ဘယ်အချိန်မှာသေမယ်မှန်းမသိတဲ့ နေ့ရက်တွေအတွင်ဖက်တွယ်မနေပဲ လေးစားအတုယူဖွယ်အလှူပြုခဲ့တဲ့ အသက် ၈၀ အရွယ်လမ်းဘေးဈေးသည်အဘိုးနဲ့အဘွားလင်မယား
ကျွန်တော်တို့တော်တော်များများအနေနဲ့ ချောက်ကမ်းပါးမှာပိတ်မိပြီး တစ်ဖက်ကိုခုန်မလားအသေခံမလားဆိုတဲ့ တောင်ဆိတ်တွေရဲ့ ရွေးချယ်မှုပုံပြင်လေးကို ကြားဖူးကြမှာပါ။ ဒီလိုခုန်တဲ့အခါမှာလည်း ခုန်နိုင်စွမ်းထက်ပိုဝေးနေလို့
ရှင်သန်ဖို့မသေချာပါဘူး။ ဒီအတွက် အရွယ်ကြီးရင့်နေတဲ့ တောင်ဆိတ်တွေကအရင်ခုန်ပြီး အဲ့ဒီအပေါ်ကိုနင်းလို့ တောင်ဆိတ်ပျိုတွေကို ခုန်စေခဲ့တာကို မြင်မိကြားမိကြမှာပါ။ ဒါက ငယ်ရွယ်သူတွေအတွက်ဆိုရင် အသက်ကြီးတဲ့သူတွေကို
စတေးတဲ့ သဘောပါ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပက်သတ်လို့ အီတလီမှာဆိုရင်လည်း ဒီလိုမျိုးခပ်ဆင်ဆင်ကို မြင်ဖူးကြားဖူးကြမှာပဲ ဖြစ်ပါတယ်။ အခုလည်းလာပြန်ပါပြီ ထိုင်းနိုင်ငံကပဲဖြစ်ပါတယ်။
အသက် ၈၀အရွယ် လမ်းဘေးဈေးသည်(ဘဲသားခေါက်ဆွဲရောင်းတဲ့) အဘိုးနဲ့အဘွားလင်မယားအတွက် မြန်မာငွေ သိန်း ၆၀၀ ဆိုတဲ့ပမာဏ ကနည်းတဲ့ပမာဏမဟုတ်ပါဘူး။ သူတို့တစ်သက်လုံးနီးပါးစုစောင်းလာတဲ့ ငွေကြေးပမာဏပါ။
ဒါကို ကိုယ့်ရဲ့အိုစာ မင်းစာထက် နောင်လာနောင်သားနဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ အဓိကကျတဲ့ဆေးရုံရဲ့ လိုအပ်ချက်မှန်သမျှ မှာသုံးဖို့လှူဒါန်းခဲ့တာကတော့ ကျွန်တော်တို့ကြားဖူးတဲ့တောင်ဆိတ်ပုံပြင်ထက် သာလွန်နေပြီလို့ပဲဆိုပါရစေ။
ဘယ်အချိန်သေမယ်ဆိုတာမသိပေမယ့် နေသင့်သလောက် နေပြီးပါပြီဆိုပြီး ကိုယ့်ရဲ့အိုစာမင်းစာလေးကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာစွမ်းစွမ်းတမံလုပ်ဆောင်ပေးနေတဲ့ ဆေးရုံနဲ့ဆေးဝန်ထမ်းအတွက် သူတို့တစ်သက်တာ
စုဆောင်းထားခဲ့သမျှဖြစ်တဲ့ မြန်မာငွေကျပ် သိန်း ၆၀၀နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ၁.၁၅ မီလီယံအလှူဒါနပြုခဲ့ ပါတယ်။ ဒီငွေတွေကို ဆေးရုံ ၂ရုံကိုခွဲဝေလှူဒါန်းခဲ့တာဖြစ်ပြီး ဒီထဲကဆေးရုံတစ်ခုကတော့ အဘိုးခြေထောက်နှစ်ဖက်စလုံး
ကျိုးတဲ့အချိန်မှာ အထူးဂရုစိုက်ခဲ့ပြီး ဈေးဖိုးဝါးခတောင် အကုန်အကျခံပေးထားခဲ့တဲ့ ဆေးရုံပဲဖြစ်ပါတယ်။ ဒါ ကြောင့်တစ်ဦးစေတနာတစ်ဦးမှာမေတ္တာဆိုတဲ့ စကားကအလကားဖြစ်တာမဟုတ်ဘူးဆိုတာ နားလည်လက်ခံမိကြမှာလည်းဖြစ်ပါတယ်။
Zawgyi
ဘယ္အခ်ိန္မွာေသမယ္မွန္းမသိတဲ့ ေန႔ရက္ေတြအတြင္ဖက္တြယ္မေနပဲ ေလးစားအတုယူဖြယ္အလွဴျပဳခဲ့တဲ့ အသက္ ၈၀ အရြယ္လမ္းေဘးေစ်းသည္အဘိုးနဲ႔အဘြားလင္မယား
ကၽြန္ေတာ္တို႔ေတာ္ေတာ္မ်ားမ်ားအေနနဲ႔ ေခ်ာက္ကမ္းပါးမွာပိတ္မိၿပီး တစ္ဖက္ကိုခုန္မလားအေသခံမလားဆိုတဲ့ ေတာင္ဆိတ္ေတြရဲ႕ ေရြးခ်ယ္မႈပံုျပင္ေလးကို ၾကားဖူးၾကမွာပါ။ ဒီလိုခုန္တဲ့အခါမွာလည္း
ခုန္ႏိုင္စြမ္းထက္ပိုေ၀းေနလို႔ ရွင္သန္ဖို႔မေသခ်ာပါဘူး။ ဒီအတြက္ အရြယ္ႀကီးရင့္ေနတဲ့ ေတာင္ဆိတ္ေတြကအရင္ခုန္ၿပီး အဲ့ဒီအေပၚကိုနင္းလို႔ ေတာင္ဆိတ္ပ်ိဳေတြကို ခုန္ေစခဲ့တာကို ျမင္မိၾကားမိၾကမွာပါ။
ဒါက ငယ္ရြယ္သူေတြအတြက္ဆိုရင္ အသက္ႀကီးတ့ဲသူေတြကို စေတးတဲ့ သေဘာပါ။ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပက္သတ္လို႔ အီတလီမွာဆိုရင္လည္း ဒီလိုမ်ိဳးခပ္ဆင္ဆင္ကို ျမင္ဖူးၾကားဖူးၾကမွာပဲ ျဖစ္ပါတယ္။
အခုလည္းလာျပန္ပါၿပီ ထိုင္းႏိုင္ငံကပဲျဖစ္ပါတယ္။
အသက္ ၈၀အရြယ္ လမ္းေဘးေစ်းသည္(ဘဲသားေခါက္ဆဲြေရာင္းတဲ့) အဘိုးနဲ႔အဘြားလင္မယားအတြက္ ျမန္မာေငြ သိန္း ၆၀၀ ဆိုတဲ့ပမာဏ ကနည္းတဲ့ပမာဏမဟုတ္ပါဘူး။ သူတို႔တစ္သက္လံုးနီးပါးစုေစာင္းလာတဲ့
ေငြေၾကးပမာဏပါ။ ဒါကို ကိုယ့္ရဲ႕အိုစာ မင္းစာထက္ ေနာင္လာေနာင္သားနဲ႔ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးမွာ အဓိကက်တဲ့ေဆးရံုရဲ႕ လိုအပ္ခ်က္မွန္သမွ် မွာသံုးဖို႔လွဴဒါန္းခဲ့တာကေတာ့ ကၽြန္ေတာ္တို႔
ၾကားဖူးတဲ့ေတာင္ဆိတ္ပံုျပင္ထက္ သာလြန္ေနၿပီလို႔ပဲဆိုပါရေစ။
ဘယ္အခ်ိန္ေသမယ္ဆိုတာမသိေပမယ့္ ေနသင့္သေလာက္ ေနၿပီးပါၿပီဆိုၿပီး ကိုယ့္ရဲ႕အိုစာမင္းစာေလးကို ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးမွာစြမ္းစြမ္းတမံလုပ္ေဆာင္ေပးေနတဲ့
ေဆးရံုနဲ႔ေဆး၀န္ထမ္းအတြက္ သူတို႔တစ္သက္ တာစုေဆာင္းထားခဲ့သမွ်ျဖစ္တဲ့ ျမန္မာေငြက်ပ္ သိန္း ၆၀၀နဲ႔ညီမွ်တဲ့ ထိုင္းဘတ္ေငြ ၁.၁၅ မီလီယံအလွဴဒါနျပဳခဲ့ ပါတယ္။ ဒီေငြေတြကို
ေဆးရံု ၂ရံုကိုခဲြေ၀လွဴဒါန္းခဲ့တာျဖစ္ၿပီး ဒီထဲကေဆးရံုတစ္ခုကေတာ့ အဘိုးေျခေထာက္ႏွစ္ဖက္ စလံုးက်ိဳးတဲ့အခ်ိန္မွာ အထူးဂ႐ုစိုက္ခဲ့ၿပီး ေစ်းဖိုးဝါးခေတာင္ အကုန္အက်ခံေပးထားခဲ့တဲ့ ေဆးရံုပဲျဖစ္ပါတယ္။
ဒါ ေၾကာင့္တစ္ဦးေစတနာတစ္ဦးမွာေမတၱာဆိုတဲ့ စကားကအလကားျဖစ္တာမဟုတ္ဘူးဆိုတာ နားလည္လက္ခံမိၾကမွာ လည္းျဖစ္ပါတယ္။