What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 26 April 2020 20:05

(၂၆-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီCOVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၆-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
 
၁။ (၂၆-၄-၂၀၂၀) ရက်နေ့၊ ညနေအချိန်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၉၄) ခုနှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တွင် စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၈) ခု စုစုပေါင်း (၁၄၂)ခုတို့တွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ရပါ။
၂။ (၂၆-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၄၆) ဦးရှိပြီဖြစ်ပါသည်။
၃။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ များအနက် ရောဂါပိုးကင်းစင်သူ (၁၀)ဦး (ဆေးရုံမှ ဆင်းခွင့်ရရှိပြီးသူ ၉ ဦး) ရှိပြီ ဖြစ်ပါသည်။ သေဆုံးသူ (၅)ဦးရှိပြီ ဖြစ်ပါသည်။
၄။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှုပေးလျက်ရှိသူ (၂)ဦးနှင့် တောင်ဥက္ကလာပအထူးကု ဆေးရုံတွင် အထူးကြပ်မတ်ကုသမှုပေးလျက်ရှိ သူ (၁)ဦးရှိကာ ကျန်လူနာများ၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။
၅။ (၂၅-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၆-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၁၃)ဦး ရှိပါသည်။
Read times
Rate this item
(0 votes)