What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 27 April 2020 06:25

ရန်ကုန်-ဖောင်ကြီး လူနာတင်ကား ဉီးစားပေးကူညီပါ

ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး အရေးပေါ်ဌာနမှ အသိပေးပန်ကြားထားပါသည်။
ယခုအခါတွင် ကိုဗစ်လူနာဦးရေတစ်ဆထက်တစ်ဆပိုမိုများပြားလာသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ စီစဥ်မှုဖြင့် ဖောင်ကြီးကိုဗစ်စင်တာကို ဖွင့်လှစ်ကာ လက်ခံကုသဖီု့ အရှိန်အဟုန်မြှင့်တိုးမြှင့်ဆောင်ရွက်လျက်ရှိနေသည်မှာ အများပြည်သူ အသိပင်ဖြစ်သည်။
ယခုကာလတွင် ကိုဗစ်လူနာများကို လက်ခံကုသမှုပေးနေသော ဝေဘာဂီကူးစက်ရောဂါကုဆေးရုံကြီးနှင့် တောင်ဥက္ကလာပဆေးရုံကြီးတို့တွင် လူနာလက်ခံရန် ကုတင်အရေအတွက်ပြည့်သွားသည်နှင့် တစ်ပြိုက်နက် ဖောင်ကြီးကိုဗစ်စင်တာမှာ စတင်အသက်၀င်လာတော့မည်ဖြစ်ပေသည်။
ထိုသို့အသက်စတင်၀င်လာသည်နှင့်တစ်ပြိုင်နက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊ မြောက်ဥက္ကလာပ သင်ကြားရေးဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံ၊ အင်းစိန်ဆေးရုံ၊ လှိုင်သာယာဆေးရုံ၊ သင်္ကန်းကျွန်းဆေးရုံ၊ သန်လျင်ဆေးရုံများမှ ကိုဗစ်လူနာ(confirmed case)များကို ဖောင်ကြီးကိုဗစ်စင်တာသို့ ပို့ဆောင်ကာ ကုသပေးမည်ဖြစ်ပါသည်။
အဆိုပါဆေးရုံများမှ ကိုဗစ်လူနာများကို ဖောင်ကြီးကိုဗစ်စင်တာသို့ ပို့ဆောင်ရေးအတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန(YGH ED) မှ တာ၀န်ယူဆောင်ရွက်မည်ဖြစ်သည်။
 
 
ထို့ကြောင့် ၂၂.၄.၂၀၂၀ ရက်နေ့တွင် Test drive for covid 19 positive patient transport drill ကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဦးစီးပြီး YGH-Phaunggyi ပို့ဆောင်မှုကို အစမ်းလေ့ကျင့်ခဲ့ပါသည်။
Ambulance driver များမှာ Myanmar Rescue မှ volunteer များပင်ဖြစ်သည်။ Ambulance ကားများမှာ YGHနှင့်NOGTH မှကား၅စီး၊ ကျန်းမာရေးဦးစီးဌာနမှ covid19 အတွက်ချထားပေးသောကား၅စီး ၊YROအဖွဲ့မှ ၅စီးစုစုပေါင်း၁၅စီး၊ဖောင်ကြီးဆေးရုံတွင်၂စီး စုစုပေါင်း၁၇စီးဖြင့် အသင့်ဖြစ်နေကြပါပြီ။
Ambulance များတွင် အသုံးပြုသော GPS software ဖြစ်သည့် B Mobile Client application ကိုမူ YRTA မှ support ပြုလုပ်ပေးခြင်းဖြစ်ပါသည်။
Primary Service Area(PSA) ဖြစ်သည့်ရန်ကုန်ဆေးရုံကြီးမှ ဖောင်ကြီးအထိခရီးစဥ်သည် ကြာမြင့်ချိန် (၂) နာရီခန့်ဖြစ်သည်။
ထိုခရီးစဥ်တစ်လျှောက်တွင် Myanmar Rescue မှ ambulance driver များနှင့် Emergency Medicine မှ ဆရာ၀န်တို့သည် ကာကွယ်ရေး၀တ်စုံအပြည့်အစုံ(full PPE) ကို ဝတ်ဆင်သွားရသည်။
အစမ်းလေ့ကျင့်မှုတွင် PPE ၀တ်ဆင်ထားသူအားလုံး ပူအိုက်မှုခံစားရခြင်း၊ လွန်မင်းစွာ​ေချွေးပြန်မှုရှိခြင်း၊ အနည်းငယ်မူးဝေမှုရှိခြင်း၊ လူနာအတင်အချအနည်းငယ်အခက်အခဲရှိခြင်းမှအပ အခြားတစ်စုံတစ်ရာခက်ခဲမှုမတွေ့ရှိပေ။
"ချွေးထွက်များမှ သွေးထွက်နည်းမယ်" ဟူသော ဆိုရိုးစကားအတိုင်း ကြိုတင်လေ့ကျင့်မှုတွေကို ထပ်ခါထပ်ခါလုပ်ဆောင်ရန်လည်း ရှိပါသည်။
အမှန်တကယ်လူနာပို့ဆောင်သည့်အခါတွင်လည်း အခက်အခဲတစ်စုံတစ်စုံတစ်ရာမကြုံတွေ့ရဘဲ ကိုဗစ်လူနာများကို အောင်အောင်မြင်မြင်ချောချောမွေ့မွေ့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်နိုင်မည်ဟု စိတ်တထစ်ချယုံကြည်မှုအပြည့်ရှိကြောင်း တင်ပြအပ်ပါသည်။
ပြည်သူများအနေ ဖြင့် လမ်းခရီးမှာ ကိုယ်ချင်းစာစိတ် မေတ္တာတရားဖြင့် ကူညီစောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။
Read times Last modified on Monday, 27 April 2020 06:37
Rate this item
(0 votes)