What's New




Monday, 18 May 2020 08:28

(၁၈-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၃၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၁၇-၅-၂၀၂၀) ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)
မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၉၀) ခုအား (၁၇-၅-၂၀၂၀) ရက်နေ့ ညပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃) ဦးတွေ့ရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ (၁၈-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၇) ဦးရှိပြီဖြစ်ပါသည်။
၃။ (၁၈-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၉၇) ဦးရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၁၇-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၃၇၆) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၀၀) ခုတို့အား စစ်ဆေးခဲ့ပါသည်။
 
Read times
Rate this item
(0 votes)