What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 April 2020 09:34

ကိုဗစ်လူနာ တစ်ဦး မိခင်နိုင်ငံသို့ လူနာတင်လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်

ဧပြီလ ၂၆ ရက်က ဆွီဒင်နိုင်ငံမှာ coronavirus ကူးစက်ခံထားရသော်လည်း ဆေးကုသမှုပေးရန် ငြင်းဆိုခံရသော

တူရကီ နိုင်ငံသားတစ်ဦးကို မိခင်နိုင်ငံသို့ အစိုးရအစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည်။

တူရကီလေကြောင်း လူနာတင်ယာဉ်သည် ဆွီဒင်နိုင်ငံ Malmo လေဆိပ်မှ ဒေသစံတော်ချိန်နံနက် ၉ နာရီ (0700GMT) တွင် ထွက်ခွာခဲ့ပြီး တူရကီနိုင်ငံ Ankara Esenboğaလေဆိပ်သို့ ဒေသစံတော်ချိန်ည ၁၀ း ၃၀ နာရီတွင်ရောက်ရှိခဲ့သည်။

ကျန်းမာရေးစစ်ဆေးမှုများအပြီးတွင် အသက် ၄၇ နှစ်ရှိ Emrullah Gülüşkenနှင့် သူ၏ ကလေးသုံးယောက်အား Ankara Şehirဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဆွီဒင် Malmo တွင် Gülüşkenသည် COVID-19 အတွက် စစ်ဆေးခဲ့ရာ ပေါ့စတစ်လူနာ ဖြစ်သော်လည်း အာဏာပိုင်များက ကုသပေးရန် ငြင်းပယ်ခဲ့သည်။ ထိုအခါ သူ့သမီး Leyla နှင့် Samira တို့သည် လူမှုရေးမီဒီယာများတွင် အကူအညီတောင်းခံခဲ့ကြသည်။ Samira က လူမှုရေးမီဒီယာများတွင် ဗီဒီယိုတစ်ခု တင်ပြပြီး အကူအညီတောင်းခံခဲ့သည်။
တူရကီကျန်းမာရေးဝန်ကြီး Fahrettin Koca သည် ယင်းမိသားစုကို ပြန်ခေါ်ရန် အားချင်း လုပ်ဆောင်ခဲ့သည်။

ဝန်ကြီးက တွစ်တာတွင် Leyla သင့်အသံကို ငါတို့ကြားတယ်။ လူနာတင်လေယာဉ် မနက် ၆ နာရီမှာ ထွက်မယ်။ ငါတို့ ဆွီဒင်ကို လာနေကြပြီ ဟု အကြောင်းပြန်ကြားသည်။

 

လူနာကို တူရကီနိုင်ငံသို့ ခေါ်ဆောင်လာပြီးသောအခါ ဝန်ကြီးက တွစ်တာတွင် ကျွန်တော်တို့အားလုံး စံနမူနာယူကြရမှာကို သမီးက လုပ်ဆောင်ခဲ့တယ်။ ငါတို့နိုင်ငံကအလျင်အမြန် အရေးယူ လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့လူနာတင်ယာဉ်လေယာဉ်ဟာဒီမနက်မှာ ဆွီဒင်နိုင်ငံကနေ လူနာကို ယူဆောင်လာခဲ့တယ်ဟု ‌ ရေးသားပြီ ပြည်သူလူထုကို အသိပေးခဲ့သည်။

သမီးဖြစ်သူ Samira က
"ဆရာဝန်က ကျွန်မတို့အိမ်ကိုလာပြီး ကျွန်မ အဖေကို စစ်ဆေးပြီးနောက် သူက လူနာတင်ကားကိုခေါ်ပြီး ဆေးရုံကိုခေါ်သွားတယ်။ ဆေးရုံတက်ရပြီးတဲ့နောက် သူက COVID-19 ရောဂါရှိတယ်လို့သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီကြားက အဖေကို အိမ်ပြန်ပို့လိုက်ပါတယ်" Anadolu အေဂျင်စီ (AA) သို့ပြောသည်။

သူမ၏ဖခင်သည် အဖျားတက်ခြင်းနှင့်အသက်ရှူကျပ်ခြင်းတို့ ဖြစ်ပွားပြီးနောက် ဆေးရုံများသို့ဖုန်းဆက်သော်လည်း ပြန်လည်ဖုန်းခေါ်ခြင် းမပြုလုပ်ခဲ့ကြောင်းသူမက ပြောကြားခဲ့သည်။

ကမ္ဘာတစ်လွှားကူးစက်ပျံ့နှံ့မှုသည်လူပေါင်း ၂၀၂၆၀၀ ကျော်သေဆုံးခဲ့ပြီးစုစုပေါင်းကူးစက်မှု ၂.၉ သန်းကျော်ရှိခဲ့ပြီးလူပေါင်း ၈၂၈၀၀၀ ကျော်ရောဂါကူးစက်ခံနေရသည်ဟုအမေရိကန်အခြေစိုက်ဂျွန်ဟော့ကင်းတက္ကသိုလ်မှစာရင်းများအရသိရသည်။

 

ဧၿပီလ ၂၆ ရက္က ဆြီဒင္ႏိုင္ငံမွာ coronavirus ကူးစက္ခံထားရေသာ္လည္း ေဆးကုသမႈေပးရန္ ျငင္းဆိုခံရေသာ

တူရကီ ႏိုင္ငံသားတစ္ဦးကို မိခင္ႏိုင္ငံသို႔ အစိုးရအစီအစဥ္ျဖင့္ ျပန္လည္ေခၚေဆာင္ခဲ့သည္။

တူရကီေလေၾကာင္း လူနာတင္ယာဥ္သည္ ဆြီဒင္ႏိုင္ငံ Malmo ေလဆိပ္မွ ေဒသစံေတာ္ခ်ိန္နံနက္ ၉ နာရီ (0700GMT) တြင္ ထြက္ခြာခဲ့ၿပီး တူရကီႏိုင္ငံ Ankara Esenboğaေလဆိပ္သို႔ ေဒသစံေတာ္ခ်ိန္ည ၁၀ း ၃၀ နာရီတြင္ေရာက္ရွိခဲ့သည္။

က်န္းမာေရးစစ္ေဆးမႈမ်ားအၿပီးတြင္ အသက္ ၄၇ ႏွစ္ရွိ Emrullah Gülüşkenႏွင့္ သူ၏ ကေလးသုံးေယာက္အား Ankara Şehirေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့သည္။

ဆြီဒင္ Malmo တြင္ Gülüşkenသည္ COVID-19 အတြက္ စစ္ေဆးခဲ့ရာ ေပါ့စတစ္လူနာ ျဖစ္ေသာ္လည္း အာဏာပိုင္မ်ားက ကုသေပးရန္ ျငင္းပယ္ခဲ့သည္။ ထိုအခါ သူ႔သမီး Leyla ႏွင့္ Samira တို႔သည္ လူမႈေရးမီဒီယာမ်ားတြင္ အကူအညီေတာင္းခံခဲ့ၾကသည္။ Samira က လူမႈေရးမီဒီယာမ်ားတြင္ ဗီဒီယိုတစ္ခု တင္ျပၿပီး အကူအညီေတာင္းခံခဲ့သည္။
တူရကီက်န္းမာေရးဝန္ႀကီး Fahrettin Koca သည္ ယင္းမိသားစုကို ျပန္ေခၚရန္ အားခ်င္း လုပ္ေဆာင္ခဲ့သည္။

ဝန္ႀကီးက တြစ္တာတြင္ Leyla သင့္အသံကို ငါတို႔ၾကားတယ္။ လူနာတင္ေလယာဥ္ မနက္ ၆ နာရီမွာ ထြက္မယ္။ ငါတို႔ ဆြီဒင္ကို လာေနၾကၿပီ ဟု အေၾကာင္းျပန္ၾကားသည္။

လူနာကို တူရကီႏိုင္ငံသို႔ ေခၚေဆာင္လာၿပီးေသာအခါ ဝန္ႀကီးက တြစ္တာတြင္ ကြၽန္ေတာ္တို႔အားလုံး စံနမူနာယူၾကရမွာကို သမီးက လုပ္ေဆာင္ခဲ့တယ္။ ငါတို႔ႏိုင္ငံကအလ်င္အျမန္ အေရးယူ လုပ္ေဆာင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕လူနာတင္ယာဥ္ေလယာဥ္ဟာဒီမနက္မွာ ဆြီဒင္ႏိုင္ငံကေန လူနာကို ယူေဆာင္လာခဲ့တယ္ဟု ‌ ေရးသားၿပီ ျပည္သူလူထုကို အသိေပးခဲ့သည္။

သမီးျဖစ္သူ Samira က
"ဆရာဝန္က ကြၽန္မတို႔အိမ္ကိုလာၿပီး ကြၽန္မ အေဖကို စစ္ေဆးၿပီးေနာက္ သူက လူနာတင္ကားကိုေခၚၿပီး ေဆး႐ုံကိုေခၚသြားတယ္။ ေဆး႐ုံတက္ရၿပီးတဲ့ေနာက္ သူက COVID-19 ေရာဂါရွိတယ္လို႔သိရပါတယ္။ ဒါေပမဲ့ အဲ့ဒီၾကားက အေဖကို အိမ္ျပန္ပို႔လိုက္ပါတယ္" Anadolu ေအဂ်င္စီ (AA) သို႔ေျပာသည္။

သူမ၏ဖခင္သည္ အဖ်ားတက္ျခင္းႏွင့္အသက္ရႉက်ပ္ျခင္းတို႔ ျဖစ္ပြားၿပီးေနာက္ ေဆး႐ုံမ်ားသို႔ဖုန္းဆက္ေသာ္လည္း ျပန္လည္ဖုန္းေခၚျခင္ းမျပဳလုပ္ခဲ့ေၾကာင္းသူမက ေျပာၾကားခဲ့သည္။

ကမာၻတစ္လႊားကူးစက္ပ်ံ႕ႏွံ႔မႈသည္လူေပါင္း ၂၀၂၆၀၀ ေက်ာ္ေသဆုံးခဲ့ၿပီးစုစုေပါင္းကူးစက္မႈ ၂.၉ သန္းေက်ာ္ရွိခဲ့ၿပီးလူေပါင္း ၈၂၈၀၀၀ ေက်ာ္ေရာဂါကူးစက္ခံေနရသည္ဟုအေမရိကန္အေျခစိုက္ဂြၽန္ေဟာ့ကင္းတကၠသိုလ္မွစာရင္းမ်ားအရသိရသည္။

Read times Last modified on Thursday, 30 April 2020 20:37
Rate this item
(0 votes)