What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 07 May 2020 08:22

(၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ
၁။ (၆-၅-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ (ဒုတိအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၈၄) ခုတွင် -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ (၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၆၂) ဦးရှိပြီ ဖြစ်ပါသည်။
၃။ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၅၀) ဦး ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၄။ (၆-၅-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲနမူနာ (၁၇၈) ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၇၂) ခုနှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) နေပြည်တော်မှ ဓာတ်ခွဲနမူနာ (၅၆) ခု၊ စုစုပေါင်း (၄၀၆) ခုတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။
 

 

Read times Last modified on Thursday, 07 May 2020 10:05
Rate this item
(0 votes)