What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Friday, 08 May 2020 13:36
လက်ဆေးခြင်းဖြင့် အန္တရာယ်ကင်းအောင်ဘယ်လိုနေမလဲ
တကယ်တန်းမှာ လူတွေ အနေနဲ့ နေပူထဲမှ ခေါင်းကို နေထိ ပြီးအပြင်မှ ပြန်လာတဲ့ အချိန်လက်ဆေးပါက အပူရှုပ်တာမျိုးတွေ ၊ နှာစေးတာတွေဖြစ်ပွားနိုင်ပါတယ်။ဒီတော့ ယခုလိုကိုရိုနာဖြစ်ပွားနေတဲ့ အချိန်မှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ကိစ္စရပ်တစ်ခုရှိလာပါတယ်။လက်ကတော့ ပိုးသန့်စင်ပြီး ဆေးကိုဆေးရမှာပါ။
သင့်အနေနဲ့ ပိုးသတ်ထားတဲ့ အဝတ်တစ်ခုနဲ့ လက်ကိုသုတ်တာမျိုး ပြီးမှ ၁၅ မိနစ်လောက်ခန္ဓာကိုယ် အပူချိန်သာမန်အေးမှ လက်ဆေးတာမျိုး လုပ်သင့်သလို ရာဘာ လက်အိတ်တွေစွပ်နိုင်ပါတယ်။ခန္ဓာကိုယ်ကို နေပူထဲသွားနေပေမည့် သိပ်မပူအောင် နေရင်လဲ လက်ကို ချက်ချင်းဆေးနိုင်ပါတယ်။
နယူးရောဇ့်က ရောဂါကာကွယ်ရေးနဲ့ တိုက်ဖျက်ရေး ဌာန မှ သူနာပြု Barbara Smith ပြောကြားချက်အရ လက်ဆေးပိုးသတ် ပြီးရင် သင့်လက်ကို ခြောက်သွေ့ သန့်စင်တဲ့ အဝတ်တစ်ခုနဲ့ သုတ်သင့်ပါတယ်ဘာလို့ဆို ပိုးမွှားတွေက စိုစွတ်တာကိုကြိုက်နှစ်သက်တဲ့ အမျိုးအစားဖြစ်ပြီး လက်က စိုစွတ်နေပါက အချိန်မရွေး ကပ်တွယ်ဖို့လွယ်ကူပါတယ်တဲ့။
ဒါ့ထက်သတိထားရမှာ လက်ဆေးပြီးပါက တစ်ရှုး အကြမ်းကို တစ်ခါသုံး အသုံးပြုတာ အကောင်းဆုံးပါ တကယ်တန်းမှာ လက်သုတ်ဝတ် ထားမယ်ဆိုပါက လည်း သင့်တစ်ဦးတည်းသီးသန့်ထားကာ တစ်ရက်တစ်ခါလဲတာအဆင်ပြေပါတယ်။အခြား အသုံးပြုသူတွေရှိပါက ပိုးမွှားတွေက လက်သုတ်ဝတ်မှာ ကပ်နေနိုင်ပြီး သင့်ဆေးကြောပြီးသားလက်အသန့်ကို ပိုးပြန်ကပ်နိုင်ပါတယ်။
ဘယ်လိုအချိန်တွေမှာ လက်တွေကို ဆေးသင့်လဲ 
-------------------------------------------------------
- အိမ်မှ အပြင်ကိုမထွက်ခွာမှီ ( အပြင်လူများအား သင့်လက်များ ထံမှ ရောဂါပိုးကိုကာကွယ်ရန် )
- အပြင်သွားလိုရာနေရာသို့ရောက်သောအခါ ( လမ်းတွင်သင့်အနေနဲ့ တံခါးဘုသီးများ ၊ ဓာတ်လှေကားခလုတ်များ ၊ လမ်းတစ်လျှောက်သင်စီးနင်းလိုက်ပါခဲ့သော ဘဏ်စ် ကား ၊ ရထား တွေကနေမှလည်း သင့်လက်ကို ပိုးမွှားကပ်တွယ်နိုင်ပါတယ်။
- အစားမစားမှီနဲ့ အစာ များကို စားဖို့ပြင်ဆင်ချိန် ထို့ပြင် အစာစားပြီးချိန်
- အိမ်သို့ပြန်ရောက်သောအခါ ( နေပူထဲမှလာပါက ၁၅ မိနစ်လောက် ဘာမှ မထိမကိုင်လက်ငြိမ်ထား ပိုးသတ်ပြီးနေပါ ကိုယ်အပူချိန်အေးမှ လက်ဆေးချပါ )
- ရောဂါပိုး မရှိသော်လဲ သင်နှာခြေ ၊ ချောင်းဆိုးပြီးတာနဲ့ လက်ဆေးပါ
-အပေါ့ ၊ အလေးသွားပြီးတိုင်း နဂိုတိုင်းလက်ကိုဆေးပါ
-သင့်ရဲ့ အိမ်မွှေးတိရစ္ဆာန်များကို ထိကိုင် ၊ အစာကျွေးပြီးတိုင်းလက်ဆေးပါ ( ယခုလတ်တလော အိမ်မွှေးတိရစ္ဆာန်များကို အပြင် ပေးမထွက်တာ အကောင်းဆုံးပါ )
လက်အရေပြားခြောက်တဲ့ သူတွေအနေနဲ့ လိုးရှင်း လိမ်းသင့်သလား
------------------------------------------------------------------------
လိမ်းလို့ရပါတယ် ၊ သို့သော်ထို လိုးရှင်းပုလင်းကို သန့်ရှင်းစွာထားရန် မမေ့ပါနဲ့။အမျိုးသမီးတွေအနေနဲ့က အခုချိန်မှာ လက်သည်းကို ခပ်တိုတိုထားတာ အကောင်းဆုံးပါလက်သည်းအရှည်ထားခြင်းက လက်သည်းအောက်တွင် ဂျီး အညစ်အကြေး တွေ ကိန်းအောင်းနေနိုင်တယ်သိရပါတယ်။ထိုဂျီးအညစ်အကြေးတွေက ပိုးမွှားတွေရဲ့ ပျော်စံရာပါပဲ။ဒါ့ထက် လက်သည်းနီဆိုးထားမယ်ဆိုလဲ ပိုးမွှားတွေက လက်သည်းနီပေါ်မှာနေနိုင်ပါတယ်။အခုအချိန်မှာ လက်ကို သန့်ရှင်းစွာ ဗလာထားတာ အကောင်းဆုံးပါ။
လက်သန့်ဆေးရည်ကို ဘယ်လိုရွေးသုံးမလဲ
----------------------------------------------
အရက်ပြန် ၆၀ ရာခိုင်နှုန်းပါဝင်ထားတဲ့ လက်သန့်ဆေးရည်ကို သုံးပါ။ကျန်းမာရေး ဌာနက အသိမှတ်ပြုကိုသုံးပါ သုံးတဲ့ အခါမှာလည်း ကပ်စေးမနှဲပါနှင့် သင့်လက်ရဲ့ အတွင်း ဂျိုဂျိုချောင်ချောင်ထိ နိုှက်ချွတ်ဆေးကြောပါ။Social Media က လက်သန့်ဆေးများသည် တကယ်တန်း အလုပ်မဖြစ်ပါ။
လက်ဆေးခြင်းက အရေးပါ အရာရောက်ပါသလား
-------------------------------------------------
လက်တွေက ရောဂါပိုးနီးပါးကို အသက်ရှုလမ်းကြောင်းကို ပို့ပေးနိုင်တယ့် ကူးတို့ဆိပ်တစ်ခုပါ၊ထိုလက်တွေကို တတ်နိုင်သမျှ သတိလေးထားပြီး သန့်ရှင်းအောင်ထားမှ သာလျှင်သင့်ကျန်းမာရေးအတွက် စိတ်ချနိုင်မှာပါ ဆိုကာ ကော်လိုရာဒိုတက္ကသိုလ်ဆေးတက္ကသိုလ်မှပါမောက္ခ Dr. Adit Ginde ကပြောကြားခဲ့ပါတယ်။
<<< Zawgyi >>>
-----------------------------------------------------------
---------------------------------------------------
------------------------------------------------------------------------
----------------------------------------------
------------------------------------------------------
 Ref ; Newyork Times 
Read times
Rate this item
(0 votes)