What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 September 2021 17:38

လက်တင်အမေရိကန်တွင် COVID-19 မျိုးရိုးဗီဇကွဲဗိုင်းရပ်စ် “Mu”ကို စောင့်ကြပ်ကြည့်ရှုနေ

ပန်အမေရိကန်ကျန်းမာရေးအဖွဲ့ (PAHO) သည် ကိုလံဘီယာနိုင်ငံတွင် တွေ့ရှိခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဩဂုတ် ၃၀ ရက်တွင် “အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ” အဖြစ် သတ်မှတ်ခဲ့သော

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇကွဲ Mu ၏ လက်တင်အမေရိက၌ ဆင့်ကဲပြောင်းလဲမှုကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
“ကိုလံဘီယာ အမျိုးသား ကျန်းမာရေးအင်စတီကျု့က လုပ်ဆောင်နေတဲ့ မဟာဗျူဟာမြောက် စောင့်ကြပ်ကြည့်ရှုခြင်းအရ ကိုလံဘီယာနဲ့ အခြားနိုင်ငံတွေမှာလည်း ပျံ့နှံ့နေတဲ့ ဒီမျိုးရိုးဗီဇကွဲဗိုင်းရပ်စ်ကို B.1.621 လို့ခေါ်ဆိုပြီး ဇန်နဝါရီလက တွေ့ရှိခဲ့တာဖြစ်ပါတယ်” ဟု PAHO ၏ ပေါ်ထွက်လာသော ဗိုင်းရပ်စ်ရောဂါများဆိုင်ရာ အကြံပေး Jairo Mendez Rico က စက်တင်ဘာ ၁ ရက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
Mu မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်ဖြစ်ပွားမှုအား ကော်စတာရီကာနိုင်ငံနှင့် အီကွေဒေါနိုင်ငံများတွင် တွေ့ရှိခဲ့ကြောင်း၊ သို့ရာတွင် ရောဂါပြင်းထန်မှု၊ လူသေဆုံးမှု သို့မဟုတ် ရောဂါကူးစက်မှု သတ်မှတ်ချက်အရ သက်ရောက်မှု ကြီးကြီးမားမားမရှိကြောင်း Mendez က ပြောခဲ့သည်။
WHO က Mu မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်အား နိုင်ငံ ၃၉ နိုင်ငံတွင် တွေ့ရှိထားသော်လည်း ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွားမှု ၀.၁ ရာခိုင်နှုန်းအောက်ရှိကာ ရောဂါကူးစက်မှုကျဆင်းလျက် ရှိကြောင်း အပတ်စဉ်သတင်းလွှာတွင် ပြောကြားထားသည်။
သို့ရာတွင် အဆိုပါ မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်ဖြစ်ပွားမှုသည် ကိုလံဘီယာနိုင်ငံတွင် ၃၉ ရာခိုင်နှုန်းတွေ့ရှိခဲ့ပြီး အီကွေဒေါနိုင်ငံတွင် ၁၃ ရာခိုင်နှုန်း တွေ့ရှိခဲ့ကြောင်း၊ ရောဂါကူးစက်မှုမှာ တည်ငြိမ်နေသည်ကို ပြသနေကြောင်း Mendez က မှတ်ချက်ပြုခဲ့သည်။
“အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ” ဟု သတ်မှတ်ရခြင်းမှာ အဆိုပါ ဗိုင်းရပ်စ်အား “အလွန်နီးကပ်စွာ၊ ထပ်တိုးသက်သေများ စောင့်ကြည့်ခြင်းနှင့် လက်တွေ့စမ်းသပ်မှု သို့မဟုတ် ကူးစက်ရောဂါဆိုင်ရာအမူအကျင့်တွင် ပြောင်းလဲမှုတစ်စုံတစ်ရာကို အာရုံစိုက်ခြင်း” အတွက် စောင့်ကြပ် ကြည့်ရှုရန် တိုက်တွန်းထားကြောင်း Mendez က ရှင်းပြထားသည်။

 

(Xinhua)

Read times
Rate this item
(0 votes)