What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 16 May 2020 08:04

(၁၆-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၁၆-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ
တတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၂၆၇) အား စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ (၁၆-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၂) ဦးရှိပြီဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၈၉) ဦးရှိပါသည်။ ၎င်းတို့အနက် (၇၄) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်၍ ဆက်လက်စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၁၅-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၅၄၆) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၁၄၈) ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၆၄၉) ခုအား စစ်ဆေးခဲ့ပါသည်။
 
 
 
 
Read times Last modified on Saturday, 16 May 2020 08:11
Rate this item
(0 votes)