What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 April 2020 17:18

ကိုရိုနာဗိုင်းရပ်စ်တွေ့လူနာကို ကုသပေးတဲ့ဆရာဝန် ပိုးရှိမရှိမစစ်ဆေးတာမို့ စိုးရိမ်နေရ

ကိုရိုနာဗိုင်းရပ်စ်တွေ့လူနာကို ကုသပေးတဲ့ဆရာဝန် ပိုးရှိမရှိမစစ်ဆေးတာမို့ စိုးရိမ်နေရ RFA Burmese

90251442_832926683874316_4730726126572273664_n.png

 

ချင်းပြည်နယ် တီးတိန်မြို့က ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိခဲ့တဲ့လူနာကို ကုပေးခဲ့ရတဲ့ ဆရာဝန်က နေအိမ်စောင့်ကြည့် ၁၄ ရက်နေခဲ့ပေမယ့် သူ့ကိုစစ်ဆေးမှုမလုပ်တဲ့အတွက် စိုးရိမ်နေတယ်လို့ ကပ်တဲလ်ကျေးရွာမှာရှိတဲ့ UHC clinic ရဲ့ ဆရာဝန် ဒေါက်တာဖြိုးကျော်က လူမှုကွန်ရက်စာမျက်နှာမှာ ဧပြီလ ၆ ရက် ဒီနေ့မနက်မှာ ရေးသားခဲ့ပါတယ်။

 

သူကတော့ ကလေးမြို့နေအိမ်မှာ ၁၄ ရက်နေခဲ့ပြီးဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရှိ/မရှိ မစစ်ဆေးထားတဲ့အတွက် မိသားစုဆီကို မပြန်ရဲဘူးဖြစ်နေတယ်လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

 

ဗိုင်းရပ်စ်ပိုး စတင်တွေ့ခဲ့ပြီးနောက် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာကို စောင့်ကြည့်အနေနဲ့ အဝင်အထွက်ပိတ်ထားသလို လူနာနဲ့နီးစပ်တဲ့ ရွာသား ၃၆ ယောက်ကိုလည်း နေအိမ်စောင့်ကြည့်လုပ်ထားပေမယ့် ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးတာတွေမရှိသေးဘဲ ဧပြီလ ၇ ရက် မနက်ဖြန်မှာ ၁၄ ရက်ပြည့်တော့မှာဖြစ်လို့ စိုးရိမ်တယ်လို့ ရေးသားထားတာပါ။

 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်က လူနာနဲ့နီးစပ်တဲ့အထဲက သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကိုပဲ ဓာတ်ခွဲစစ်ဆေးတာဖြစ်ပြီး Quarantine စောင့်ကြည့် လုပ်တဲ့သူတိုင်းကို နှာခေါင်းတို့ဖတ်ယူပြီး ဗိုင်းရပ်စ်ရှိ/မရှိစစ်ဖို့ အစီအစဉ်မရှိဘူးလို့ RFA ကို ဒီနေ့ ပြောပါတယ်။

 

လူနာရဲ့အခြေအနေပေါ်မူတည်ပြီးတော့ လိုအပ်ရင်တော့ စစ်ကိုင်းတိုင်းအစိုးရနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့သူတွေကို ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးဖို့တော့ စီစဉ်ထားတယ်လို့ ဒေါက်တာသာထွန်းကျော် က ဆိုပါတယ်။

 

ကပ်တဲလ်ကျေးရွာရဲ့ ဆရာဝန် ဒေါက်တာဖြိုးကျော်ကတော့ ဗိုင်းရပ်စ်ပိုးရှိ/မရှိ မစစ်ဆေးဘဲနဲ့ အဲဒီရွာကို ရောဂါကင်းရှင်းတယ်လို့ ဘယ်သူက အာမခံပြီး Lock down ဖြည်ပေးမလဲစောင့်ကြည့်ရမယ်လို့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

 

တီးတိန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတွေ့ခဲ့တဲ့ လူနာဟာ ဒေါက်တာဖြိုးကျော်ရဲ့ ဆေးခန်းကို မတ်လ ၁၉ ရက်နေ့မှာလာရောက်ဆေးပြခဲ့ချိန် ဒေါက်တာဖြိုးကျော်က တီးတိန်မြို့ ကျန်းမာရေးဌာနကို သတင်းပို့ခဲ့ပြီးနောက် အဲနေ့ကတည်းက နေအိမ်စောင့်ကြည့်လုပ်ထားခဲ့ပါတယ်။

 

မတ်လ ၂၁ ရက်နေ့မှာတော့ လူနာကို တီးတိန်ဆေးရုံကိုလွှွဲပြောင်းပေးခဲ့ပြီး ဗိုင်းရပ်စ်ပိုးစစ်ဆေးခဲ့ရာ မတ်လ ၂၃ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဖြအရ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

90165828_212716063139335_1462378197545910272_n.png

RFA Burmese

Read times Last modified on Monday, 06 April 2020 17:23
Rate this item
(0 votes)