What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 April 2020 20:16

WHO ကိုရန်ပုံငွေထောက်ပံ့မှု ဆက်လက်ပြုလုပ်တော့မှာမဟုတ်တဲ့ ဒေါ်နယ်ထရမ့်

WHO ကိုရန်ပုံငွေထောက်ပံ့မှု ဆက်လက်ပြုလုပ်တော့မှာမဟုတ်တဲ့ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဧပြီလ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သို့ရန်ပုံငွေထာက်ပံ့ပေးနေမှု ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ဒီလိုပြုလုပ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ထရမ့်ရဲ့တရုတ်ကနေထွက်ခွာခွင့်ပိတ်ပင်မှုကို WHO ကလူသားချင်းမကူးစက်နိုင်ဘူးဆိုပြီး အပြင်းအထန့်ကန့်ကွက်ခဲ့ခြင်းကြောင့်ဟု သိရသည်။

 

ထရမ့်အနေဖြင့် WHO သည် ဝူဟန်ကနေကိုရိုနာဗိုင်းရပ်စ်စတင်တဲ့အချိန်မှာ သတင်းမှန်ကိုထိန်ချန်ထားခြင်းနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတို့က ကိုရိုနာဗိုင်းရပ်စ်ကို ပိုမိုပျံ့ပွားစေခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ထရမ့် ၏တရုတ်ပြည်တွင်း တွင်နေထိုင်ပြီး အမေရိကန်သို့ဝင်ရောက်လာမှုကို ပိတ်ပင်ခြင်းအပေါ် WHO ကကန့်ကွက်ခဲ့ခြင်း ကလည်း ယခုလိုဆုံးဖြတ်ဖို့အတွက် အဓိကကျစေခဲ့ခြင်းဖြစ်သည်။ ထရမ့်အနေဖြင့် အဆိုပိတ်ပင်မှုကို ဇန်နဝါရီလ ၁၃ ရက်နေ့က ပြောဆိုထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

 

ထရမ့်သည် “ WHO အနေနဲ့ တိကျတဲ့သတင်းအချက်လက်ရဖို့ဒီထက်ပိုပြီး ကြိုးစာဖို့လိုခဲ့သလို သတင်းထုတ်ပြန်တဲ့ အခါမှာလည်း ထိန်ချန်မှုရှိသလို ပွင့်လင်းမြင်သာမှုမရှိခဲ့ပါဘူး။ ဒါတွေက ယနေ့အမေရိကန်မှာဖြစ်ပျက်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကူး စက်မှုတွေရဲ့ အဓိကတရားခံလို့ပြောလို့ရပါတယ်။ ဒါ့အပြင် WHO အနေနဲ့ တရုတ်ရဲ့ တိကျမှန်ကန်ခြင်း မရှိတဲ့အချက်လက်တွေကိုသာ ထုတ်ပြန်ခဲ့ပြီး ခရီးသွားလာမှုကိုပိတ်ပင်စရာမလိုဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်လို့ ” ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

WHO အနေဖြင့် ဒီဇင်ဘာလ ၃၁ရက်နေ့ကတည်းက ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ်လူနာနှင့် ပက်သတ်ပြီးသတင်း လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၁ ရက်နေ့တွင် WHO အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီးတရုတ်တို့ ထံမှတရားဝင်သတင်းတောင်းခံခဲ့သည်။ ထိုအချိန်တွင် ဝူဟန်ဈေးသည် ကိုရိုနာဗိုင်းရပ်စ်အစပြုရာနေရာဟု သံသယ ရှိစရာဖြစ်ခဲ့ပြီး အဆိုပါဈေးကိုပိုးသတ်ဆေးဖြန်းဖို့အတွက် ပိတ်သိမ်းထားခဲ့ဲပြီဖြစ်သည်ဟု တရုတ်တို့မှအကြောင်းပြန်ခဲ့ကြောင်း WHO ၏အစီရင်ခံစာတွင်ဖော်ပြထားခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ကူးစက်ခံရသူ ၁၀,၀၀၀ အရောက်မှာတော့ WHO အနေဖြင့်အရေးပေါ်လုပ်ဆောင်မှုပြုရန်အတွက် ထုတ်ပြန်ကြေညာခဲ့သည်။ 

ယခုလိုထရမ့်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အမေရိကန်ကွန်ကရက်အတွင်းအငြင်းပွားမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး သမ္မတစ်ယောက်အနေဖြင့် ယခုလိုဆုံးဖြတ်ချက်ချ၍မရကြောင်း၊ ယခုလိုဖြစ်ပွားနေချိန်တွင် ထောက်ပံ့ငွေအပေါ် ဖြတ်တောက်၊မတောက်စဉ်းစားခြင်းထက် ရောဂါအပေါ်အဖြေရှာခြင်းကသအကောင်းဆုံးဖြစ်ကြောင်း ထောက်ပြပြော ဆိုမှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ 

ထို့အပြင် ထရမ့်သည် WHO အနေဖြင့် တရုတ်နိုင်ငံ၏ထောက်ပံ့မှုအပေါ်သာ အဓိကအားထားနေရပါတယ်ဆိုသည် အပေါ်မှာလည်း စောဒကတက်ဖြေရှင်းမှုများပြုလုပ်ခဲ့သည်။ ထရမ့်၏ပြောဆိုမှုတွင် အမေရိကန်အနေဖြင့် WHO သို့တစ်နှစ်လျှင်ဒေါ်လာသန်း ၅၀၀ လောက်ထောက်ပံ့ပေးနေပြီး ယင်းပမာဏသည် WHO ကိုထောက်ပံ့ပေးနေ သည့် ၁၉၆ နိုင်ငံတွင် အများဆုံးဖြစ်ကြောင်း၊ WHO ဘတ်ဂျက်၏ ၁၅ ရာခိုင်နှုန်းအထိ အကြမ်းဖျင်းအားဖြင့်ရှိကြောင်း ပါဝင်ခဲ့သည်။

 

ထို့အပြင် အမေရိကန်အနေဖြင့် ယခုနှစ်အစောပိုင်းကပင် WHO သို့ထောက်ပံ့ငွေ ၅၇.၈သန်းထက် မနည်းထောက်ပံ့ပေးပြီးသွားပြီဖြစ်ပြီး WHO အနေနဲ့သူတို့ရဲ့ အဓိကတာဝန်အပေါ်တာဝန်မကျေခဲ့ကြောင်း ဒါအတွက် တာဝန်ယူရမှာဖြစ်ကြောင်းကိုလည်း ဆက်လက်ထည့်သွင်းပြောဆိုသွားခဲ့သည်။

 

90165828_212716063139335_1462378197545910272_n.png

Zawgyi

========

WHO ကိုရန္ပံုေငြေထာက္ပံ့မႈ ဆက္လက္ျပဳလုပ္ေတာ့မွာမဟုတ္တဲ့ ေဒၚနယ္ထရမ့္

 

အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ဧၿပီလ ၁၄ ရက္ေန႔တြင္ ကမာၻ႔က်န္းမာေရးအဖဲြ႕ WHO သို႔ရန္ပံုေငြထာက္ပံ့ေပးေနမႈ ရပ္တန္႔လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့သည္။ ဒီလိုျပဳလုပ္ရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ ထရမ့္ရဲ႕တ႐ုတ္က ေနထြက္ခြာခြင့္ပိတ္ပင္မႈကို WHO ကလူသားခ်င္းမကူးစက္ႏိုင္ဘူးဆိုၿပီး အျပင္းအထန္႔ကန္႔ကြက္ခဲ့ျခင္းေၾကာင့္ဟု သိရသည္။ 

ထရမ့္အေနျဖင့္ WHO သည္ ဝူဟန္ကေနကို႐ိုနာဗိုင္းရပ္စ္စတင္တဲ့အခ်ိန္မွာ သတင္းမွန္ကိုထိန္ခ်န္ထားျခင္းနဲ႔ စီမံခန္႔ခဲြမႈညံ႕ဖ်င္းတို႔က ကို႐ိုနာဗိုင္းရပ္စ္ကို ပိုမိုပ်ံ႕ပြားေစခဲ့တယ္လို႔ စြပ္စဲြေျပာဆိုလိုက္ျခင္းျဖစ္သည္။ ထို႔အျပင္ ထရမ့္ ၏တ႐ုတ္ျပည္တြင္းတြင္ေနထိုင္ၿပီး အေမရိကန္သို႔၀င္ေရာက္လာမႈကို ပိတ္ပင္ျခင္းအေပၚ WHO ကကန္႔ကြက္ခဲ့ျခင္း ကလည္း ယခုလိုဆံုးျဖတ္ဖို႔အတြက္ အဓိကက်ေစခဲ့ျခင္းျဖစ္သည္။ ထရမ့္အေနျဖင့္ အဆိုပိတ္ပင္မႈကို ဇန္နဝါရီလ ၁၃ ရက္ေန႔က ေျပာဆိုထုတ္ျပန္ခဲ့ျခင္းလည္းျဖစ္သည္။ 

 

ထရမ့္သည္ “ WHO အေနနဲ႔ တိက်တဲ့သတင္းအခ်က္လက္ရဖို႔ဒီထက္ပိုၿပီး ႀကိဳးစာဖို႔လိုခဲ့သလို သတင္းထုတ္ျပန္တဲ့ အခါမွာလည္း ထိန္ခ်န္မႈရွိသလို ပြင့္လင္းျမင္သာမႈမရွိခဲ့ပါဘူး။ ဒါေတြက ယေန႔အေမရိကန္မွာျဖစ္ပ်က္ေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္မႈေတြရဲ႕ အဓိကတရားခံလို႔ေျပာလို႔ရပါတယ္။ ဒါ့အျပင္ WHO အေနနဲ႔ တ႐ုတ္ရဲ႕ တိက်မွန္ကန္ျခင္း မရွိတဲ့အခ်က္လက္ေတြကိုသာ ထုတ္ျပန္ခဲ့ၿပီး ခရီးသြားလာမႈကိုပိတ္ပင္စရာမလိုဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္လို႔ ” ေျပာဆိုခဲ့ျခင္းျဖစ္သည္။ 

 

WHO အေနျဖင့္ ဒီဇင္ဘာလ ၃၁ရက္ေန႔ကတည္းက ပထမဆံုးေသာ ကို႐ိုနာဗိုင္းရပ္စ္လူနာႏွင့္ ပက္သတ္ၿပီးသတင္း လက္ခံရရွိခဲ့ျခင္းျဖစ္သည္။ ဇန္နဝါရီလ ၁ ရက္ေန႔တြင္ WHO အေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ ပတ္သက္ၿပီးတ႐ုတ္တို႔ ထံမွတရား၀င္သတင္းေတာင္းခံခဲ့သည္။ ထိုအခ်ိန္တြင္ ဝူဟန္ေစ်းသည္ ကို႐ိုနာဗိုင္းရပ္စ္အစျပဳရာေနရာဟု သံသယ ရွိစရာျဖစ္ခဲ့ၿပီး အဆိုပါေစ်းကိုပိုးသတ္ေဆးျဖန္းဖို႔အတြက္ ပိတ္သိမ္းထားခဲ့ဲၿပီျဖစ္သည္ဟုတ႐ုတ္တို႔မွအေၾကာင္းျပန္ခဲ ေၾကာင္း WHO ၏အစီရင္ခံစာတြင္ေဖာ္ျပထားခဲ့သည္။

 

ထို႔ေနာက္ ဇန္နဝါရီ ၃၀ ရက္ေန႔တြင္ ကူးစက္ခံရသူ ၁၀,၀၀၀ အေရာက္မွာေတာ့ WHO အေနျဖင့္အေရးေပၚလုပ္ေဆာင္မႈျပဳရန္အတြက္ ထုတ္ျပန္ေၾကညာခဲ့သည္။ ယခုလိုထရမ့္၏ဆံုးျဖတ္ခ်က္ႏွင့္ပတ္သက္ၿပီး အေမရိကန္ကြန္ကရက္အတြင္းအျငင္းပြားမႈမ်ားလည္း ျဖစ္ေပၚခဲ့ၿပီး သမၼတစ္ေယာက္အေနျဖင့္ ယခုလိုဆံုးျဖတ္ခ်က္ခ်၍မရေၾကာင္း၊ ယခုလိုျဖစ္ပြားေနခ်ိန္တြင္ ေထာက္ပံ့ေငြအေပၚ ျဖတ္ေတာက္၊မေတာက္စဥ္းစားျခင္းထက္ ေရာဂါအေပၚအေျဖရွာျခင္းကသအေကာင္းဆံုးျဖစ္ေၾကာင္း ေထာက္ျပေျပာ ဆိုမႈေတြလည္းရွိခဲ့တာျဖစ္ပါတယ္။ 

 

ထို႔အျပင္ ထရမ့္သည္ WHO အေနျဖင့္ တ႐ုတ္ႏိုင္ငံ၏ေထာက္ပံ့မႈအေပၚသာ အဓိကအားထားေနရပါတယ္ဆိုသည္ အေပၚမွာလည္း ေစာဒကတက္ေျဖရွင္းမႈမ်ားျပဳလုပ္ခဲ့သည္။ ထရမ့္၏ေျပာဆိုမႈတြင္ အေမရိကန္အေနျဖင့္ WHO သို႔တစ္ႏွစ္လွ်င္ ေဒၚလာသန္း ၅၀၀ ေလာက္ေထာက္ပံ့ေပးေနၿပီး ယင္းပမာဏသည္ WHO ကိုေထာက္ပံ့ေပးေန သည့္ ၁၉၆ ႏိုင္ငံတြင္ အမ်ားဆံုးျဖစ္ေၾကာင္း၊ WHO ဘတ္ဂ်က္၏ ၁၅ ရာခိုင္ႏႈန္းအထိအၾကမ္းဖ်င္းအားျဖင့္ရွိေၾကာင္း ပါ၀င္ခဲ့သည္။

 

ထို႔အျပင္ အေမရိကန္အေနျဖင့္ ယခုႏွစ္အေစာပိုင္းကပင္ WHO သို႔ေထာက္ပံ့ေငြ ၅၇.၈သန္းထက္ မနည္းေထာက္ပံ့ေပးၿပီးသြားၿပီျဖစ္ၿပီး WHO အေနနဲ႔သူတို႔ရဲ႕အဓိကတာ၀န္အေပၚတာ၀န္မေက်ခဲ့ေၾကာင္း ဒါအတြက္ တာ၀န္ယူရမွာျဖစ္ေၾကာင္းကိုလည္း ဆက္လက္ထည့္သြင္းေျပာဆိုသြားခဲ့သည္။

 

Ref;nbcnews.com

Read times Last modified on Thursday, 16 April 2020 12:27
Rate this item
(0 votes)