What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 10 May 2020 18:04

COVID - 19 စမ်းသပ်ပစ္စည်း ၁၀,၀၀၀ တင်ဆောင်လာသည့် ပထမဆုံးလေယာဉ် ရန်ကုန်ဆိုက်ရောက်

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းကြီးကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)မှ COVID-19 တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းအတွက်

နိုင်ငံတကာကအကူအညီတွေ ပိုမိုပံ့ပိုးပေးနိုင်ရန် ကုန်စည်နှင့် လူများကို သယ်ဆောင်ပေးသည့် ကယ်ဆယ်ရေးဆိုင်ရာပျံသန်းမှုများ စတင်ဆောင်ရွက်နေကြောင်းသိရသည်။

အဆိုပါ အကူအညီများအား ဥရောပသမဂ္ဂနဲ့ ဆွစ်ဇာလန်နိုင်ငံတို့က ပံ့ပိုးပေးလျှက်ရှိပြီး Gavi၊ the Vaccine Alliance၏အကူအညီဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF) က ဝယ်ယူပေးသည့် COVID-19 စမ်းသပ်ပစ္စည်း အခု ၁၀,၀၀၀ တင်ဆောင်လာသည့် ပထမဆုံးလေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့တွင်ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။
ဘုံရန်သူဖြစ်သည့် COVID-19 ကို တုံ့ပြန်မှုဖြစ်သော အတူပူးပေါင်းဆောင်ရွက်ခြင်းရလဒ်တစ်ခုကို ဒီနေ့မှာတွေ့မြင်ရပြီဖြစ်ပါကြောင်း၊ အားလုံးရင်ဆိုင်နေရသည့် အဆိုပါဘုံရန်သူကို အတူတွန်းလှန် တိုက်ထုတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ဌာနေကိုယ်စားလှယ်/ လူသားချင်းစာနာ ထောက်ထားမှုညှိနှိုင်းရေးတာဝန်ခံ Ola Almgren မှ ပြောကြားခဲ့သည်။

zawgyi



Read times
Rate this item
(0 votes)