What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 12 October 2020 14:04

ကိုဗစ်ကာလအတွင်း မန္တလေးသွေးလှူဘဏ်သို့ သွေးလှူဒါန်းသူ ယခင်ထက် လျော့နည်း

ကိုဗစ်-၁၉ ကာလအတွင်း မန္တလေးသွေးလှူဘဏ်သို့ လာရောက်သွေးလှူဒါန်းသူများ ယခင်ထက် သိသာစွာ လျော့နည်းလာရာ အွန်လိုင်းကနေ သွေးလှူရှင်များ ဖိတ်ခေါ်နေကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်မှ သိရသည်။

 

လက်ရှိတွင် သွေးလှူဘဏ်၌ ဘီသွေးနှင့်အိုသွေးအမျိုးအစားတို့မှာ အရေးပေါ်အတွက်သာကျန်ရှိပြီး အခြားသွေးအမျိုးအစားများလည်း လက်ကျန်လျော့နည်းလာခြင်းကြောင့် အွန်လိုင်းမှ အလှူရှင်များ ဖိတ်ခေါ်နေခြင်းဖြစ်သည်။

 

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးအတွက် လိုအပ်သည့်သွေးများကို မန္တလေးသွေးလှူဘဏ်က နေ့စဉ်ပို့ပေးနေရပြီး ကိုဗစ်ကာလဖြစ်သော်လည်း ဆေးရုံကြီးတွင် အရေးပေါ်ထိခိုက်ဒဏ်ရာရလူနာများ၊ အရေးပေါ်ခွဲစိတ် လူနာများနှင့် သွေးအားနည်းလူနာများအတွက် သွေးလိုအပ်ချက်များ ရှိနေသေးကြောင်း၊ ယခင်က သွေးလိုအပ်ချက်မှာ တစ်ရက်လျှင် အလုံးရေ (၁၅၀) ခန့်လိုအပ်သော်လည်း ယခုလိုအချိန်တွင် (၁၀၀) နီးပါး လိုအပ်နေသေးကြောင်း သိရသည်။

 

လူနာသွေးလိုအပ်သည့်အချိန် အဆင်သင့်ပေးနိုင်ရန်အတွက် စေတနာသွေးလှူရှင်စုဆောင်းခြင်းကိုလည်း လုပ်ဆောင်နေရာ သွေးလှူရှင် (၆၀) ရာခိုင်နှုန်းလောက်ရှိပြီဖြစ်ကြောင်း၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး အနောက်ဘက်ခြမ်း ၇၇ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ မန္တလေး သွေးလှူဘဏ်တွင် လာရောက်လှူဒါန်းနိုင်ပြီး အလှူရှင်များသိရှိအောင် လူမှု့ကွန်ရက်စာမျက်နှာပေ့ခ်ျမှလည်း ကြိုတင်ရက်ချိန်းရယူထားနိုင်ကြောင်း သိရသည်။

 

Ref; ထိပ်ထားနိုင်

MRTV

Read times Last modified on Monday, 12 October 2020 14:06
Rate this item
(0 votes)