What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 17 May 2020 17:49

ဘာလို့ negative နှစ်ခါဆက်တိုက် ဖြစ်လို့ လိုအပ်တာလဲ

ကိုဗစ်လူနာတစ်ဦးကို ဆေးစစ်ပြီး negative နှစ်ခါဆက်တိုက် ဖြစ်ပြီးမှ ဆေးရုံမှ ဆင်းခွင့်ပြုမှာ ဖြစ်ပါတယ်၊


Covid-19 ကို တိုက်ပွဲကို အောင်နိုင်ခဲ့တဲ့ လူနာတွေဟာ ပြန်နာလန်ထနေပြီဖြစ်ပေမဲ့ တန်းတစ်ခုကို ကျော်နိုင်မှသာ ဆေးရုံမှ ဆင်းခွင့် ရမှာ ဖြစ်ပါတယ်။ အဲဒီတန်းကတော့ ၂၄ နာရီထက်ပိုကြာမြင့်တဲ့ ကာလတစ်ခုမှာ ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှု negative နှစ်ကြိမ် ရလဒ် ထွက်ပေါ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ရရှိမှ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်မှာ ဖြစ်ပါတယ်။

အဲဒီ နောက်ဆုံးအဆင့် ဆေးစစ်ချက်ကို မအောင်ရင် နောက်ထပ် သီတင်းပတ်အတန်ကြာ ဆေးရုံမှာ ဆက်လက်နေထိုင်ရမှာ ဖြစ်ပါတယ်။
အခုလို နှစ်ကြိမ် negative ဖြစ်ဖို့ လိုအပ်ရတာက ဆေးစစ်တဲ့နည်းလမ်းမှာ တွေ့ရှိရတဲ့ ဗိုင်းရပ်စ် အစအနတွေဟာ အသက်ရှိသေးလား၊ သေပြီးသားလားဆိုတာ သေသေချာချာ မသိနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ သေချာအောင် နှစ်ကြိမ် စစ်ဆေးရတာ ဖြစ်ပါတယ်။

Harvard Medical School မှ ပါမောက္ခ Shiv Pillai က "ဒီလိုလုပ်မှ စိတ်ချရတယ်။ နဂ္ဂတစ် တစ်ကြိမ် ဖြစ်တယ် ဆိုပေမဲ့ အမှား နဂ္ဂတစ် false negative ဖြစ်နေနိုင်တယ်။ နှစ်ကြိမ် စစ်ပေးလိုက်တော့ အဲဒီ ဖြစ်နိုင်ခြေ လျော့ကျသွားတယ်" လို့ မှတ်ချက်ပြုပါတယ်။

အမေရိကန်နိုင်ငံတွင် ဆေးရုံမှာ နေရာမလောက်သဖြင့် အခြေအနေ မဆိုးဝါးသော ကိုဗစ်လူနာတို့ကို အိမ်မှာပင် နေခိုင်းသည်။ ဆေးရုံတက်ခွင့် မပေးချေ။
"အမေရိကန်ပြည်ထောင်စုမှာ တစ်ယောက်ယောက် စစ်လိုက်တာ positive ဖြစ်နေတယ်။ ဒါပေမဲ့ ဆေးရုံမတင်ဘူးဆိုရင် သူတို့ အိမ်မှာ တသီးတခြား နှစ်ပတ် နေရတယ်။ ပြီးရင် ဆေးစစ်တယ်။ နဂ္ဂတစါ နှစ်ကြိမ်ဆက်တိုက် ရပြီးမှ လူတွေ ကြားထဲ သွားလာဖို့ ခွင့်ပြဒပါတယ်"
ဟု သူက ရှင်းပြသည်။

straitstimes.com

Read times
Rate this item
(0 votes)