What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 April 2020 13:56

COVID-19 အတည်ပြုလူနာ C4 တတိယအကြိမ် စစ်ဆေးမှု Negative ပြ

90251442_832926683874316_4730726126572273664_n.png

 

မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း အတည်ပြုထုတ်ပြန်ထားသည့် လူနာ နံပတ် ၄ အမျိုးသားအား တတိယအကြိမ်မြောက် ဆေးပြန်စစ်ရာတွင် Negative ဖြစ်နေပြီး လူနာ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က ဧပြီ ၃ ရက်တွင် ပြောသည်။

 

ယင်းလူနာအား ၅ ရက်တစ်ကြိမ်နှုန်းဖြင့် ပြန်လည်ဆေးစစ်ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကာ ပထမနှင့် ဒုတိယအကြိမ်များတွင် positive (ရောဂါပိုးတွေ့) ဖြစ်နေခြင်းဖြစ်ကာ ဧပြီ ၂ ရက်က တတိယအကြိမ် စစ်ဆေးရာတွင် Negative (ရောဂါမတွေ့) ဖြစ်နေကြောင်း ၎င်းကပြောသည်။

 

“ လူနာက အခြေအနေကောင်းတယ်။ အခုဆိုရင် အောက်ဆီဂျင် မပေးရတော့ဘူးပေါ့၊ အောက်ဆီဂျင်လွှတ်တယ် ဆိုကတည်းက သူက လန်းလန်းဆန်းဆန်းနဲ့ အခြေအနေကောင်းလာတာပေါ့။ သူရဲ့ အဆုတ်ကို ဓာတ်မှန်ရိုက်ကြည့်တော့လည်း အခြေအနေ ပြန်ကောင်းလာတယ်။ သူ့အမျိုးသမီးကို စစ်ဆေးကြည့်တဲ့အချိန်တုန်းကလည်း ရောဂါပိုးမတွေ့ရဘူးပေါ့ ” ဟု ဒေါက်တာ ခင်ကျော်က ပြောသည်။

 

၎င်းသည် အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ မတ် ၁၉ ရက်က ပြန်လည် ရောက်ရှိလာကြောင်း၊ မတ် ၂၂ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်းလက္ခဏာများ ခံစားရသဖြင့် မန္တလေးဆေးရုံကြီးသို့ ပြသရာ ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ် ကုသပေးနေရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

လူနာသည့် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် တစ်ညအိပ်နေထိုင်ခဲ့ပြီး မန္တလေးမြို့သို့ မတ်၂၀ ရက်က ညကားဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

ယင်းနောက် ၎င်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 positive လူနာနံပတ် ၄ အဖြစ် မတ် ၂၇ ရက်က အတည်ပြုကြေညာခဲ့ပြီးနောက် ၎င်းနေထိုင်ရာ ချမ်းမြသာစည်မြို့နယ်အတွင်း အစိုးရဖော်ဆောင်ထားသည့် မြရည်နန္ဒာတန်းဖိုးမျှတ အိမ်ရာ မမ ၂၆ တိုက်အမှတ် ၆ အား အဝင်အထွက် ကန့်သတ်ပြီး ၁၄ ရက် စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ ဧပြီ ၂ ရက်ညပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာ စုစုပေါင်း ၂၀ ဦးရှိပြီးကာ တစ်ဦး သေဆုံးသွားပြီး ဖြစ်သည်။

90165828_212716063139335_1462378197545910272_n.png

MyanmarTimes

Read times
Rate this item
(2 votes)