What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 18 December 2021 10:53

WHO က Omicron လို့အမည်ပေးရာမှာ ဂရိအက္ခရာနှစ်လုံးကို ဘာကြောင့် ကျော်သွားတာလဲ။

WHO က Omicron လို့အမည်ပေးရာမှာ ဂရိအက္ခရာနှစ်လုံးကို ဘာကြောင့် ကျော်သွားတာလဲ။

ကိုရိုနာဗိုင်းရပ်မျိုးကွဲအသစ် Omicron အမည်နာမသည် ဂရိအက္ခရာနှစ်လုံးကို ကျော်ပြီး ပေးလိုက်ခြင်း ဖြစ်သည်။

မေလကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကိုရိုနာဗိုင်းရပ်အမျိုးအစား မျိုးကွဲအသစ်များကို အမည်ပေးရန်အတွက် ဂရိအက္ခရာစာလုံးများကို အသုံးပြုခဲ့သည်။

Delta သည် အလွှမ်းမိုးနိုင်ဆုံးဖြစ်ပြီး Epsilon ၊ Iota နှင့် Lambda အပါအဝင် အခြား ရှစ်ခုတို့မှာ မထင်မရှားဖြင့် နိဂုံးချုပ်သွားခဲ့ကြသည်။
ထို့ကြောင့် B.1.1.529 ၏ လိုက်လျောညီထွေသော သိပ္ပံအမည်ဖြင့် မျိုးကွဲအသစ်ကို တောင်အာဖရိကတွင် ပြီးခဲ့သည့်အပတ်က ရှာဖွေတွေ့ရှိခဲ့သောအခါ အလှည့်ကျသည့် ဂရိအက္ခရာမှာ Nu ဖြစ်သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက Nu ဟ အမည်ပေးမည်ဟု မျှော်လင့်ထားကြသည်။
ထိုသို့ ဖြစ်မလာခဲ့ချေ။ World Health Organization (WHO) က Nu ကို ကျော်လိုက်သည်။ ထို့အပြင် Nu နောက်တွင် အလှည့်ကျသည့် Xi ကို ပါ ကျော်လိုက်ပြန်သည်။

unnamed_8.png

အက္ခရာ ၂၄ မျိုး ရှိသော ဂရိအက္ခရာစဉ်၏ ၁၅ ခုမြောက် Omicron ဖြင့် အမည်ကင်ပွန်းတပ်လိုက်သည်။

"Nu က 'new' နဲ့ နားကြားလွဲဖို့ လွယ်နေတယ်။ Xi က တရုတ်မျိုးရိုးအမည် ဖြစ်နေတယ်။ Xi မျိုးရိုးအမည် ရှိကြသူများ ထိခိုက်နိုင်တယ်" ဟု WHO က ရှင်းပြသည်။
"WHO က ကျင့်သုံးနေတဲ့ အကောင်းဆုံး ကျင့်ထုံးတွေက ရောဂါအသစ်တစ်ခုကို အမည်ပေးရင် ယဉ်ကျေးမှု၊ လူမှုရေး၊ ဒေသဆိုင်ရာ၊ သက်မွေးအလုပ်အကိုင်၊ လူမျိုးနွယ် စတာတွေကို မထိခိုက်တဲ့အမည်ကို ရွေးချယ်သုံးစွဲပါတယ်" ဟု ရှင်းပြသည်။


ဂရိအက္ခရာ Xi သည် တရုတ်မျိုးရိုးအမည် Xi နှင့် အသံထွက် မတူတော်လည်း စာလုံးပေါင်း လာတူနေသည်။ အထူးသဖြင့် တရုတ်ခေါင်းဆောင် Xi Jinping အမည်နှင့် တူနေသည်။ သို့ဖြစ်ရာ WHO က အက္ခရာ Xi ကို ကျော်လိုက်ဖို့သာ ရှိမည်။

Covid-19 သည် တရုတ်နိုင်ငံ ဝူဟံမြို့တွင် အစပြုခဲ့သည်ကို မှေးမှိန်းထားလိုသည်။ စစချင်းမှာ ဝူဟံဗိုင်းရပ်စ်ဟု အမည်တွင်ခဲ့သော်လည်း ယခုအခါ ဂရိအက္ခရာများဖြင့်သာ ဗိုင်းရပ်စ်ကို သိကြတော့သည်။ "Wuhan virus" "Chinese virus" ဟု ခေါ်တွင်ခြင်းများလည်း မရှိသလောက် ရှားသွားပြီ ဖြစ်သည်။
နောက်ထပ်အလှည့်ကျမည့် ဂရိအက္ခရာမှာ Pi ဖြစ်ပါသည်။

Read times Last modified on Saturday, 18 December 2021 10:57
Rate this item
(0 votes)