What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 May 2020 14:50

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄ မြို့နယ် Stay at Homeအစီအစဉ်တွင် အကျုံးဝင်ခြင်းမှပယ်ဖျက်

ရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ်၄မြို့နယ်တွင်နေထိုင်သည့်ပြည်သူများအနေဖြင့်Stay at Homeအစီအစဉ်တွင်အကျုံးဝင်ခြင်းမှပယ်ဖျက်လိုက်သည်ဟုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌါနမှမေလ၂၈ရက်နေ့တွင်ထုတ်ပြန်ထားချက်အရသိရသည်။ 

 

COVID_19ရောဂါကူးစက်ပြန့်ပွားမှု့နှင့်ပတ်သတ်၍ကပ်ရောဂါဗေဒဆိုင်ရာအချက်အလက်များအရရောဂါထိန်းချုပ်မှု့နှင့်စပ်လျဉ်း၍တိုးတက်မှု့ရှိသည်ကိုတွေ့ရသည့်အတွက်မေလ၂၉ရက်နေ့မှစတင်၍ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်၊တောင်ဉက္ကလာပမြို့နယ်၊ပန်းဘဲတန်းမြို့နယ်၊နှင့်တာမွေမြို့နယ်တို့တွင်နေထိုင်သည့်ပြည်သူများအနေဖြင့်Stay at Homeအစီအစဉ်တွင်အကျုံးဝင်ခြင်းမှပယ်ဖျက်လိုက်သည်ဟပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကဖော်ပြထားသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌါနသည်COVID-19ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တပြေးညီဆောင်ရွက်လျှက်ရှိရာရောဂါကူးစက်ပျံ့နှံ့မှု့ကိုပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှမြို့နယ်၁၀မြို့နယ်ဖြစ်သည့်အင်းစိန်၊ရွှေပြည်သာ၊လှိုင်သာယာ၊မရန်းကုန်း၊ဗဟန်း၊ပန်းဘဲတန်း၊တောင်ဉက္ကလာပ၊တာမွေ၊ဗိုလ်တထောင်၊မဂ်လာဒုံနှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှကလေးမြို့နယ်စုစုပေါင်း၁၁မြို့နယ်တွင်နေထိုင်သည့်ပြည်သူများအနေဖြင့်မိမိနေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင်ပါဝင်ကြောင်းကြေငြာခဲ့သည်။

 

ထိုသို့STAY AT HOMEအစီအစဉ်တွင်အကျုံးဝင်ကြောင်းကြေငြာခဲ့သည့်မြို့နယ်များမှရန်ကုန်တိုင်းမှရွှေပြည်သာ၊လှိုင်သာယာ၊မဂ်လာဒုံ၊ဗိုလ်တစ်ထောင်နှင့်စစ်ကိုင်းတိုင်းမှကလေးမြို့နယ်စသည့်(၅)မြို့နယ်တွင်COVID-19ရောဂါထိန်းချုပ်မှု့အခြေအနေတိုးတက်လာသည်ကိုတွေ့ရှိရသဖြင့်မေလ၁၄ရက်နေ့တွင်ကျန်းမာရေး၏နှင့်အားကစားဝန်ကြီးဌါနမှယင်းမြို့နယ်များအားStay at Homeအစီအစဉ်မှပယ်ဖျက်ခဲ့ပြီးဖြစ်သည်ဟုသိရသည်။

 

STAY AT HOMEနေထိုင်ရမည့်မြို့နယ်ပယ်ဖျက်ရာမှာ၉မြို့နယ်ရှိပြီးStay at Homeဆက်လက်နေထိုင်ရမည့်စာရင်းမှာအင်းစိန်မြို့နယ်နှင့်မရန်းကုန်းမြို့နယ်တို့ကျန်သေးသည်ဟုသိရသည်။

ယွန်းယွန်း

 

Image may contain: text

Read times Last modified on Friday, 29 May 2020 16:23
Rate this item
(0 votes)