What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 03 October 2020 22:17

ရန်ကုန်ကို အလုံးစုံ Lockdown လုပ်ရန် လတ်တလော အစီအစဉ်မရှိ

ရန်ကုန်မြို့တော်အား အလုံးစုံ Lockdown လုပ်ရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး လတ်တလော၌

အစီအစဉ် မရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။

“ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနဲ့ လတ်တလောမှာ ရန်ကုန်ကို Complete Lockdown လုပ်ဖို့ မရှိ သေးပါဘူး” ဟု ၎င်းက အိမ်တော် သတင်းထောက်များ စာမျက်နှာတွင် ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့နှင့် ပတ်သက်ပြီး ယခင်က ထုတ်ပြန်ထားသည့် အတိုင်း Strictly Stay Home ကိုသာ ကြပ်ကြပ်မတ်မတ် လိုက်နာ ဆောင်ရွက်ခိုင်းထားကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလအတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသော လုပ်ငန်း များမှ ဝန်ထမ်းများသာ QR Pass ကိုင်ဆောင်၍ လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊ လိုအပ်ချက်အရ အခြားမြို့နယ်များသို့ ဖြတ်ကျော်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Xinhua

Read times
Rate this item
(0 votes)