What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 July 2021 08:47

Covid19ရောဂါ ခံစားနေရသူများအား အိမ်တွင် ပြုစုစောင့်ရှောက်နိုင်ရန် သိထားသင့်သည့် အဆင့် ၅ ဆင့်

Covid19ရောဂါ ခံစားနေရသူများအား အိမ်တွင် ပြုစုစောင့်ရှောက်နိုင်ရန် သိထားသင့်သည့် အဆင့် ၅ ဆင့်
အများပြည်သူအတွက်
World Health Organization
Myanmar

အများအားဖြင့် Covid19 ရောဂါဖြစ်ပွားမှုများမှာ မပြင်းထန် သော အဆင့် သို့မဟုတ် အလယ်အလတ်အဆင့်မျိုးဖြစ်ကြပြီး နေအိမ်တွင် ပြုစုစောင့်ရှောက်၍ ရနိုင်ပါသည်။

သင်သည် Covid19 ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့မှုရှိပြီး သင့်တွင် ရောဂါလက္ခဏာများ ခံစားတွေ့ကြုံရလာပါက သို့မဟုတ် သင်သည် Covid19 ရောဂါပိုးရှိနေပြီဟု သံသယရှိပါက သင့်ကိုယ်သင် ဂရုစိုက်နိုင်ပြီး လိုအပ်ပါက ဆေးရုံသို့သွားရန် သိထားသင့်သည့် အချက် (၅) ချက်ကို အောက်ပါအတိုင်း ရှင်းလင်း တင်ပြအပ်ပါသည်။

အဆင့် (၁)
#Covid19 ရောဂါ လက္ခဏာများအား သတိထား စောင့်ကြည့်ပါ။
Covid19 ရောဂါလက္ခဏာများမှာ ကွဲပြားနိုင်ပါသည်။ အများအားဖြင့် တွေ့ရှိရသော လက္ခဏာများမှာ ကိုယ်ပူခြင်း၊ အဖျားရှိခြင်း ၊ ချောင်းဆိုးခြင်း ၊ လည်ချောင်းနာခြင်း၊ အနံ့အရသာပျောက်ခြင်း၊ မျက်စိနီခြင်းနှင့် ခေါင်းကိုက်ခြင်း တို့ဖြစ်ပါသည်။
အသက်ရှူရခက်ခဲလာခြင်း၊ အိပ်ရာမှမထနိုင်၍ မိမိကိုယ်ကို ဂရုမစိုက်နိုင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သို့မဟုတ် မူးဝေခြင်းနှင့် အိပ်ငိုက်ခြင်း၊ မှိန်းခြင်းများဖြစ်ပေါ် လာပါက ရောဂါပြင်းထန်သော လက္ခဏာများဖြစ်ပါသည်။ ထိုကဲ့သို့ ပြင်းထန်သော လက္ခဏာများတွေ့ရှိရပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူများကို ချက်ချင်း အကူအညီတောင်းပါ။
သင့်တွင် Covid19 ရောဂါလက္ခဏာများတွေ့ကြုံခံစားလာရပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူ တစ်ဦးနှင့် တိုင်ပင်ပါ၊ Covid19 ရောဂါပိုး ရှိ၊မရှိ စစ်ဆေး ပါ၊

အဆင့် (၂)
#မိမိကိုယ်ကိုဂရုစိုက်ပါ
ကောင်းစွာ အနားယူပါ၊ အခြားသူများနှင့် ခပ်ခွာခွာ နေပါ။ သို့မဟုတ် လေကောင်း လေသန့် ကောင်းမွန်စွာရရှိသောအခန်းတွင် သီးခြားနေထိုင်ပါ၊
ရေဓာတ်အလုံအလောက်ရရှိစေရန် အရည်များများသောက်ပါ။ အခြားသူများနှင့်အတူ အခန်းတွင်းရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ထားပါ၊
အာဟာရပြည့်ဝအောင် စားသုံးပါ။
ကိုယ်ပူ၍ အဖျားရှိခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း (သို့) ခေါင်းကိုက်ခြင်းများ ခံစားရပါက ပါရာစီတမောသောက်ပါ။ (သောက်ရမည့် ပမာဏနှင့်အကြိမ် အရေအတွက်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူတစ်ဦးထံမှ အကြံဉာဏ်တောင်းပါ) အဖျားမကျပါက နဖူးပေါ်တွင် အေးသော အဝတ်စ တစ်ခုကို တင်ထားပေးပါ။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ ညွှန်ကြားပါက Oxygen တိုင်း ကိရိယာဖြင့် Oxygen level ကို စစ်ဆေးပါ (အဆင့် ၄ နှင့် ၅ တွင် အသေးစိတ် ရေးထားပါသည်)
ကိုယ်ပူ၍ အဖျားရှိခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းများ အတွက် ပါရာစီတမော သောက်ရာမှလွှဲ၍ ဆေးများကို ကိုယ်တိုင်ဆုံးဖြတ်၍ သောက်ခြင်းကို ရှောင်ကြဉ်ပါ၊
အသက်ရှုရခက်ခဲလာခြင်း၊ အိပ်ရာမှ မထနိုင်၍ မိမိကိုယ်ကို ဂရုမစိုက်နိုင် ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သို့မဟုတ် မူးဝေခြင်းနှင့် အိပ်ငိုက်ခြင်းများ ဖြစ်ပေါ် လာပါက ရောဂါပြင်းထန်သော လက္ခဏာများဖြစ်ပါသည်။ ထိုကဲ့သို့ လက္ခဏာများ တွေ့ရှိရပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို ချက်ချင်း အကူအညီတောင်းပါ၊

အဆင့် (၃)
#အတူနေသူများကိုကာကွယ်ပါ။
လေဝင်လေထွက်ကောင်းသော အခန်းတွင် သီးသန့်နေထိုင်ခြင်း ဖြင့် အခြားသူများနှင့် ခပ်ဝေးဝေးနေပါ။ သို့မဟုတ် ဖြစ်နိုင်ပါက အနည်းဆုံး တစ်မီတာ အကွာတွင် နေထိုင်ပါ။
ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ပါ။ တစ်မိုးအောက် အတူနေ အခြားသူများကိုလည်း ပါးစပ်၊နှာခေါင်းစည်း ဝတ်ဆင်ပါစေ။
ဆပ်ပြာနှင့်ရေ အသုံးပြုပြီး လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောပါ။ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ကို အသုံးပြု သန့်စင်ပါ။
အစာစားခြင်း၊ အရည်သောက်ခြင်းများအတွက် ပန်းကန် ခွက်ယောက်ကို သီးသန့် ခွဲသုံးပါ။
သင်၏ စွန့်ပစ်ပစ္စည်းများကို သေချာစွာ ထုတ်ပိုးပြီး အဖုံးပါသော အမှိုက်ပုံးထဲ သီးသန့် စွန့်ပစ်ပါ။ ထို့နောက် သီးသန့် ဖယ်ရှားပေးပါ။
မိမိကို ပြုစုစောင့်ရှောက်ပေးသူအား ပါးစပ်၊နှာခေါင်းစည်း သေချာ ဝတ်ဆင်စေပါ။ ဆပ်ပြာနှင့်ရေ အသုံးပြုပြီး လက်ကို စင်ကြယ်အောင် မကြာခဏ ဆေးကြောငစပါ။ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ကို အသုံးပြု သန့်စင်စေပါ။
လေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းပေါက်များကို ဖွင့်ထားပါ။

အဆင့် (၄)
#သွေးတွင်း အောက်ဆီဂျင်တိုင်း တာစက် (pulse oximeter) အသုံးပြုရန် အကြံပြုချက်ရရှိပါက
စိတ်ချ လုံခြုံစွာ မည်သို့ အသုံးပြုရမည်ကို သေချာသိအောင် လုပ်ပါ။ သင့်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူက သေချာ ပြောပြပေးပါလိမ့်မည်။ ထိုသို့မဟုတ်ပါက မေးပါ။
သွေးတွင်း အောက်ဆီဂျင်တိုင်းတာစက် (pulse oximeter) ကို အသုံးပြုပြီး တစ်နေ့ (၃) ကြိမ် သွေးတွင်းရှိ အောက်ဆီဂျင် ကို တိုင်းတာပါ။ (သို့) သင့်ကို ကျန်းမာရေး စောင့်ရှောက်မှုပေး သူက ပေးသည့် အကြံပြုချက်ကို လိုက်နာပါ။

အဆင့် (၅)
#သွေးတွင်း အောက်ဆီဂျင် အနည်းအများ ပမာဏသည် အလွန်အရေးကြီးသည်။ အောက်ပါ အချက်များမှာ အထွေထွေ ညွှန်ကြားချက်များဖြစ်သည်။ သို့သော် သင့် အခြေအနေပေါ်မူတည်ပြီး သင်၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက ပေးသည့်အကြံပြုချက်များကို လိုက်နာပါ။
သွေးတွင်း အောက်ဆီဂျင် မည်မျှရှိသည်ဖြစ်စေ - အသက်ရှူရခက်ခဲခြင်း၊ အိပ်ရာမှ မထနိုင်ခြင်း သို့မဟုတ် တစ်ကိုယ်ရေ သန့်ရှင်းရေးကို မိမိကိုယ်တိုင် မလုပ်နိုင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အာရုံထွေပြား / အိပ်ငိုက် / မှိန်းနေခြင်းတို့ရှိပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူ ထံမှ ချက်ချင်း အကူအညီ ရယူပါ။

သင်၏ သွေးတွင်း အောက်ဆီဂျင် (၉၄) ရာခိုင်နှုန်းနှင့်အထက်ရှိပါက အထက်တွင် ပြောထားသည့်အတိုင်း သွေးတွင်း အောက်ဆီဂျင်ပမာဏကို ဆက်လက်တိုင်းတာနေပါ။

သင်၏ သွေးတွင်း အောက်ဆီဂျင် (၉၀) ရာခိုင်နှုန်းနှင့် အထက်ရှိသော်လည်း (၉၄) ရာခိုင်နှုန်းနှင့် အောက်ရှိပါက
ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ပါ၊ သို့မဟုတ် ဆေးရုံတက်ရောက် ကုသခွင့်ရယူပါ။
သင်၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက အောက်ဆီဂျင်ရှူရန် အကြံပြုပါက (မလိုအပ်နိုင်သော်လည်း) အောက်ဆီဂျင်ရှူပါ။ သင်၏ ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးသူက စတီးရိုက် (steroid) ဆေးများ ညွှန်ကြားပါက ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာပါ။ စတီးရိုက် (steroid) ဆေးများကို မိမိ သဘောဖြင့် သောက်သုံးခြင်း မပြုရပါ။
အိပ်ရာတွင် ဟိုဘက်သည်ဘက်(ဘယ်၊ညာ)လှည့်ခြင်း၊ ဝမ်းလျားမှောက်အိပ်ခြင်း ပက်လက်အိပ်ခြင်းထိုင်နိုင်ပါက မတ်မတ်ထိုင်ခြင်းတို့ကို (၂) နာရီခြား တစ်ခါ ၊ပြုလုပ်ပေးပါ။

သင်၏ သွေးတွင်း အောက်ဆီဂျင် (၉၀) ရာခိုင်နှုန်းနှင့်အောက်ရှိပါက ပြင်းထန်သော Covid19 ရောဂါ ဖြစ်သည်။
ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ပြီး ချက်ချင်း ဆေးရုံတက်ရောက် ကုသမှု ခံယူပါ။
သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက အကြံပြုချက်အတိုင်း အောက်ဆီဂျင်ရှူပါ။
သင်၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသူက ညွန်ကြားချက်အတိုင်း စတီးရိုက် (steroid) ဆေးများ သောက်သုံးပါ။
အိပ်ရာတွင် ဟိုဘက်သည်ဘက်(ဘယ် ၊ညာ)လှည့်ခြင်း၊ ဝမ်းလျားမှောက်အိပ်ခြင်း၊ ပက်လက်အိပ်ခြင်း၊ ထိုင်နိုင်ပါက မတ်မတ်ထိုင်ခြင်းတို့ကို (၂) နာရီခြား တစ်ခါ ပြုလုပ်ပေးပါ။

 

 

1.jpg

" class="img-responsive"

 

2.jpg

" class="img-responsive"

 

3.jpg

" class="img-responsive"

 

4.jpg

" class="img-responsive"

 

5.jpg

" class="img-responsive"

Read times Last modified on Wednesday, 14 July 2021 08:55
Rate this item
(0 votes)