What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 May 2020 23:27

Semi-Lockdown ချထားသည့် မြို့နယ် ငါးခုကို ပယ်ဖျက်ကြောင်း ကြေညာ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် လေးခုနှင့် စစ်ကိုင်းတိုင်း ရှိ မြို့နယ်တစ်ခုကို မိမိနေအိမ် တွင်သာ
နေထိုင်ရန် (Stay at Home) သတ်မှတ်ထားချက်ကို ပယ်ဖျက်လိုက်ကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ယနေ့ ညတွင် ကြေညာသည်။
Semi-Lockdown သတ်မှတ်ထားသည့် မြို့နယ် ငါးခုတွင် ထပ်တိုးလူနာအသစ်မတွေ့ ရှိမှုအပါအဝင် နေထိုင်သူ ပြည်သူများ၏ စည်းကမ်းလိုက်နာမှုရှိ သောကြောင့် ပယ်ဖျက်ခဲ့ခြင်းဖြစ် သည်ဟု ကြေညာသည်။
ရန်ကုန်တိုင်းရှိ မြို့နယ် လေးခုမှာ မင်္ဂလာဒုံ၊ဗိုလ်တထောင်၊ ရွှေပြည်သာနှင့် လှိုင် သာယာမြို့နယ်များဖြစ်ပြီး ၎င်းတို့ကို ဧပြီ ၁၈ ရက်ကတည်း Semi-Lockdown ချခဲ့ခြင်းဖြစ်သည်။ထို့အပြင် ဧပြီ ၂၅ ရက် တွင် ဗိုလ်တထောင်နှင့် မင်္ဂလာဒုံမြို့နယ် တို့မှာ ထပ်တိုး မြို့နယ်များအဖြစ် ပါဝင်ခဲ့သည်။
COVID-19 အတည်ပြုလူ နာခြောက်ဦး တွေ့ရှိခဲ့သော စစ် ကိုင်းတိုင်းရှိ ကလေးမြို့နယ်ကို ဧပြီ ၂၀ ရက်က Semi-Lockdown ချခဲ့ခြင်းဖြစ်သည်။
Source : 7Day News Journ
Read times
Rate this item
(0 votes)