် ယနေ့အတွက် ဓာတ်ခွဲစစ်ဆေးခဲ့ အားလုံးကို ဖော်ပြထားပါသည်။)
 
Read times Last modified on Friday, 24 April 2020 23:08
Rate this item
(0 votes)