What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 26 April 2020 15:33

စစ်ကိုင်း ကိုဗစ်၁၉ ပိုးတွေ့လူနာ အိန္ဒိယမှ သီတဂူဆရာတော်အစီအစဉ်နဲ့ ပြန်လာသူဖြစ်

ဧပြီ ၂၆ရက်မနက်ပိုင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနက စစ်ကိုင်းမြို့နယ်မှာ ၄၈နှစ် အမျိုးသားတစ်ဦးမှာ covid-19 ရောဂါပိုးတွေ့ရှိတယ်လို့

ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သူဟာ သီတဂူဆရာတော်ကြီး အစီစဉ်နဲ့ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာလို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံရသူ ဖြစ်ပါတယ်။

"ဧည့်သည်ဆောင်မှာ ခွဲထားတယ်။ ကံကောင်းခြင်တော့ သူနဲ့အတူတယောက်က ဟိုဘက်ကနေ ပါမလာဘဲ အဲဒီ ဒါယကာကြီး တစ်ယောက်တည်း တစ်ခန်းပဲ။ အခုချိန်ထိ ရောဂါလက္ခဏာပြတာမရှိသေးဘူး"လို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ covid-19 စောင့်ကြပ်ကြည့်ရှုရာမှာ တာဝန်ယူဆောင်ရွက်ပေးနေရတဲ့ ဆရာတော် အရှင် ဦးကုမာရက မိန့်ကြားပါတယ်။
ပိုးတွေ့ အမျိုးသားမှာ ဇနီးနဲ့ သမီးတို့လည်း အတူပါလာပြီး သူတို့ကို တခားသီးသန့်စောင့်ကြည့်ခန်းမှာ ထားရှိထားပါတယ်။
ကျန်းမာရေးဦးစီးဌာန လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်နေသလို လက်ရှိမှာ ပိုးတွေ့လူနာကို စစ်ကိုင်းပြည်သူ့ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။
အိန္ဒိယကို ပညာတော်သင်သွားရောက်သူနဲ့ ဗုဒ္ဓဂါယာမှာ ပိတ်မိနေတဲ့ မြန်မာတွေကို သီတဂူဆရာတော်ဦးဆောင်ပြီး စင်းလုံးငှားလေယာဉ်နဲ့ ဧပြီ ၂၂ရက်နေ့မှာ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကိုင်းတောင်ရိုး သီတဂူ ဝိပဿနာအကယ်ဒမီဆောင်မှာ သံဃာတော် အပါး ၂၁၀ နဲ့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ သီလရှင် ၅ပါး၊ လူ ၄၁ ယောက်တို့ကို သုံးပတ်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်နေတာဖြစ်ပါတယ်။
"ဝိပဿနာမှာ ထားတဲ့ သံဃာတွေက စစ်ဆေးတုန်း။ စစ်ပြီးသလောက်က Negative ဖြစ်နေတယ်။ အကုန်မပြီးသေးလို့ ကျန်တာတွေလည်း ရှိပါတယ်" လို့ သီတဂူ ဝိပဿနာအကယ်ဒမီကျောင်းတိုက် အုပ်ချုပ်ရေးမှူး ဒေါက်တာ သုန္ဒရက မိန့်ကြားပါတယ်။
မြန်မာမှာ ဒီနေ့ ဧပြီ ၂၆ ရက်မနက်ထိ အတည်ပြုလူနာ ၁၄၆ ဦး၊ ပြန်လည်သက်သာလာသူ ၁၀ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိနေပါတယ်။

ပြန်လည်ပင့်ဆောင်ခေါ်ယူ
=================
အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသော မြန်မာစာသင်သား ရဟန်းသံဃာ အပါး၂၁၀ နှင့်သီလရှင် ၆ပါးနှင့် ဆေးကုသမှုခံယူပြီး ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၄၂ ဦးတို့ကို ပထမအသုတ်အနေဖြင့် Airbus လေယာဉ်နှစ်စီးဖြင့် ဧပြီလ ၂၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဂယာလေဆိပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အခမဲ့ ပြန်လည်ပင့်ဆောင်ခေါ်ယူခဲ့ပါတယ်။

အိန္ဒိယရှိ မြန်မာသံရုံးမှထုတ်ပြန်ချက်
==========
အဆိုပါ လုပ်ငန်းစဉ်များအတွက် အိန္ဒိယရှိ မြန်မာသံရုံးမှ အောက်ပါအတိုင်းထုတ်ပြန်ခဲ့သည်-
ကမ္ဘာတစ်ဝန်း၌လတ်တလောဖြစ်ပွားလျက်ရှိသည့် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအခြေအနေအရ နိုင်ငံတကာခရီးသည် တင်လေယာဉ်များပျံသန်းမှုယာယီ ရပ်ဆိုင်းထားခြင်း ကြောင့် အိန္ဒိယနိုင်ငံ၌ ရောက်ရှိပညာသင်ကြားနေသည့် မြန်မာစာသင်သား ရဟန်းသံဃာ (၂၁၀) ပါး၊ သီလရှင် (၆) ပါးတို့အား ၂၀၂၀ပြည့်နှစ်၊ဧပြီလ ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ ရန်ကုန်-ဂါယာ-မန္တလေး ခရီးစဉ်အတိုင်း မြန်မာ့လေကြောင်းလိုင်း (MAI) ခရီးသည်တင် လေယာဉ် (၂) စီးဖြင့် အဆင်ပြေ ချောမွေ့စွာ ပြန်လည်ပင့်ဆောင်ပေးခဲ့ပါသည်။
အဆိုပါလေယာဉ်နှင့်အတူ အိန္ဒိယနိုင်ငံ၌ လာရောက် ဆေးကုသမှုခံယူခဲ့ပြီး အိန္ဒိယနိုင်ငံ၌ ပိတ်မိနေကြသည့် မြန်မာနိုင်ငံသား (၄၂) ဦးတို့အားလည်း တစ်ပါတည်း ပြန်လည်ပို့ဆောင်နိုင်ခဲ့ပါသည်။
ရဟန်းသံဃာတော်များ မြန်မာနိုင်ငံသို့ပြန်လာနိုင်ရေးအတွက် မြန်မာသံရုံး၊ နယူးဒေလီမြို့သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင် ရာဌာနများနှင့်ညှိနှိုင်းမှုများ ပြုလုပ်၍ ကူညီပံ့ပိုးမှုများပြုလုပ်ပေးခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၊ ဘီယာပြည်နယ်၊ ဂါယာမြို့ရှိ Magadh University၊ ရာဇဂြိုလ်မြို့ရှိ Nalanda University၊ ဉတ္တာပရာဒေ့ရ်ှပြည်နယ်၊ ဗာရာဏသီမြို့ရှိ Sanskirt University နှင့် မီရွတ်မြို့ရှိ Subharti University မှ သံဃာတော်များနှင့် မြန်မာနိုင်ငံသားများအား နယူးဒေလီမြို့ရှိ မြန်မာသံရုံးအနေဖြင့် သက် ဆိုင်ရာပြည်နယ်များမှ စုစည်း၍ ဂါယာလေဆိပ်သို့ ပို့ဆောင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

 

 

 

 

အပြည့်အစုံစီမံထားရှိ
============
စစ်ကိုင်းတောင် သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် သီတင်းသုံးစေလျှက် သင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဝေယျာဝစ္စတို့ဖြင့် community based facility quarantine ထားရှိကာ ၂၁ ရက်တာ စောင့်ရှောက်ကြည့်ရှုရန် အပြည့်အစုံစီမံထားရှိပါတယ်။

ဒုတိယအသုတ်
======
အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွင် ကျန်နေရှိသည့် စာသင်သားရဟန်းတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသားများကို မေလအတွင်း ထပ်မံသွားရောက် ပင့်ဆောင်ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရပါတယ်

BBC Burmese
transcom

Read times
Rate this item
(0 votes)